Ezra 4:15 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ထို့​ကြောင့်​အ​ရှင်​၏​ဘိုး​တော်​ဘေး​တော်​များ​ထား​ရှိ​ခဲ့​သည့် မှတ်​တမ်း​များ​ကို​အ​မိန့်​ထုတ်​ဆင့်​၍​ရှာ​ဖွေ​ကြည့်​ရှု​စေ​တော်​မူ​ပါ​က ဤ​မြို့​သည်​ပုန်​ကန်​လေ့​ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ ရှေး​ကာ​လ​မှ​အ​စ​ပြု​၍​ပြည်​နယ်​များ​ကို​အုပ်​စိုး​သော​ဘု​ရင်​များ၊ ဘု​ရင်​ခံ​များ​အား​ဒုက္ခ​ပေး​ခဲ့​ဖူး​ကြောင်း​ကို​လည်း​ကောင်း​တွေ့​ရှိ​ရ​ပါ​လိမ့်​မည်။ ဤ​မြို့​သား​တို့​သည်​အ​စဉ်​ပင်​အုပ်​ချုပ်​ရ​ခက်​သူ​များ​ဖြစ်​ကြ​ပါ​၏။ ဤ​အ​ကြောင်း​ကြောင့်​ဤ​မြို့​သည်​ဖျက်​ဆီး​ခြင်း​ခံ​ခဲ့​ရ​ပါ​သည်။-
Burmese 1835 Version Judson
ယေရုရှလင်မြို့သည် ပုန်ကန်တတ်သောမြို့၊ ရှင်ဘုရင်အကျိုးနှင့် နိုင်ငံတော်အကျိုးစီးပွားကို ဖျက်ဆီး တတ်သောမြို့ဖြစ်ဘူး၍၊ ရှေးကာလ၌ မြို့ထဲမှာ ပုန်ကန် သောအကြံကို အစဉ်ပြုစုသောကြောင့်၊ အတိုက်အဖျက်ခံ ရပါသည် အကြောင်းအရာများကို ထိုမှတ်စာ၌ တွေ့၍ သိတော်မူပါလိမ့်မည်။
Burmese 1928
ဘေး တော် ဘိုး တော် တို့ နေ့ စဉ် မှတ် နန်း စဉ် စာ ရင်း ကို ကြည့် ရှု တော် မူ ပါ က၊ ထို မြို့ သည် ရှေး ကာ လ မှ စ၍၊ သောင်း ကျန်း တော် လှန် လျက်၊ တိုင်း ကျိုး၊ ပြည် ကျိုး၊ မင်း ဧ က ရာဇ် အ ကျိုး များ ကို ဆုတ် ယုတ် စေ သ ဖြင့်၊ အ ဖျက် အ ဆီး ခံ ရ သော မြို့ ဖြစ် သည် ဟု သိ မှတ် တော် မူ စေ ရန်၊ ထောက် ခံ ဆက် သွင်း ပါ သည်။
Burmese 2021
ယေ​ရု​ရှ​လင်​မြို့​သည် ပုန်​ကန်​တတ်​သော​မြို့၊ ရှင်​ဘု​ရင်​အ​ကျိုး​နှင့် နိုင်​ငံ​တော်​အ​ကျိုး​စီး​ပွား​ကို ဖျက်​ဆီး​တတ်​သော​မြို့ ဖြစ်​ဖူး၍၊ ရှေး​ကာ​လ၌ မြို့​ထဲ​မှာ ပုန်​ကန်​သော​အ​ကြံ​ကို အ​စဉ်​ပြု​စု​သော​ကြောင့်၊ အ​တိုက်​အ​ဖျက် ခံ​ရ​ပါ​သည် အ​ကြောင်း​အ​ရာ​များ​ကို ထို​မှတ်​စာ၌​တွေ့၍ သိ​တော်​မူ​ပါ​လိမ့်​မည်။
