Galatians 2:7 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထိုသူတို့သည်ငါ့အားအကြံဉာဏ်သစ် ပေးမည့်အစားဘုရားသခင်သည် ပေတရု အားသတင်းကောင်းကိုအရေဖျားလှီး မင်္ဂလာခံသူတို့အား ဟောပြောကြေညာ ရန်တာဝန်ပေးတော်မူသကဲ့သို့ ငါ့အား လူမျိုးခြားတို့အားသတင်းကောင်းကို ဟောပြောကြေညာရန် တာဝန်ပေးတော်မူ ကြောင်းသိမြင်လာကြလေသည်။-
Burmese 1835 Version Judson
အရေဖျားလှီးခြင်းကိုခံရသောသူတို့တွင် ပေတရုကို တမန်တော်ဖြစ်စေခြင်းငှာ၊
Burmese 1928
ကွန်း တိုင် သ ဖွယ် အ ကြီး အ မှူး ဖြစ် သူ ယာ ကုပ်၊ ကေ ဖ၊ ယော ဟန် တို့ သည် အ ကြံ အ ထူး မ ပေး ကြ။ သို့ ရာ တွင် ပေ တ ရု ကို လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ သူ တို့ အ ဖို့ တ မန် တော် ဖြစ် စေ ရန် ပြု ပြင် သော အ ရှင် သည် ငါ့ ကို လည်း လူ မျိုး ခြား တို့ အ ဖို့ ပြု ပြင် တော် မူ သည့် အ တိုင်း ပေ တ ရု သို့ လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ သူ တို့ အား သ တင်း တော် မြတ် ကြား ပြော ခွင့် လွှဲ အပ် သ ကဲ့ သို့ ငါ့ သို့ ထို မင်္ဂ လာ မ ခံ သူ တို့ အား ကြား ပြော ခွင့် လွှဲ အပ် တော် မူ ပြီ ဖြစ် ကြောင်း သိ မြင် သည့် ပြင် ငါ့ အား သ နား တော် မူ သော ကျေး ဇူး တော် ကို လည်း သိ မှတ် ကြ သော် ငါ တို့ ကား လူ မျိုး ခြား တို့ ထံ သွား၍ သူ တို့ ကား လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ သူ တို့ ထံ သွား ရန် ရာ ထူး တူ အ မှတ် ဖြင့် ငါ နှင့် ဗာ န ဗ တို့ အား ညာ လက် ကမ်း လှမ်း ကြ ပြီး လျှင်၊
Burmese 2021
အရေဖျားလှီးခြင်းကိုခံသောသူတို့တွင် ပေတရုကို တမန်တော်ဖြစ်စေခြင်းငှာ၊ ပေတရု၌ ပြုပြင်တော်မူသောသူသည်၊ တစ်ပါးအမျိုးသားတို့တွင် ငါ့ကို တမန်တော်ဖြစ်စေခြင်းငှာ ငါ၌လည်း ပြုပြင်တော်မူသည်ဖြစ်၍၊ အရေဖျားလှီးခြင်းနှင့် စပ်ဆိုင်သော ဧဝံဂေလိတရားကို ပေတရု၌ အပ်တော်မူသည်နည်းတူ၊ အရေဖျားလှီးခြင်းနှင့် မစပ်ဆိုင်သော ဧဝံဂေလိတရားကို ငါ၌ အပ်တော်မူကြောင်းကို သူတို့သည် သိမြင်ကြ၏။-
Burmese JBZV
အေရဖ်ားလွီးျခင္းကိုခံေသာသူတို႔တြင္ ေပတ႐ုကို တမန္ေတာ္ျဖစ္ေစျခင္းငွာ၊ ေပတ႐ု၌ ျပဳျပင္ေတာ္မူေသာသူသည္၊ တစ္ပါးအမ်ိဳးသားတို႔တြင္ ငါ့ကို တမန္ေတာ္ျဖစ္ေစျခင္းငွာ ငါ၌လည္း ျပဳျပင္ေတာ္မူသည္ျဖစ္၍၊ အေရဖ်ားလွီးျခင္းႏွင့္ စပ္ဆိုင္ေသာ ဧဝံေဂလိတရားကို ေပတ႐ု၌ အပ္ေတာ္မူသည္နည္းတူ၊ အေရဖ်ားလွီးျခင္းႏွင့္ မစပ္ဆိုင္ေသာ ဧဝံေဂလိတရားကို ငါ၌ အပ္ေတာ္မူေၾကာင္းကို သူတို႔သည္ သိျမင္ၾက၏။-
Burmese MCLZV
ထိုသူတို႔သည္ငါ့အားအႀကံဉာဏ္သစ္ ေပးမည့္အစားဘုရားသခင္သည္ ေပတ႐ု အားသတင္းေကာင္းကိုအေရဖ်ားလွီး မဂၤလာခံသူတို႔အား ေဟာေျပာေၾကညာ ရန္တာဝန္ေပးေတာ္မူသကဲ့သို႔ ငါ့အား လူမ်ိဳးျခားတို႔အားသတင္းေကာင္းကို ေဟာေျပာေၾကညာရန္ တာဝန္ေပးေတာ္မူ ေၾကာင္းသိျမင္လာၾကေလသည္။-
Burmese MSBU
သို့သော် ကောင်းမြတ်သောသတင်းကို အရေဖျားလှီးထားသောသူတို့အတွက် ပေတရု၌ယုံကြည်အပ်နှံတော်မူသကဲ့သို့ အရေဖျားမလှီးသောသူတို့အတွက် ငါ၌ယုံကြည်အပ်နှံတော်မူကြောင်းကို သူတို့တွေ့မြင်ကြ၏။
Burmese MSBZ
သို႔ေသာ္ ေကာင္းျမတ္ေသာသတင္းကို အေရဖ်ားလွီးထားေသာသူတို႔အတြက္ ေပတ႐ု၌ယုံၾကည္အပ္ႏွံေတာ္မူသကဲ့သို႔ အေရဖ်ားမလွီးေသာသူတို႔အတြက္ ငါ၌ယုံၾကည္အပ္ႏွံေတာ္မူေၾကာင္းကို သူတို႔ေတြ႕ျမင္ၾက၏။