Galatians 2:14 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သို့ရာတွင်သူတို့၏အပြုအမူသည်သတင်း ကောင်းဆိုင်ရာသစ္စာတရားနှင့်ကိုက်ညီမှုမရှိ ကြောင်းကို ငါသိမြင်သောအခါ ပေတရုအား လူအပေါင်းတို့ရှေ့တွင်``သင်သည်ယုဒအမျိုး သားဖြစ်ပါလျက် ယုဒအမျိုးသားကဲ့သို့ မဟုတ်ဘဲ လူမျိုးခြားကဲ့သို့ပြုမူနေထိုင် လျက်ရှိရာ သင်သည်အဘယ်ကြောင့်လူမျိုး ခြားတို့အားယုဒအမျိုးသားတို့ကဲ့သို့ ပြုမူနေထိုင်စေရန်အနိုင်အထက်ပြုပါ သနည်း'' ဟုမေး၏။
Burmese 1835 Version Judson
သူတို့သည်မှန်သော ဧဝံဂေလိတရားနှင့်အညီ ဖြောင့်မတ်စွာ ကျင့်ကြောင်းကိုငါသည်မြင်လျှင်၊ ထိုသူ အပေါင်းတို့ရှေ့မှာ ပေတရုအား ငါဆိုသည်ကား၊ သင်သည် ယုဒလူဖြစ်လျက်ပင် ယုဒထုံးစံအတိုင်းအကျင့်ဘဲ၊ တပါးအမျိုး၏ထုံးစံအတိုင်းကျင့်လျှင်၊ တပါးအမျိုးသားတို့သည် ယုဒထုံးစံအတိုင်းကျင့်စေခြင်းငှါ အဘယ်ကြောင့် သူတို့ကို အနိုင်အထက်ပြုသနည်း။
Burmese 1928
ထို သို့ သ တင်း တော် မြတ် အ လိုက် စုံ လင် စွာ မ လျောက် မ လိုက် ကြ ကြောင်း ငါ သိ မြင် သော် ရှိ သ မျှ တို့ ရှေ့ ကေ ဖ အား ငါ ဆို သည် မှာ ယု ဒ လူ မျိုး ဖြစ် သော အ ချင်း သည် ယု ဒ လူ မျိုး တို့ ထုံး တမ်း မ ဟုတ်၊ လူ မျိုး ခြား တို့ ထုံး တမ်း အ တိုင်း နေ ထိုင် လျှင် လူ မျိုး ခြား တို့ ကို ယု ဒ လူ မျိုး တို့ ထုံး တမ်း အ တိုင်း အ ဘယ့် ကြောင့် လိုက် စေ သ နည်း။
Burmese 2021
သူတို့သည် မှန်သော ဧဝံဂေလိတရားနှင့်အညီ ဖြောင့်မတ်စွာ မကျင့်ကြောင်းကို ငါသည်မြင်လျှင်၊ ထိုသူအပေါင်းတို့ရှေ့မှာ ပေတရုအား ငါဆိုသည်ကား၊ သင်သည် ယုဒလူဖြစ်လျက်ပင် ယုဒထုံးစံအတိုင်းမကျင့်ဘဲ၊ တစ်ပါးအမျိုး၏ထုံးစံအတိုင်း ကျင့်လျှင်၊ တစ်ပါးအမျိုးသားတို့သည် ယုဒထုံးစံအတိုင်း ကျင့်စေခြင်းငှာ အဘယ်ကြောင့် သူတို့ကို အနိုင်အထက်ပြုသနည်း။
Burmese JBZV
သူတို႔သည္ မွန္ေသာ ဧဝံေဂလိတရားႏွင့္အညီ ေျဖာင့္မတ္စြာ က်င့္ေၾကာင္းကို ငါသည္ျမင္လၽွင္၊ ထိုသူအေပါင္းတို႔ေရွ႕မွာ ေပတ႐ုအား ငါဆိုသည္ကား၊ သင္သည္ ယုဒလူျဖစ္လ်က္ပင္ ယုဒထုံးစံအတိုင္းမက်င့္ဘဲ၊ တစ္ပါးအမ်ိဳး၏ထုံးစံအတိုင္း က်င့္လၽွင္၊ တစ္ပါးအမ်ိဳးသားတို႔သည္ ယုဒထုံးစံအတိုင္း က်င့္ေစျခင္းငွာ အဘယ္ေၾကာင့္ သူတို႔ကို အနိုင္အထက္ျပဳသနည္း။
Burmese MCLZV
သို႔ရာတြင္သူတို႔၏အျပဳအမူသည္သတင္း ေကာင္းဆိုင္ရာသစၥာတရားႏွင့္ကိုက္ညီမွုမရွိ ေၾကာင္းကို ငါသိျမင္ေသာအခါ ေပတ႐ုအား လူအေပါင္းတို႔ေရွ႕တြင္``သင္သည္ယုဒအမ်ိဳး သားျဖစ္ပါလ်က္ ယုဒအမ်ိဳးသားကဲ့သို႔ မဟုတ္ဘဲ လူမ်ိဳးျခားကဲ့သို႔ျပဳမူေနထိုင္ လ်က္ရွိရာ သင္သည္အဘယ္ေၾကာင့္လူမ်ိဳး ျခားတို႔အားယုဒအမ်ိဳးသားတို႔ကဲ့သို႔ ျပဳမူေနထိုင္ေစရန္အနိုင္အထက္ျပဳပါ သနည္း'' ဟုေမး၏။
Burmese MSBU
သို့သော် သူတို့သည် ကောင်းမြတ်သောသတင်း၏သမ္မာတရားနှင့်အညီ ဖြောင့်မတ်စွာလျှောက်လှမ်းခြင်းမရှိသည်ကို ငါမြင်သောအခါ ထိုသူအပေါင်းတို့ရှေ့၌ ကေဖအား “ဂျူးလူမျိုးဖြစ်သောသင်သည် ဂျူးလူမျိုးကဲ့သို့မနေထိုင်ဘဲ လူမျိုးခြားကဲ့သို့နေထိုင်သည်ဆိုလျှင် လူမျိုးခြားတို့ကို ဂျူးလူမျိုးကဲ့သို့နေထိုင်ရန် အဘယ်ကြောင့် အတင်းအကျပ်စေခိုင်းသနည်း”ဟု ငါဆို၏။
Burmese MSBZ
သို႔ေသာ္ သူတို႔သည္ ေကာင္းျမတ္ေသာသတင္း၏သမၼာတရားႏွင့္အညီ ေျဖာင့္မတ္စြာေလွ်ာက္လွမ္းျခင္းမရွိသည္ကို ငါျမင္ေသာအခါ ထိုသူအေပါင္းတို႔ေရွ႕၌ ေကဖ အား “ဂ်ဴးလူမ်ိဳးျဖစ္ေသာသင္သည္ ဂ်ဴးလူမ်ိဳးကဲ့သို႔မေနထိုင္ဘဲ လူမ်ိဳးျခားကဲ့သို႔ေနထိုင္သည္ဆိုလွ်င္ လူမ်ိဳးျခားတို႔ကို ဂ်ဴးလူမ်ိဳးကဲ့သို႔ေနထိုင္ရန္ အဘယ္ေၾကာင့္ အတင္းအက်ပ္ေစခိုင္းသနည္း”ဟု ငါဆို၏။