Ezra 4:20 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
တန်ခိုးကြီးသောဘုရင်များသည်ထိုမြို့တွင်စိုးစံကာ ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်တစ်ခုလုံးမှအခွန်ဘဏ္ဍာတော်များကိုကောက်ခံခဲ့ကြ၏။-
Burmese 1835 Version Judson
ငွေတော်ကိုခွဲလျက်၊ အခွန်တော်အကောက် တော်ကိုခံလျက်၊ မြစ်အနောက်ဘက် တရှောက်လုံးကို အစိုးရ၍ တန်ခိုးကြီးသော ရှင်ဘုရင်တို့သည် ယေရုရှလင် မြို့၌နေဘူးကြောင်းများကို သိရ၏။
Burmese 1928
ဘုန်း ကြီး သော ဘု ရင် မင်း တို့ သည် ယေ ရု ရှ လင် မြို့၌ နန်း စံ လျက်၊ မြစ် ကြီး အ နောက် ဘက် တစ် ပြည် လုံး ကို အုပ် စိုး၍၊ ငွေ တော်၊ အ ကောက် တော်၊ အ ခွန် တော် ကောက် ခံ ဖူး သည် တစ် ကြောင်း များ ကို တွေ့ ရ၏။
Burmese 2021
ငွေတော်ကိုခွဲလျက်၊ အခွန်တော်အကောက်တော်ကို ခံလျက်၊ မြစ်အနောက်ဘက် တစ်လျှောက်လုံးကိုအစိုးရ၍ တန်ခိုးကြီးသော ရှင်ဘုရင်တို့သည် ယေရုရှလင်မြို့၌ နေဖူးကြောင်းများကို သိရ၏။
Burmese JBZV
ေငြေတာ္ကိုခြဲလ်က္၊ အခြန္ေတာ္အေကာက္ေတာ္ကို ခံလ်က္၊ ျမစ္အေနာက္ဘက္ တစ္ေလၽွာက္လုံးကိုအစိုးရ၍ တန္ခိုးႀကီးေသာ ရွင္ဘုရင္တို႔သည္ ေယ႐ုရွလင္ၿမိဳ႕၌ ေနဖူးေၾကာင္းမ်ားကို သိရ၏။
Burmese MCLZV
တန္ခိုးႀကီးေသာဘုရင္မ်ားသည္ထိုၿမိဳ႕တြင္ စိုးစံကာ ဥဖရတ္ျမစ္ႀကီးအေနာက္ဘက္ ျပည္နယ္တစ္ခုလုံးမွအခြန္ဘ႑ာေတာ္ မ်ားကိုေကာက္ခံခဲ့ၾက၏။-
Burmese MSBU
ဂျေရုဆလင်မြို့ကိုအစိုးရသော တန်ခိုးကြီးဘုရင်တို့သည် ယူဖရေးတီးမြစ်အနောက်ဘက်ကမ်း တစ်လျှောက်လုံးကိုပါ အုပ်ချုပ်ရပြီး သူတို့အား အခွန်အကောက်၊ ဆက်ကြေးတို့ကို ဆက်သရသည်ကိုလည်း သိရ၏။
Burmese MSBZ
ေဂ်႐ုဆလင္ၿမိဳ႕ကိုအစိုးရေသာ တန္ခိုးႀကီးဘုရင္တို႔သည္ ယူဖေရးတီးျမစ္အေနာက္ဘက္ကမ္း တစ္ေလွ်ာက္လုံးကိုပါ အုပ္ခ်ဳပ္ရၿပီး သူတို႔အား အခြန္အေကာက္၊ ဆက္ေၾကးတို႔ကို ဆက္သရသည္ကိုလည္း သိရ၏။