Ezra 8:36 — Compare Translations

7 translations compared side by side

Burmese (BCL) (Common Language Bible)
လူ​တို့​သည်​မိ​မိ​တို့​အား​မင်း​ကြီး​ပေး​အပ် လိုက်​သည့်​အ​မိန့်​တော်​စာ​ကို ဥ​ဖ​ရတ်​မြစ်​ကြီး အ​နောက်​ဘက်​ပြည်​နယ် ဘု​ရင်​ခံ​များ​နှင့် အ​ရာ​ရှိ​များ​အား​ပေး​အပ်​ကြ​သော​အ​ခါ သူ​တို့​သည်​ပြည်​သူ​များ​နှင့်​ဗိ​မာန်​တော် ဝတ်​ပြု​ကိုး​ကွယ်​မှု​ကို​အား​ပေး​ကူ​ညီ​ကြ ကုန်​၏။
Burmese 1835 Version Judson
ရှင်ဘုရင် အမိန့်တော်အမှာတော်တို့ကို ကိုယ်စား တော်မင်း၊ မြစ်အနောက်ဘက် မြို့ဝန်တို့၌အပ်၍၊ သူတို့ သည် ဣသရေလအမျိုးနှင့် ဘုရားသခင့် အိမ်တော်ကို ပြုစုကြ၏။ ဘုရားသခင်အိမ်တော်သို့ ပို့တောင်ခြင်းငှါ ယဇ်ပုရော ဟိတ်နှင့်လေဝိသားတို့သည် ခံယူကြ၏။
Burmese 1928
မြစ် ကြီး အ နောက် ဘက် ရှိ ဘု ရင် ခံ ချုပ် နှင့် ဘု ရင် ခံ တို့ ထံ၊ ဘု ရင် မင်း အ မိန့် တော် ကို တင် ကြ ရာ၊ သူ တို့ သည်၊ လူ မျိုး တော့် အ စေ နှင့် ဘု ရား သ ခင့် ဗိ မာန် တော် ဝတ် ကို ဆောင် ရွက် ပြု စု ကြ ကုန်၏။
Burmese 2021
ရှင်​ဘု​ရင်​အ​မိန့်​တော် အ​မှာ​တော်​တို့​ကို ကိုယ်​စား​တော်​မင်း၊ မြစ်​အ​နောက်​ဘက် မြို့​ဝန်​တို့၌​အပ်၍၊ သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​နှင့် ဘု​ရား​သ​ခင့် အိမ်​တော်​ကို ပြု​စု​ကြ၏။
Burmese JBZV
ရွင္​ဘု​ရင္​အ​မိန္႔​ေတာ္ အ​မွာ​ေတာ္​တို႔​ကို ကိုယ္​စား​ေတာ္​မင္း၊ ျမစ္​အ​ေနာက္​ဘက္ ၿမိဳ႕​ဝန္​တို႔၌​အပ္၍၊ သူ​တို႔​သည္ ဣ​သ​ေရ​လ​အ​မ်ိဳး​ႏွင့္ ဘု​ရား​သ​ခင့္ အိမ္​ေတာ္​ကို ျပဳ​စု​ၾက၏။
Burmese MSBU
ရှင်ဘုရင်​၏​အမိန့်စာ​ကို​လည်း ယူဖရေးတီး​မြစ် ​အနောက်ဘက်ကမ်း​ရှိ ဘုရင်ခံ​နှင့် အုပ်ချုပ်ရေး​အရာရှိ​များ​ထံ ပေးလိုက်​ရာ သူ​တို့​က​လည်း ဘုရားသခင်​၏​အိမ်​တော်​နှင့် လူမျိုး​တော်​ကို ကူညီ​ပံ့ပိုး​ပေး​ကြ​၏​။
Burmese MSBZ
ရွင္ဘုရင္​၏​အမိန႔္စာ​ကို​လည္း ယူဖေရးတီး​ျမစ္ ​အေနာက္ဘက္ကမ္း​ရွိ ဘုရင္ခံ​ႏွင့္ အုပ္ခ်ဳပ္ေရး​အရာရွိ​မ်ား​ထံ ေပးလိုက္​ရာ သူ​တို႔​က​လည္း ဘုရားသခင္​၏​အိမ္​ေတာ္​ႏွင့္ လူမ်ိဳး​ေတာ္​ကို ကူညီ​ပံ့ပိုး​ေပး​ၾက​၏​။