Ezra 8:35 — Compare Translations

7 translations compared side by side

Burmese (BCL) (Common Language Bible)
ထို​နောက်​ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သူ အ​ပေါင်း​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​အား​မီး​ရှို့​ဆက်​သ​ရန် ပူ​ဇော် သကာ​များ​ကို​ယူ​လာ​ကြ​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တစ်​ရပ်​လုံး​အ​တွက် နွား​တစ်​ဆယ့် နှစ်​ကောင်၊ သိုး​ထီး​ကိုး​ဆယ့်​ခြောက်​ကောင်၊ သိုး သား​ငယ်​ခု​နစ်​ဆယ့်​ခု​နစ်​ကောင်​ကို​ပူ​ဇော် ကြ​၏။ ဆိတ်​တစ်​ဆယ့်​နှစ်​ကောင်​ကို​လည်း အ​ပြစ် ဖြေ​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​ကြ​၏။ ဤ​တိ​ရစ္ဆာန် အား​လုံး​ကို​ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ သကာ​အ​ဖြစ်​ပူ​ဇော်​ကြ​လေ​သည်။-
Burmese 1835 Version Judson
သိမ်းသွားခြင်းကိုခံရသော လူစုထဲက ထွက်လာ သော သူတို့သည်လည်း၊ ဣသရေလအမျိုးများတို့အဘို့ နွားတဆယ်နှစ်ကောင်၊ သိုးထီးကိုးဆယ်ခြောက်ကောင်၊ သိုးသငယ်ခုနစ်ဆယ်ခုနစ်ကောင်၊ အပြစ်ဖြေရာယဇ်ဘို့ ဆိတ် တဆယ်နှစ်ကောင်တို့ကို၊ ဣသရေလအမျိုး၏ ဘုရား သခင်ထာဝရဘုရားအား မီးရှို့ရာယဇ်ကို ပူဇော်ကြ၏။
Burmese 1928
သုံ့ ဘန်း သိမ်း သွား ရာ မှ ပြန် လာ ရ သူ တို့ သည်၊ ဣ သ ရေ လ တစ် မျိုး လုံး အ တွက် နွား ဆယ့် နှစ် ကောင်၊ သိုး ထီး ကိုး ဆယ့် ခြောက် ကောင်၊ သိုး သား ငယ် ခု နစ် ဆယ့် ခု နစ် ကောင် များ ကို၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား၊ မီး ရှို့ ရာ သ က္ကာ အ ဖြစ် ပူ ဇော် လျက်၊ အ ပြစ် ဖြေ ရာ သ က္ကာ အ ဖြစ် လည်း၊ ဆိတ် ထီး ဆယ့် နှစ် ကောင် ကို ပူ ဇော် ကြ၏။
Burmese 2021
သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော လူ​စု​ထဲ​က ထွက်​လာ​သော သူ​တို့​သည်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​များ​တို့​အ​ဖို့ နွား တစ်​ဆယ်​နှစ်​ကောင်၊ သိုး​ထီး ကိုး​ဆယ်​ခြောက်​ကောင်၊ သိုး​သ​ငယ် ခု​နစ်​ဆယ်​ခု​နစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ် တစ်​ဆယ်​နှစ်​ကောင်​တို့​ကို၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​ကြ၏။
Burmese JBZV
သိမ္း​သြား​ျခင္း​ကို​ခံ​ရ​ေသာ လူ​စု​ထဲ​က ထြက္​လာ​ေသာ သူ​တို႔​သည္​လည္း၊ ဣ​သ​ေရ​လ​အ​မ်ိဳး​မ်ား​တို႔​အ​ဖို႔ ႏြား တစ္​ဆယ္​ႏွစ္​ေကာင္၊ သိုး​ထီး ကိုး​ဆယ္​ေျခာက္​ေကာင္၊ သိုး​သ​ငယ္ ခု​နစ္​ဆယ္​ခု​နစ္​ေကာင္၊ အ​ျပစ္​ေျဖ​ရာ​ယဇ္​ဖို႔ ဆိတ္ တစ္​ဆယ္​ႏွစ္​ေကာင္​တို႔​ကို၊ ဣ​သ​ေရ​လ​အ​မ်ိဳး၏ ဘု​ရား​သ​ခင္​ထာ​ဝ​ရ​ဘု​ရား​အား မီး​ရွို႔​ရာ​ယဇ္​ကို ပူ​ေဇာ္​ၾက၏။
Burmese MSBU
ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​သုံ့ပန်း​တို့​သည် ပြန်လာ​၍ အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထံ မီးရှို့ရာယဇ်​ကို ပူဇော်​ကြ​၏​။ အစ္စရေး​တစ်မျိုးသားလုံး​အတွက် နွားထီး တစ်ဆယ့်​နှစ်​ကောင်​၊ သိုးထီး ကိုးဆယ့်​ခြောက်​ကောင်​၊ သိုးသငယ် ခုနစ်ဆယ့်​ခုနစ်​ကောင်​၊ အပြစ်ဖြေရာယဇ်​အတွက် ဆိတ်ထီး တစ်ဆယ့်​နှစ်​ကောင်​တို့​ကို ထာဝရဘုရား​ထံ မီးရှို့ရာယဇ်​အဖြစ်​ပူဇော်​ကြ​၏​။
Burmese MSBZ
ဖမ္းေခၚ​သြား​ျခင္း​ခံရ​ေသာ​သုံ႔ပန္း​တို႔​သည္ ျပန္လာ​၍ အစၥေရး​လူမ်ိဳး​တို႔​၏​ဘုရားသခင္​ထံ မီးရႈိ႕ရာယဇ္​ကို ပူေဇာ္​ၾက​၏​။ အစၥေရး​တစ္မ်ိဳးသားလုံး​အတြက္ ႏြားထီး တစ္ဆယ့္ႏွစ္​ေကာင္​၊ သိုးထီး ကိုးဆယ့္​ေျခာက္​ေကာင္​၊ သိုးသငယ္ ခုနစ္ဆယ့္​ခုနစ္​ေကာင္​၊ အျပစ္ေျဖရာယဇ္​အတြက္ ဆိတ္ထီး တစ္ဆယ့္ႏွစ္​ေကာင္​တို႔​ကို ထာဝရဘုရား​ထံ မီးရႈိ႕ရာယဇ္​အျဖစ္​ပူေဇာ္​ၾက​၏​။

Recommended Reading