Ezra 9:14 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏​ပ​ညတ်​တော် တို့​ကို​တစ်​ဖန်​လျစ်​လူ​ရှု​လျက် ဤ​ယုတ်​မာ​သူ များ​နှင့်​ထိမ်း​မြား​စုံ​ဖက်​ကြ​လျှင် ကိုယ်​တော် သည်​အ​ကျွန်ုပ်​တို့​အား​အ​မျက်​ပြင်း​စွာ​ထွက် တော်​မူ​သ​ဖြင့် တစ်​ယောက်​မျှ​မ​ကျန်​အောင် သုတ်​သင်​ဖျက်​ဆီး​ပစ်​တော်​မူ​မည်​မ​ဟုတ် ပါ​လော။-
Burmese 1835 Version Judson
အကျွန်ုပ်တို့သည် ပညတ်တရားတော်တို့ကို တဖန်လွန်ကျူး၍၊ ဤရွံရှာဘွယ်အမှုတို့ကို ပြုတတ်သော လူမျိုးနှင့်ပေါင်းဘော်လျှင် တယောက်မျှမလွတ်၊ မကျန် ကြွင်းစေခြင်းငှါ၊ အမျက်တော်ထွက်၍ အကျွန်ုပ်တို့ကို ဖျက်ဆီးတော်မူမည်မဟုတ်လော။
Burmese 1928
ပ ညတ် တော် ကို တစ် ဖန် ဖောက် ကျော်၍၊ ဤ ရွံ ရှာ ဖွယ် ဓ လေ့ အ တိုင်း လိုက် တတ် သော လူ မျိုး နှင့် အိမ် ထောင် ဘက် ပြု ကြ လျှင်၊ တစ် ယောက် မျှ မ လွတ်၊ အ ကြွင်း အ ကျန် မ ရှိ၊ ဖျက် ဆီး သည့် တိုင် အောင်၊ အ ကျွန်ုပ် တို့ ကို အ မျက် ထား တော် မူ မည် မ ဟုတ် ပါ လော။
Burmese 2021
အ​ကျွန်ုပ်​တို့​သည် ပ​ညတ်​တ​ရား​တော်​တို့​ကို တစ်​ဖန်​လွန်​ကျူး၍၊ ဤ​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို ပြု​တတ်​သော​လူ​မျိုး​နှင့် ပေါင်း​ဖော်​လျှင် တစ်​ယောက်​မျှ​မ​လွတ်၊ မ​ကျန်​ကြွင်း​စေ​ခြင်း​ငှာ၊ အ​မျက်​တော်​ထွက်၍ အ​ကျွန်ုပ်​တို့​ကို ဖျက်​ဆီး​တော်​မူ​မည် မ​ဟုတ်​လော။
Burmese JBZV
Burmese MCLZV
Burmese MSBU
အကျွန်ုပ်​တို့​သည် ပညတ်တော်​များ​ကို ထပ်မံ​ချိုးဖောက်​၍ စက်ဆုပ်ရွံရှာဖွယ်​အမှု​ကို​ပြု​သော​လူမျိုး​နှင့် ထိမ်းမြား​မည်​ဆို​လျှင် အကျွန်ုပ်​တို့​သည် အသက်​ဘေး​မှ​မ​လွတ်​၊ ကြွင်းကျန်သူ​တစ်ယောက်မျှ​မ​ရှိ​သည့်​တိုင်အောင် ကိုယ်တော်​သည် အမျက်ထွက်​၍ ဖျက်ဆီး​တော်မူ​မည်​မ​ဟုတ်​လော​။
Burmese MSBZ