Ezra 9:8 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​အား​က​ရု​ဏာ​ထား တော်​မူ​သ​ဖြင့် လူ​မျိုး​ခြား​တို့​၏​လက်​မှ​လွတ် မြောက်​စေ​၍ ယ​ခု​အ​ခါ​သန့်​ရှင်း​မြင့်​မြတ်​သည့် ဌာ​န​တော်​တွင် ကာ​လ​အ​နည်း​ငယ်​မျှ​ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ရ​သော​အ​ခွင့်​ကို​ပေး​တော်​မူ​ပါ ပြီ။ ကိုယ်​တော်​သည်​ကျွန်ုပ်​တို့​အား ကျွန်​ဘ​ဝ​မှ လွတ်​မြောက်​စေ​၍​ဘ​ဝ​သစ်​ကို​ပေး​တော်​မူ ပါ​ပြီ။-
Burmese 1835 Version Judson
ယခုခဏတွင်၊ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ အကျွန်ုပ်တို့ကို ဘေးမဲ့လွှတ်၍ ကျန် ကြွင်းစေလျက်၊ သန့်ရှင်းသော ဌာနတော်၌ စွဲထားသော တံစို့ကို ပေးတော်မူသော ကျေးဇူးတော်ကြီးလှပါ၏။ အကျွန်ုပ်တို့ဘုရားသခင်သည် အကျွန်ုပ်တို့ မျက်စိကို လင်းစေ၍၊ အကျွန်ုပ်တို့ ကျွန်ခံနေရာ၌ အသက်ရှုပြန်ရ သော အခွင့်ကို ပေးတော်မူပြီ။
Burmese 1928
ယ ခု မှာ၊ အ ကျွန်ုပ် တို့ အား စ က္ခု အ လင်း ကို ပေး လျက်၊ ကျွန် ခံ ရ စဉ် အ နည်း ငယ် သာ ယာ ခွင့် ပေး တော် မူ ရန်၊ အ ကျွန်ုပ် တို့၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ အ ကြွင်း အ ကျန် တို့ ကို ဘေး လွတ် စေ၍၊ သန့် ရှင်း ရာ ဌာ န တော်၌ ကြက် ဆူး အ ဖြစ် စိုက် ထား သော ကျေး ဇူး တော် မှာ၊ ဇင်္ဂ မ မျှ ဖြစ် ပါ သေး ၏။
Burmese 2021
ယ​ခု​ခ​ဏ​တွင်၊ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ အ​ကျွန်ုပ်​တို့​ကို ဘေး​မဲ့​လွှတ်၍ ကျန်​ကြွင်း​စေ​လျက်၊ သန့်​ရှင်း​သော ဌာ​န​တော်၌ စွဲ​ထား​သော​တံ​စို့​ကို ပေး​တော်​မူ​သော​ကျေး​ဇူး​တော် ကြီး​လှ​ပါ၏။ အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်​တို့​မျက်​စိ​ကို လင်း​စေ၍၊ အ​ကျွန်ုပ်​တို့ ကျွန်​ခံ​နေ​ရာ၌ အ​သက်​ရှူ​ပြန်​ရ​သော အ​ခွင့်​ကို ပေး​တော်​မူ​ပြီ။
Burmese JBZV
Burmese MCLZV
Burmese MSBU
သို့သော် တစ်ခဏချင်း​တွင် အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ထံ​တော်​မှ ကျေးဇူး​တော်​ကို ခံစား​ရ​၍ ကိုယ်တော်​သည် အကျွန်ုပ်​တို့​ထဲမှ​ကြွင်းကျန်​သူ​တို့​ကို လွတ်မြောက်​စေ​ပြီး ကိုယ်တော်​၏​သန့်ရှင်းရာဌာန​တော်​တွင် လုံခြုံ​ရာ ​ကို ပေး​တော်မူ​ပြီ​။ အကျွန်ုပ်​တို့​ကို မျက်စိ​အလင်း​ပေး​တော်မူ​ပြီ​။ ကျွန်ခံ​ရ​ရာ​တွင် အနည်းငယ်​သက်သာ​ခွင့်​ကို ပေး​တော်မူ​ပါ​ပြီ​။
Burmese MSBZ