Ezra 4:13 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
အ​ရှင်​မင်း​ကြီး၊ ဤ​မြို့​ကို​ပြန်​လည်​တည်​ထောင်​ကာ​မြို့​ရိုး​များ​ကို​လည်း​ဆောက်​လုပ်​ပြီး​စီး​သွား​ပါ​က မြို့​သူ​မြို့​သား​တို့​သည်​အ​ကောက်​အ​ခွန်​များ​ကို​ပေး​ဆောင်​ကြ​တော့​မည်​မ​ဟုတ်​ပါ။ သို့​ဖြစ်​၍​အ​ရှင်​၏​အ​ခွန်​တော်​လျော့​နည်း​သွား​ပါ​လိမ့်​မည်။''
Burmese 1835 Version Judson
ထိုမြို့ကိုတည်ပြန်၍ မြို့ရိုးကိုလက်စသတ်လျှင်၊ ငွေတော်ခွဲခြင်းကိုမခံ၊ အခွန်တော်အကောက်တော်ကို မပေးဘဲနေ၍၊ နိုင်ငံတော်အကျိုးနည်းပါလိမ့်မည်ကို သိမှတ်တော်မူပါ။
Burmese 1928
ထို မြို့ ကို ပြု ပြင် လျက် မြို့ ရိုး ပြီး စီး လျှင်၊ ငွေ တော်၊ အ ကောက် တော်၊ အ ခွန် တော် များ မ ပေး မ ဆောင် သည့် အ တွက်၊ အ ကျိုး တော် ယုတ် မည် တစ် ကြောင်း များ ကို သိ မှတ် တော် မူ ပါ။
Burmese 2021
ထို​မြို့​ကို တည်​ပြန်၍ မြို့​ရိုး​ကို​လက်​စ​သတ်​လျှင်၊ ငွေ​တော်​ခွဲ​ခြင်း​ကို မ​ခံ၊ အ​ခွန်​တော်​အ​ကောက်​တော်​ကို မ​ပေး​ဘဲ​နေ၍၊ နိုင်​ငံ​တော်​အ​ကျိုး​နည်း​ပါ​လိမ့်​မည်​ကို သိ​မှတ်​တော်​မူ​ပါ။
Burmese JBZV
ထို​ၿမိဳ႕​ကို တည္​ျပန္၍ ၿမိဳ႕​ရိုး​ကို​လက္​စ​သတ္​လၽွင္၊ ေငြ​ေတာ္​ခြဲ​ျခင္း​ကို မ​ခံ၊ အ​ခြန္​ေတာ္​အ​ေကာက္​ေတာ္​ကို မ​ေပး​ဘဲ​ေန၍၊ နိုင္​ငံ​ေတာ္​အ​က်ိဳး​နည္း​ပါ​လိမ့္​မည္​ကို သိ​မွတ္​ေတာ္​မူ​ပါ။
Burmese MCLZV
အ​ရွင္​မင္း​ႀကီး၊ ဤ​ၿမိဳ႕​ကို​ျပန္​လည္​တည္ ေထာင္​ကာ​ၿမိဳ႕​ရိုး​မ်ား​ကို​လည္း​ေဆာက္​လုပ္ ၿပီး​စီး​သြား​ပါ​က ၿမိဳ႕​သူ​ၿမိဳ႕​သား​တို႔​သည္ အ​ေကာက္​အ​ခြန္​မ်ား​ကို​ေပး​ေဆာင္​ၾက ေတာ့​မည္​မ​ဟုတ္​ပါ။ သို႔​ျဖစ္​၍​အ​ရွင္​၏ အ​ခြန္​ေတာ္​ေလ်ာ့​နည္း​သြား​ပါ​လိမ့္​မည္။''
Burmese MSBU
ထို​မြို့​ကို​ပြန်လည်​တည်ဆောက်​၍ မြို့ရိုး​များ​ကို​လက်စသတ်​လျှင် သူ​တို့​သည် အခွန်​အကောက်​၊ ဆက်ကြေး​တို့​ကို​ပေးဆောင်​တော့​မည်​မ​ဟုတ်​ဘဲ ဘုရင့်​ဘဏ္ဍာ​တော်​ထိခိုက်​မည်​ကို အရှင်မင်းကြီး​သိမှတ်​တော်မူ​ပါ​။
Burmese MSBZ
ထို​ၿမိဳ႕​ကို​ျပန္လည္​တည္ေဆာက္​၍ ၿမိဳ႕႐ိုး​မ်ား​ကို​လက္စသတ္​လွ်င္ သူ​တို႔​သည္ အခြန္​အေကာက္​၊ ဆက္ေၾကး​တို႔​ကို​ေပးေဆာင္​ေတာ့​မည္​မ​ဟုတ္​ဘဲ ဘုရင့္​ဘ႑ာ​ေတာ္​ထိခိုက္​မည္​ကို အရွင္မင္းႀကီး​သိမွတ္​ေတာ္မူ​ပါ​။