Ezra 3:12 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ဗိမာန်တော်ဟောင်းကိုမြင်ဖူးသောအသက်ကြီး သူယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များ နှင့်သားချင်းစုဦးစီးအမြောက်အမြားတို့သည် ဤဗိမာန်တော်အုတ်မြစ်ချသည်ကိုမြင်သော် အော် ဟစ်ငိုကြွေးကြကုန်၏။ သို့ရာတွင်အခြားသူတို့ ကမူဝမ်းမြောက်စွာကြွေးကြော်ကြလေသည်။-
Burmese 1835 Version Judson
သို့ရာတွင်အသက်ကြီး၍ အရင်ဗိမာန်တော်ကို မြင်ဘူးသော ယဇ်ပုရောဟိတ်၊ လေဝိသား၊ အဆွေအမျိုး သူကြီးအများတို့သည်၊ နောက်ဗိမာန်တော်တိုက်မြစ်ကျ လျက်ရှိသည်ကို မြင်သောအခါ၊ ကြီးစွာသော အသံနှင့် ငိုကြွေးကြ၏။ လူအများတို့သည်လည်း ဝမ်းမြောက်သော စိတ်နှင့် ကြွေးကြော်ကြ၏။
Burmese 1928
ဗိ မာန် တော် သစ် တိုက် မြစ် ချ သည် ကို မြင် သော်၊ ဗိ မာန် တော် ဟောင်း ကို မြင် ဖူး သော အို မင်း သူ ပ ရော ဟိတ်၊ လေ ဝိ ဂိုဏ်း သား၊ အိမ် ထောင် အ အုပ် အ ချုပ် အ များ တို့ သည်၊ အော် ဟစ် ငို ကြွေး ခြင်း၊ အ များ တို့ လည်း၊ ဟစ် အော် ရွှင် လန်း ခြင်း ပြု ကြ သ ဖြင့်၊
Burmese 2021
သို့ရာတွင် အသက်ကြီး၍ အရင်ဗိမာန်တော်ကို မြင်ဖူးသော ယဇ်ပုရောဟိတ်၊ လေဝိသား၊ အဆွေအမျိုး သူကြီးအများတို့သည်၊ နောက်ဗိမာန်တော် တိုက်မြစ်ကျလျက်ရှိသည်ကို မြင်သောအခါ၊ ကြီးစွာသောအသံနှင့် ငိုကြွေးကြ၏။ လူအများတို့သည်လည်း ဝမ်းမြောက်သောစိတ်နှင့် ကြွေးကြော်ကြ၏။
Burmese JBZV
သို႔ရာတြင္ အသက္ႀကီး၍ အရင္ဗိမာန္ေတာ္ကို ျမင္ဖူးေသာ ယဇ္ပုေရာဟိတ္၊ ေလဝိသား၊ အေဆြအမ်ိဳး သူႀကီးအမ်ားတို႔သည္၊ ေနာက္ဗိမာန္ေတာ္ တိုက္ျမစ္က်လ်က္ရွိသည္ကို ျမင္ေသာအခါ၊ ႀကီးစြာေသာအသံႏွင့္ ငိုေႂကြးၾက၏။ လူအမ်ားတို႔သည္လည္း ဝမ္းေျမာက္ေသာစိတ္ႏွင့္ ေႂကြးေၾကာ္ၾက၏။
Burmese MCLZV
ဗိမာန္ေတာ္ေဟာင္းကိုျမင္ဖူးေသာအသက္ႀကီး သူယဇ္ပုေရာဟိတ္မ်ား၊ ေလဝိအႏြယ္ဝင္မ်ား ႏွင့္သားခ်င္းစုဦးစီးအေျမာက္အျမားတို႔သည္ ဤဗိမာန္ေတာ္အုတ္ျမစ္ခ်သည္ကိုျမင္ေသာ္ ေအာ္ ဟစ္ငိုေႂကြးၾကကုန္၏။ သို႔ရာတြင္အျခားသူတို႔ ကမူဝမ္းေျမာက္စြာေႂကြးေၾကာ္ၾကေလသည္။-
Burmese MSBU
ယခင်အိမ်တော်ကို မြင်ဖူးခဲ့သောသက်ကြီးပိုင်း ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးများနှင့် အိမ်ထောင်စုအကြီးအမှူးများစွာတို့သည် ယခုအိမ်တော်အုတ်မြစ်ချသည်ကို မြင်ရသောအခါ အော်ဟစ်ငိုကြွေးကြလေ၏။ လူအများစုမှာမူ ဝမ်းမြောက်ဝမ်းသာစိတ်ဖြင့် ကြွေးကြော်ကြလေ၏။
Burmese MSBZ
ယခင္အိမ္ေတာ္ကို ျမင္ဖူးခဲ့ေသာသက္ႀကီးပိုင္း ယဇ္ပုေရာဟိတ္မ်ား၊ ေလဝိအမ်ိဳးမ်ားႏွင့္ အိမ္ေထာင္စုအႀကီးအမႉးမ်ားစြာတို႔သည္ ယခုအိမ္ေတာ္အုတ္ျမစ္ခ်သည္ကို ျမင္ရေသာအခါ ေအာ္ဟစ္ငိုေႂကြးၾကေလ၏။ လူအမ်ားစုမွာမူ ဝမ္းေျမာက္ဝမ္းသာစိတ္ျဖင့္ ေႂကြးေၾကာ္ၾကေလ၏။