Galatians 1:14 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ဘာ​သာ​တ​ရား​ကို​လက်​တွေ့​ကျင့်​သုံး​ရာ​တွင် ငါ သည်​မိ​မိ​နှင့်​သက်​တူ​ရွယ်​တူ​ယု​ဒ​အ​မျိုး​သား အ​များ​တို့​ထက် ပို​၍​စိတ်​အား​ထက်​သန်​စွာ​ဘိုး ဘေး​တို့​၏​ထုံး​တမ်း​စဉ်​လာ​များ​ကို​လိုက် လျှောက်​ခဲ့​၏။
Burmese 1835 Version Judson
ဘိုးဘေးတို့၏လက်မှ ငါခံရသောနည်း ဥပဒေသဘက်၌ အထူးသဖြင့်စိတ်အားသန်လျက်၊ ငါ၏ လူမျိုးထဲတွင် ငါ့ရွယ်တူချင်းအများတို့ထက် ယုဒဘာသာကိုကျင်လည်လေ့ကျက်ကြောင်းကို၎င်း သင်တို့ကြားသိ ကြရပြီ။
Burmese 1928
မိ ရိုး ဖ လာ ထုံး နည်း များ ကို လိုက် နာ ရန် စိတ် စေ တ နာ ထက် သန် လျက် လူ မျိုး ချင်း တို့ ဘောင် တွင် သက် တူ ရွယ် မျှ အ များ တို့ ထက် ယု ဒ ဘာ သာ၌ အား တက် ခဲ့ ကြောင်း ကို လည်း ကောင်း၊
Burmese 2021
ဘိုး​ဘေး​တို့၏​လက်​မှ ငါ​ခံ​ရ​သော နည်း​ဥ​ပ​ဒေ​သ​ဘက်၌ အ​ထူး​သ​ဖြင့် စိတ်​အား​သန်​လျက်၊ ငါ၏ လူ​မျိုး​ထဲ​တွင် ငါ့​ရွယ်​တူ​ချင်း​အ​များ​တို့​ထက် ယု​ဒ​ဘာ​သာ​ကို ကျင်​လည်​လေ့​ကျက်​ကြောင်း​ကို​လည်း​ကောင်း သင်​တို့​ကြား​သိ ကြ​ရ​ပြီ။-
Burmese JBZV
ဘိုး​ေဘး​တို႔၏​လက္​မွ ငါ​ခံ​ရ​ေသာ နည္း​ဥ​ပ​ေဒ​သ​ဘက္၌ အ​ထူး​သ​ျဖင့္ စိတ္​အား​သန္​လ်က္၊ ငါ၏ လူ​မ်ိဳး​ထဲ​တြင္ ငါ့​ရြယ္​တူ​ခ်င္း​အ​မ်ား​တို႔​ထက္ ယု​ဒ​ဘာ​သာ​ကို က်င္​လည္​ေလ့​က်က္​ေၾကာင္း​ကို​လည္း​ေကာင္း သင္​တို႔​ၾကား​သိ ၾက​ရ​ၿပီ။-
Burmese MCLZV
ဘာ​သာ​တ​ရား​ကို​လက္​ေတြ႕​က်င့္​သုံး​ရာ​တြင္ ငါ သည္​မိ​မိ​ႏွင့္​သက္​တူ​ရြယ္​တူ​ယု​ဒ​အ​မ်ိဳး​သား အ​မ်ား​တို႔​ထက္ ပို​၍​စိတ္​အား​ထက္​သန္​စြာ​ဘိုး ေဘး​တို႔​၏​ထုံး​တမ္း​စဥ္​လာ​မ်ား​ကို​လိုက္ ေလၽွာက္​ခဲ့​၏။
Burmese MSBU
ငါ​သည် ဂျူး​ဘာသာ​တရား​၌ ငါ့​လူမျိုး​ထဲ​ရှိ​သက်တူရွယ်တူ​များ​ထက် သာလွန်​ပြီး ငါ့​ဘိုးဘေး​တို့​၏​ဓလေ့​ထုံးတမ်း​များ​နှင့်​ပတ်သက်၍ အလွန်​စိတ်အား​ထက်သန်​ခဲ့​သည်​ကို​လည်းကောင်း သင်​တို့​ကြားသိ​ထား​၏။
Burmese MSBZ
ငါ​သည္ ဂ်ဴး​ဘာသာ​တရား​၌ ငါ့​လူမ်ိဳး​ထဲ​ရွိ​သက္တူ႐ြယ္တူ​မ်ား​ထက္ သာလြန္​ၿပီး ငါ့​ဘိုးေဘး​တို႔​၏​ဓေလ့​ထုံးတမ္း​မ်ား​ႏွင့္​ပတ္သက္၍ အလြန္​စိတ္အား​ထက္သန္​ခဲ့​သည္​ကို​လည္းေကာင္း သင္​တို႔​ၾကားသိ​ထား​၏။