Galatians 2:8 — Compare Translations

5 translations compared side by side

Burmese (BCL) (Common Language Bible)
အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​သည် တန်​ခိုး​တော်​ဖြင့် ပေ​တ​ရု​အား​အ​ရေ​ဖျား လှီး​မင်္ဂ​လာ​ခံ​သူ​တို့​အ​တွက် တ​မန်​တော် အ​ဖြစ်​ခန့်​ထား​တော်​မူ​သ​ကဲ့​သို့ ငါ့​အား လည်း​လူ​မျိုး​ခြား​တို့​အ​တွက်​တ​မန်​တော် အ​ဖြစ်​ခန့်​ထား​တော်​မူ​သော​ကြောင့်​ဖြစ်​၏။-
Burmese 1835 Version Judson
ပေတရု၌ပြုပြင်တော်မူသောသူသည်၊ တပါးအမျိုးသားတို့တွင် ငါ့ကိုတမန်တော်ဖြစ်စေခြင်းငှါ ငါ၌ လည်း ပြုပြင်တော်မူသည်ဖြစ်၍၊ အရေဖျားလှီးခြင်းနှင့် မစပ်ဆိုင်သော ဧဝံဂေလိတရားကို ပေတရု၌ အပ်တော် မူသည် နည်းတူ၊ အရေဖျားလှီးခြင်းနှင့်မစပ်ဆိုင်သော ဧဝံဂေလိတရားကိုငါ၌ အပ်တော်မူကြောင်းကို သူတို့ သည် သိမြင်ကြ၏။
Burmese MCLZV
အ​ဘယ္​ေၾကာင့္​ဆို​ေသာ္​ဘု​ရား​သ​ခင္​သည္ တန္​ခိုး​ေတာ္​ျဖင့္ ေပ​တ​႐ု​အား​အ​ေရ​ဖ်ား လွီး​မဂၤ​လာ​ခံ​သူ​တို႔​အ​တြက္ တ​မန္​ေတာ္ အ​ျဖစ္​ခန႔္​ထား​ေတာ္​မူ​သ​ကဲ့​သို႔ ငါ့​အား လည္း​လူ​မ်ိဳး​ျခား​တို႔​အ​တြက္​တ​မန္​ေတာ္ အ​ျဖစ္​ခန႔္​ထား​ေတာ္​မူ​ေသာ​ေၾကာင့္​ျဖစ္​၏။-
Burmese MSBU
အကြောင်းမူကား အရေဖျား​လှီး​ထား​သော​သူ​တို့​၏​တမန်တော်​ဖြစ်​စေရန် ပေတရု​အထဲ၌ စီမံ​လုပ်ဆောင်​တော်မူ​သော​အရှင်​သည် လူမျိုးခြား​တို့​၏​တမန်တော်​ဖြစ်​စေရန် ငါ့​အထဲ၌​လည်း စီမံ​လုပ်ဆောင်​တော်မူ​၏။
Burmese MSBZ
အေၾကာင္းမူကား အေရဖ်ား​လွီး​ထား​ေသာ​သူ​တို႔​၏​တမန္ေတာ္​ျဖစ္​ေစရန္ ေပတ႐ု​အထဲ၌ စီမံ​လုပ္ေဆာင္​ေတာ္မူ​ေသာ​အရွင္​သည္ လူမ်ိဳးျခား​တို႔​၏​တမန္ေတာ္​ျဖစ္​ေစရန္ ငါ့​အထဲ၌​လည္း စီမံ​လုပ္ေဆာင္​ေတာ္မူ​၏။