Galatians 2:12 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ယာကုပ်စေလွှတ်လိုက်သောသူများမရောက်မီ သူသည်လူမျိုးခြားတို့နှင့်အတူစားသောက် လျက်နေ၏။ သို့သော်လည်းယာကုပ်စေလွှတ် လိုက်သောသူတို့ရောက်ရှိလာသောအခါ၌ မူကား လူမျိုးခြားတို့နှင့်ပေါင်းဖော်စား သောက်မှုကိုမပြုတော့ချေ။ အဘယ်ကြောင့် ဆိုသော်သူသည်လူမျိုးခြားတို့အား အရေ ဖျားလှီးမင်္ဂလာခံစေလိုသောသူတို့ကို ကြောက်သောကြောင့်ဖြစ်သည်။-
Burmese 1835 Version Judson
အကြောင်းမူကား၊ လူအချို့သည် ယာကုပ်ထံမှ မရောက်မလာမှီ၊ ပေတရုသည် တပါးအမျိုးသားတို့နှင့် အတူစား၏။ သူတို့ရောက်လာသောနောက်၊ ပေတရုသည် အရေဖျားလှီးခြင်းကို ခံရသောသူတို့၏မျက်နှာကို ထောက်၍ တပါးအမျိုးသားတို့နှင့်မပေါင်းဝံ့။ တယောက်တခြားစီနေ၏။
Burmese 1928
အ သို့ ဆို သော် ယာ ကုပ် ထံ မှ လူ တို့ မ ရောက် မီ လူ မျိုး ခြား တို့ နှင့် အ တူ သူ စား သောက် လေ့ ရှိ လျက် ပင် ရောက် ကြ ပြီး မှ လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ သူ တို့ ကို ကြောက် ရွံ့ သ ဖြင့် တွန့် ဆုတ် လျက် အ သီး အ ခြား နေ၏။
Burmese 2021
အကြောင်းမူကား၊ လူအချို့သည် ယာကုပ်ထံမှ မရောက်မလာမီ၊ ပေတရုသည် တစ်ပါးအမျိုးသားတို့နှင့် အတူစား၏။ သူတို့ရောက်လာသောနောက်၊ ပေတရုသည် အရေဖျားလှီးခြင်းကို ခံသောသူတို့၏မျက်နှာကို ထောက်၍ တစ်ပါးအမျိုးသားတို့နှင့် မပေါင်းဝံ့။ တစ်ယောက်တခြားစီ နေ၏။-
Burmese JBZV
အေၾကာင္းမူကား၊ လူအခ်ိဳ႕သည္ ယာကုပ္ထံမွ မေရာက္မလာမီ၊ ေပတ႐ုသည္ တစ္ပါးအမ်ိဳးသားတို႔ႏွင့္ အတူစား၏။ သူတို႔ေရာက္လာေသာေနာက္၊ ေပတ႐ုသည္ အေရဖ်ားလွီးျခင္းကို ခံေသာသူတို႔၏မ်က္ႏွာကို ေထာက္၍ တစ္ပါးအမ်ိဳးသားတို႔ႏွင့္ မေပါင္းဝံ့။ တစ္ေယာက္တျခားစီ ေန၏။-
Burmese MCLZV
ယာကုပ္ေစလႊတ္လိုက္ေသာသူမ်ားမေရာက္မီ သူသည္လူမ်ိဳးျခားတို႔ႏွင့္အတူစားေသာက္ လ်က္ေန၏။ သို႔ေသာ္လည္းယာကုပ္ေစလႊတ္ လိုက္ေသာသူတို႔ေရာက္ရွိလာေသာအခါ၌ မူကား လူမ်ိဳးျခားတို႔ႏွင့္ေပါင္းေဖာ္စား ေသာက္မွုကိုမျပဳေတာ့ေခ်။ အဘယ္ေၾကာင့္ ဆိုေသာ္သူသည္လူမ်ိဳးျခားတို႔အား အေရ ဖ်ားလွီးမဂၤလာခံေစလိုေသာသူတို႔ကို ေၾကာက္ေသာေၾကာင့္ျဖစ္သည္။-
Burmese MSBU
အကြောင်းမူကား ယာကုပ်ထံမှ လူအချို့ရောက်မလာမီ သူသည် လူမျိုးခြားတို့နှင့်အတူစားသောက်၏။ သို့သော် သူတို့ရောက်လာသောအခါ အရေဖျားလှီးထားသောသူတို့ကိုကြောက်သဖြင့် တွန့်ဆုတ်၍ သီးခြားနေလေ၏။
Burmese MSBZ
အေၾကာင္းမူကား ယာကုပ္ထံမွ လူအခ်ိဳ႕ေရာက္မလာမီ သူသည္ လူမ်ိဳးျခားတို႔ႏွင့္အတူစားေသာက္၏။ သို႔ေသာ္ သူတို႔ေရာက္လာေသာအခါ အေရဖ်ားလွီးထားေသာသူတို႔ကိုေၾကာက္သျဖင့္ တြန႔္ဆုတ္၍ သီးျခားေနေလ၏။