Ezra 5:17 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
``ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက်​စေ​ရန် ကု​ရု​မင်း​အ​မိန့်​တော်​ရှိ​မ​ရှိ​သိ​နိုင်​ရန် အ​ရှင်​မင်း​ကြီး​အ​လို​ရှိ​တော်​မူ​ပါ​လျှင် နန်း​တွင်း​မှတ်​တမ်း​များ​တွင်​ယ​ခု​ရှာ​ဖွေ​၍​ကြည့်​စေ​တော်​မူ​ပါ။ ထို​နောက်​ဤ​အ​မှု​ကို​အ​ရှင်​အ​ဘယ်​သို့​ပြု​စေ​တော်​မူ​လို​သည်​ကို အ​ကျွန်ုပ်​တို့​အား​အ​မိန့်​ရှိ​တော်​မူ​ပါ'' ဟု​ဖော်​ပြ​ပါ​ရှိ​လေ​သည်။
Burmese 1835 Version Judson
သို့ဖြစ်၍၊ ယေရုရှလင်မြို့၌ ဘုရား၏အိမ်တော် ကို တည်ရမည်အကြောင်း၊ ကုရုမင်းကြီးအမိန့်တော် ရှိသည် မရှိသည်ကိုသိလိုသဖြင့်၊ ဗာဗုလုန်မြို့ ဘဏ္ဍာ တော်တိုက်၌ ရှာဖွေစေခြင်းငှါ၊ အလိုတော်ရှိလျှင်၊ ရှာဖွေ စေတော်မူပါ။ နောက်တဖန် ဤအမှု၌ အလိုတော်ရှိသည် အတိုင်း ကျွန်တော်တို့ဆီသို့ အမိန့်တော်စာကို ပေးလိုက် တော်မူပါဟု လျှောက်စာ၌ ပါသတည်း။
Burmese 1928
သို့ ဖြစ်၍၊ အ လို တော် ရှိ ပါ က၊ ယေ ရု ရှ လင် မြို့ ဗိ မာန် တော် ကို တည် ဆောက် ရန်၊ ကု ရု မင်း အ မိန့် တော် ရှိ မ ရှိ၊ ဗာ ဗု လုန် မြို့ ဘဏ္ဍာ သို ထား ရာ တိုက် တွင် ရှာ ဖွေ ကြည့် ရှု တော် မူ ပြီး လျှင်၊ သ ဘော တော် မြတ် ရာ အ မိန့် ပေး တော် မူ ပါ ဟု တင် သွင်း ကြ ၏။
Burmese 2021
သို့​ဖြစ်၍၊ ယေ​ရု​ရှ​လင်​မြို့၌ ဘု​ရား၏​အိမ်​တော်​ကို တည်​ရ​မည်​အ​ကြောင်း၊ ကု​ရု​မင်း​ကြီး​အ​မိန့်​တော် ရှိ​သည် မ​ရှိ​သည်​ကို သိ​လို​သ​ဖြင့်၊ ဗာ​ဗု​လုန်​မြို့ ဘ​ဏ္ဍာ​တော်​တိုက်၌ ရှာ​ဖွေ​စေ​ခြင်း​ငှာ၊ အ​လို​တော်​ရှိ​လျှင် ရှာ​ဖွေ​စေ​တော်​မူ​ပါ။ နောက်​တစ်​ဖန် ဤ​အ​မှု၌ အ​လို​တော်​ရှိ​သည်​အ​တိုင်း ကျွန်​တော်​တို့​ဆီ​သို့ အ​မိန့်​တော်​စာ​ကို ပေး​လိုက်​တော်​မူ​ပါ​ဟု လျှောက်​စာ၌ ပါ​သ​တည်း။
Burmese JBZV
Burmese MCLZV
Burmese MSBU
သို့ဖြစ်၍ အရှင်မင်းကြီး​အလိုရှိ​လျှင် ဂျေရုဆလင်​မြို့​ရှိ ဘုရားသခင်​၏​အိမ်​တော်​ကို​ပြန်လည်​တည်ဆောက်​ရန် ကုရု​မင်းကြီး​အမိန့်​ထုတ်ပြန်​ခဲ့​ခြင်း​ရှိ​မ​ရှိ​ကို ဘေဘီလုံ​မြို့​ရှိ​ရှင်ဘုရင်​၏​ဘဏ္ဍာတိုက်​ထဲ၌ ရှာဖွေစစ်ဆေး​ပါ​။ ပြီးလျှင် ဤ​ကိစ္စ​နှင့်​ပတ်သက်၍ အရှင်မင်းကြီး​၏​သဘောထား​ကို​လည်း သိလို​သည်​ဖြစ်၍ အကျွန်ုပ်​တို့​အား အကြောင်းပြန်​ပေး​စေ​လို​ပါ​၏”​ဟု ပါရှိ​၏​။
Burmese MSBZ