Ezra 8:17 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ကသိဖိမြို့သူကြီးဣဒေါထံသို့စေလွှတ်၍ ဣဒေါနှင့်သူ၏အပေါင်းအဖော်ဗိမာန်တော် အလုပ်သမားများအား``ဘုရားသခင်၏ ဗိမာန်တော်တွင် အမှုတော်ဆောင်ရန်လူများ ကိုငါတို့ထံသို့စေလွှတ်ပေးပါ'' ဟုပြော ကြားစေ၏။-
Burmese 1835 Version Judson
ကသိဖိမြို့သူကြီး ဣဒေါထံသို့ မှာစာနှင့် စေ လွှတ်လျက်၊ ဣဒေါနှင့် ကသိဖိမြို့မှာ နေသောသူ၏ ညီအစ်ကိုဘုရားကျွန်တို့သည်၊ ငါတို့ဘုရား သခင့် အိမ်တော်အမှုစောင့်များကို ပေးစေခြင်းငှါ၊ သူတို့အား အဘယ်သို့ ပြောဆိုရမည်ကို ငါမှာလိုက်၏။
Burmese 1928
က သိ ဖိ မြို့၌ နေ ရစ် သော အ အုပ် အ ချုပ် ဣ ဒ္ဒေါ့ ထံ စေ လွှတ် လျက်၊ ငါ တို့ ဘု ရား သ ခင် ဗိ မာန့် တော် အ မှု ဆောင် တို့ ကို ခေါ် စေ ရန်၊ ထို မြို့ ရှိ ဣ ဒ္ဒေါ မှ စ၍ ဆွေ မျိုး သား ချင်း တို့ နှင့်၊ ကျွန် သီး တော် များ အား ဆင့် ဆို မှာ လိုက် လေ ၏။
Burmese 2021
ကသိဖိမြို့သူကြီး ဣဒေါထံသို့ မှာစာနှင့်စေလွှတ်လျက်၊ ဣဒေါနှင့် ကသိဖိမြို့မှာ နေသောသူ၏ ညီအစ်ကိုဘုရားကျွန်တို့သည်၊ ငါတို့ဘုရားသခင့် အိမ်တော်အမှုစောင့်များကို ပေးစေခြင်းငှာ၊ သူတို့အား အဘယ်သို့ ပြောဆိုရမည်ကို ငါမှာလိုက်၏။
Burmese JBZV
ကသိဖိၿမိဳ႕သူႀကီး ဣေဒါထံသို႔ မွာစာႏွင့္ေစလႊတ္လ်က္၊ ဣေဒါႏွင့္ ကသိဖိၿမိဳ႕မွာ ေနေသာသူ၏ ညီအစ္ကိုဘုရားကၽြန္တို႔သည္၊ ငါတို႔ဘုရားသခင့္ အိမ္ေတာ္အမွုေစာင့္မ်ားကို ေပးေစျခင္းငွာ၊ သူတို႔အား အဘယ္သို႔ ေျပာဆိုရမည္ကို ငါမွာလိုက္၏။
Burmese MCLZV
သင္တို႔သည္ဗိမာန္ေတာ္သို႔မေရာက္မခ်င္း ထိုပစၥည္းမ်ားကိုေစာင့္ထိန္းလ်က္ ဗိမာန္ေတာ္ ရွိယဇ္ပုေရာဟိတ္တို႔၏အခန္းမ်ားတြင္ ခ်ိန္တြယ္၍ ယဇ္ပုေရာဟိတ္ေခါင္းေဆာင္မ်ား၊ ေလဝိအႏြယ္ဝင္ေခါင္းေဆာင္မ်ား၊ ေယ႐ုရွလင္ ၿမိဳ႕ရွိဣသေရလျပည္သူတို႔၏ေခါင္းေဆာင္ မ်ားလက္သို႔ေပးအပ္ၾကေလာ့'' ဟုမွာ ထား၏။-
Burmese MSBU
ကသိဖိအရပ်ရှိ အကြီးအမှူးဣဒေါထံသို့ စေလွှတ်၍ ငါတို့ဘုရားသခင်၏အိမ်တော်တွင် အမှုတော်ထမ်းဆောင်မည့်သူများကို ပို့ဆောင်ပေးပါဟု ကသိဖိအရပ်ရှိဣဒေါနှင့် သူ့ညီအစ်ကိုဗိမာန်တော်အစေအပါးတို့အား အမှာစကား ပါးလိုက်၏။
Burmese MSBZ
ကသိဖိအရပ္ရွိ အႀကီးအမႉးဣေဒါထံသို႔ ေစလႊတ္၍ ငါတို႔ဘုရားသခင္၏အိမ္ေတာ္တြင္ အမႈေတာ္ထမ္းေဆာင္မည့္သူမ်ားကို ပို႔ေဆာင္ေပးပါဟု ကသိဖိအရပ္ရွိဣေဒါႏွင့္ သူ႔ညီအစ္ကိုဗိမာန္ေတာ္အေစအပါးတို႔အား အမွာစကား ပါးလိုက္၏။