Ezra 4:23 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ဧကရဇ်ဘုရင်အာတဇေရဇ်ထံမှဤစာကို ရေဟုံ၊ ရှိမရှဲနှင့်သူတို့၏အပေါင်းအဖော်တို့အားဖတ်ပြသောအခါ သူတို့သည်ချက်ချင်းပင်ယေရုရှလင်မြို့သို့အလျင်အမြန်သွား၍ ယုဒအမျိုးသားတို့အားဗိမာန်တော်တည်ဆောက်မှုကိုအနိုင်အထက်ရပ်ဆိုင်းစေကြ၏။
Burmese 1835 Version Judson
အာတဇေရဇ်မင်းကြီးစာကို ရေဟုံနှင့်မြို့စာရေး ရှိမရှဲ အစရှိသော သူတို့အပေါင်းအဘော်ရှေ့မှာ ဘတ်ပြီး လျှင်၊ သူတို့သည် ယေရုရှလင်မြို့၊ ယုဒလူတို့ရှိရာသို့ အလျင်အမြန်သွား၍ ယုဒလူတို့၏ အလုပ်အကိုင်ကို အနိုင်အထက်ဆီးတားကြ၏။
Burmese 1928
အာ တ ဇေ ရဇ် မင်း အ မိန့် တော် ကို၊ ရေ ဟုံ၊ အ တွင်း ဝန် ရှိ မ ရှဲ တို့ နှင့် ဘက် ပါ သူ တို့ ရှေ့ ဖတ် ပြီး လျှင်၊ ၎င်း တို့ သည်၊ ယု ဒ လူ မျိုး တို့ နေ ရာ ယေ ရု ရှ လင် မြို့ သို့ အ ဆော တ လျင် သွား ၍၊ အ နိုင့် အ ထက် ကန့် ကွက် ကြ၏။
Burmese 2021
အာတဇေရဇ်မင်းကြီးစာကို ရေဟုံနှင့် မြို့စာရေးရှိမရှဲ အစရှိသော သူတို့အပေါင်းအဖော်ရှေ့မှာ ဖတ်ပြီးလျှင်၊ သူတို့သည် ယေရုရှလင်မြို့၊ ယုဒလူတို့ရှိရာသို့ အလျင်အမြန်သွား၍ ယုဒလူတို့၏ အလုပ်အကိုင်ကို အနိုင်အထက် ဆီးတားကြ၏။
Burmese JBZV
အာတေဇရဇ္မင္းႀကီးစာကို ေရဟုံႏွင့္ ၿမိဳ႕စာေရးရွိမရွဲ အစရွိေသာ သူတို႔အေပါင္းအေဖာ္ေရွ႕မွာ ဖတ္ၿပီးလၽွင္၊ သူတို႔သည္ ေယ႐ုရွလင္ၿမိဳ႕၊ ယုဒလူတို႔ရွိရာသို႔ အလ်င္အျမန္သြား၍ ယုဒလူတို႔၏ အလုပ္အကိုင္ကို အနိုင္အထက္ ဆီးတားၾက၏။
Burmese MCLZV
ဧကရဇ္ဘုရင္အာတေဇရဇ္ထံမွဤစာကို ေရဟုံ၊ ရွိမရွဲႏွင့္သူတို႔၏အေပါင္းအေဖာ္တို႔ အားဖတ္ျပေသာအခါ သူတို႔သည္ခ်က္ခ်င္း ပင္ေယ႐ုရွလင္ၿမိဳ႕သို႔အလ်င္အျမန္သြား၍ ယုဒအမ်ိဳးသားတို႔အားဗိမာန္ေတာ္တည္ ေဆာက္မွုကိုအနိုင္အထက္ရပ္ဆိုင္းေစ ၾက၏။
Burmese MSBU
အာတဇေရဇ်မင်းကြီးထံမှ ပြန်စာကို ရေဟုံ၊ စာရေးတော်ကြီးရှိမရှဲနှင့် သူတို့အပေါင်းပါရှေ့၌ ဖတ်ပြီးလျှင် ဂျူးလူမျိုးတို့ရှိရာဂျေရုဆလင်မြို့သို့ ချက်ချင်းသွား၍ အင်အားသုံးပြီး ဆောက်လုပ်ရေးအမှုကို အတင်းအကျပ်ရပ်ဆိုင်းစေ၏။
Burmese MSBZ
အာတေဇရဇ္မင္းႀကီးထံမွ ျပန္စာကို ေရဟုံ၊ စာေရးေတာ္ႀကီးရွိမရွဲႏွင့္ သူတို႔အေပါင္းပါေရွ႕၌ ဖတ္ၿပီးလွ်င္ ဂ်ဴးလူမ်ိဳးတို႔ရွိရာေဂ်႐ုဆလင္ၿမိဳ႕သို႔ ခ်က္ခ်င္းသြား၍ အင္အားသုံးၿပီး ေဆာက္လုပ္ေရးအမႈကို အတင္းအက်ပ္ရပ္ဆိုင္းေစ၏။