Galatians 2:2 — Compare Translations

7 translations compared side by side

Burmese (BCL) (Common Language Bible)
ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​အ​တိုင်း ဤ​သို့ သွား​ရောက်​ခြင်း​ဖြစ်​သည်။ ငါ​သည်​ခေါင်း​ဆောင် များ​နှင့်​သာ​တွေ့​ဆုံ​ကာ​လူ​မျိုး​ခြား​တို့​အား ငါ​ဟော​ပြော​ကြေ​ညာ​သည့်​သ​တင်း​ကောင်း ကို​တင်​ပြ​၏။ ဤ​သို့​တင်​ပြ​ရ​ခြင်း​မှာ ယ​ခင် အ​ခါ​က​သော်​လည်း​ကောင်း၊ ယ​ခု​အ​ခါ ၌​သော်​လည်း​ကောင်း ငါ​ကြိုး​စား​ဆောင်​ရွက် သည့်​အ​မှု​တော်​ကို​အ​ချည်း​နှီး​မ​ဖြစ်​စေ လို​သော​ကြောင့်​ဖြစ်​၏။-
Burmese 1835 Version Judson
ဗျာဒိတ်တော်အတိုင်းပင်သွားသည်ဖြစ်၍၊ တပါးအမျိုးတို့၌ ဟောပြောသော ဧဝံဂေလိတရားကို ထိုအခါငါကြားပြောလေ၏။ ထိုသို့ဆိုသော် ငါဆောင်ရွက် ခဲ့ပြီးသောအမှုနှင့် နောက်၌ ဆောင်ရွက် လတံ့သော အမှုကို အချည်းနှီးမဖြစ်စေခြင်းငှါ၊ အသရေ ထင်ရှားသော သူတို့အားသာ တိတ်ဆိတ်စွာကြားပြော၏။
Burmese 2021
ဗျာ​ဒိတ်​တော်​အ​တိုင်း​ပင် သွား​သည်​ဖြစ်၍၊ တစ်​ပါး​အ​မျိုး​တို့၌ ဟော​ပြော​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ထို​အ​ခါ ငါ​ကြား​ပြော​လေ၏။ ထို​သို့​ဆို​သော် ငါ​ဆောင်​ရွက် ခဲ့​ပြီး​သော​အ​မှု​နှင့် နောက်၌ ဆောင်​ရွက် လ​တ္တံ့​သော​အ​မှု​ကို အ​ချည်း​နှီး​မ​ဖြစ်​စေ​ခြင်း​ငှာ၊ အ​သ​ရေ ထင်​ရှား​သော သူ​တို့​အား​သာ တိတ်​ဆိတ်​စွာ​ကြား​ပြော၏။-
Burmese JBZV
ဗ်ာ​ဒိတ္​ေတာ္​အ​တိုင္း​ပင္ သြား​သည္​ျဖစ္၍၊ တစ္​ပါး​အ​မ်ိဳး​တို႔၌ ေဟာ​ေျပာ​ေသာ ဧ​ဝံ​ေဂ​လိ​တ​ရား​ကို ထို​အ​ခါ ငါ​ၾကား​ေျပာ​ေလ၏။ ထို​သို႔​ဆို​ေသာ္ ငါ​ေဆာင္​ရြက္ ခဲ့​ၿပီး​ေသာ​အ​မွု​ႏွင့္ ေနာက္၌ ေဆာင္​ရြက္ လ​တၱံ့​ေသာ​အ​မွု​ကို အ​ခ်ည္း​ႏွီး​မ​ျဖစ္​ေစ​ျခင္း​ငွာ၊ အ​သ​ေရ ထင္​ရွား​ေသာ သူ​တို႔​အား​သာ တိတ္​ဆိတ္​စြာ​ၾကား​ေျပာ၏။-
Burmese MCLZV
ဘု​ရား​သ​ခင္​၏​ဗ်ာ​ဒိတ္​ေတာ္​အ​တိုင္း ဤ​သို႔ သြား​ေရာက္​ျခင္း​ျဖစ္​သည္။ ငါ​သည္​ေခါင္း​ေဆာင္ မ်ား​ႏွင့္​သာ​ေတြ႕​ဆုံ​ကာ​လူ​မ်ိဳး​ျခား​တို႔​အား ငါ​ေဟာ​ေျပာ​ေၾက​ညာ​သည့္​သ​တင္း​ေကာင္း ကို​တင္​ျပ​၏။ ဤ​သို႔​တင္​ျပ​ရ​ျခင္း​မွာ ယ​ခင္ အ​ခါ​က​ေသာ္​လည္း​ေကာင္း၊ ယ​ခု​အ​ခါ ၌​ေသာ္​လည္း​ေကာင္း ငါ​ႀကိဳး​စား​ေဆာင္​ရြက္ သည့္​အ​မွု​ေတာ္​ကို​အ​ခ်ည္း​ႏွီး​မ​ျဖစ္​ေစ လို​ေသာ​ေၾကာင့္​ျဖစ္​၏။-
Burmese MSBU
ဤသည်ကား ဗျာဒိတ်​တော်​အရ​သွား​ခြင်း​ဖြစ်​၏။ ထိုအခါ ငါ​သည် လူမျိုးခြား​တို့​ထဲ၌ ငါ​ဟောပြော​သည့် ကောင်းမြတ်​သော​သတင်း​ကို သူ​တို့​အား​တင်ပြ​ပြီး အထင်ကရ​ဖြစ်​သော​သူ​တို့​ကို​မူကား သီးသန့်​တင်ပြ​ခဲ့​၏။ ထိုသို့​တင်ပြ​ခဲ့​ခြင်းမှာ ငါ​ကြိုးစား​အားထုတ်​နေ​သော​အရာ​ဖြစ်စေ၊ ကြိုးစား​အားထုတ်​ခဲ့​သော​အရာ​ဖြစ်စေ အကြောင်း​တစ်စုံတစ်ခု​ကြောင့် အချည်းနှီး​မ​ဖြစ်​စေရန်​ဖြစ်​၏။
Burmese MSBZ
ဤသည္ကား ဗ်ာဒိတ္​ေတာ္​အရ​သြား​ျခင္း​ျဖစ္​၏။ ထိုအခါ ငါ​သည္ လူမ်ိဳးျခား​တို႔​ထဲ၌ ငါ​ေဟာေျပာ​သည့္ ေကာင္းျမတ္​ေသာ​သတင္း​ကို သူ​တို႔​အား​တင္ျပ​ၿပီး အထင္ကရ​ျဖစ္​ေသာ​သူ​တို႔​ကို​မူကား သီးသန႔္​တင္ျပ​ခဲ့​၏။ ထိုသို႔​တင္ျပ​ခဲ့​ျခင္းမွာ ငါ​ႀကိဳးစား​အားထုတ္ ​ေန​ေသာ​အရာ​ျဖစ္ေစ၊ ႀကိဳးစား​အားထုတ္​ခဲ့​ေသာ​အရာ​ျဖစ္ေစ အေၾကာင္း​တစ္စုံတစ္ခု​ေၾကာင့္ အခ်ည္းႏွီး​မ​ျဖစ္​ေစရန္​ျဖစ္​၏။