Burmese JBZV
ေယ​႐ု​ရွ​လင္​ၿမိဳ႕​သည္ ပုန္​ကန္​တတ္​ေသာ​ၿမိဳ႕၊ ရွင္​ဘု​ရင္​အ​က်ိဳး​ႏွင့္ နိုင္​ငံ​ေတာ္​အ​က်ိဳး​စီး​ပြား​ကို ဖ်က္​ဆီး​တတ္​ေသာ​ၿမိဳ႕ ျဖစ္​ဖူး၍၊ ေရွး​ကာ​လ၌ ၿမိဳ႕​ထဲ​မွာ ပုန္​ကန္​ေသာ​အ​ႀကံ​ကို အ​စဥ္​ျပဳ​စု​ေသာ​ေၾကာင့္၊ အ​တိုက္​အ​ဖ်က္ ခံ​ရ​ပါ​သည္ အ​ေၾကာင္း​အ​ရာ​မ်ား​ကို ထို​မွတ္​စာ၌​ေတြ႕၍ သိ​ေတာ္​မူ​ပါ​လိမ့္​မည္။
Burmese MCLZV
ထို႔​ေၾကာင့္​အ​ရွင္​၏​ဘိုး​ေတာ္​ေဘး​ေတာ္​မ်ား ထား​ရွိ​ခဲ့​သည့္ မွတ္​တမ္း​မ်ား​ကို​အ​မိန႔္​ထုတ္ ဆင့္​၍​ရွာ​ေဖြ​ၾကည့္​ရွု​ေစ​ေတာ္​မူ​ပါ​က ဤ ၿမိဳ႕​သည္​ပုန္​ကန္​ေလ့​ရွိ​ေၾကာင္း​ကို​လည္း ေကာင္း၊ ေရွး​ကာ​လ​မွ​အ​စ​ျပဳ​၍​ျပည္​နယ္ မ်ား​ကို​အုပ္​စိုး​ေသာ​ဘု​ရင္​မ်ား၊ ဘု​ရင္ ခံ​မ်ား​အား​ဒုကၡ​ေပး​ခဲ့​ဖူး​ေၾကာင္း​ကို လည္း​ေကာင္း​ေတြ႕​ရွိ​ရ​ပါ​လိမ့္​မည္။ ဤ ၿမိဳ႕​သား​တို႔​သည္​အ​စဥ္​ပင္​အုပ္​ခ်ဳပ္ ရ​ခက္​သူ​မ်ား​ျဖစ္​ၾက​ပါ​၏။ ဤ အ​ေၾကာင္း​ေၾကာင့္​ဤ​ၿမိဳ႕​သည္​ဖ်က္​ဆီး ျခင္း​ခံ​ခဲ့​ရ​ပါ​သည္။-
Burmese MSBU
အရှင်မင်းကြီး​၊ ဘိုးဘေး​တော်​တို့​ထားခဲ့​သော​မှတ်တမ်းလွှာ​များ​ကို ရှာဖွေစိစစ်​ကြည့်​ပါ​။ ဤ​မြို့​သည် ပုန်ကန်​တတ်​သော​မြို့​၊ ဘုရင်​များ​နှင့် တိုင်းပြည်​၏​အကျိုး​ကို ဆုတ်ယုတ်​စေ​သော​မြို့​၊ ရှေးယခင်​ကပင် ဆူပူအုံကြွမှု​ဖြစ်စေ​တတ်​သော​မြို့​ဖြစ်​သောကြောင့် ဖျက်ဆီး​ခံ​ခဲ့​ရ​ကြောင်း​ကို မှတ်တမ်းလွှာ​များ​တွင် တွေ့ရှိ​ရ​ပါ​လိမ့်မည်​။
Burmese MSBZ
အရွင္မင္းႀကီး​၊ ဘိုးေဘး​ေတာ္​တို႔​ထားခဲ့​ေသာ​မွတ္တမ္းလႊာ​မ်ား​ကို ရွာေဖြစိစစ္​ၾကည့္​ပါ​။ ဤ​ၿမိဳ႕​သည္ ပုန္ကန္​တတ္​ေသာ​ၿမိဳ႕​၊ ဘုရင္​မ်ား​ႏွင့္ တိုင္းျပည္​၏​အက်ိဳး​ကို ဆုတ္ယုတ္​ေစ​ေသာ​ၿမိဳ႕​၊ ေရွးယခင္​ကပင္ ဆူပူအုံႂကြမႈ​ျဖစ္ေစ​တတ္​ေသာ​ၿမိဳ႕​ျဖစ္​ေသာေၾကာင့္ ဖ်က္ဆီး​ခံ​ခဲ့​ရ​ေၾကာင္း​ကို မွတ္တမ္းလႊာ​မ်ား​တြင္ ေတြ႕ရွိ​ရ​ပါ​လိမ့္မည္​။