Galatians 3:13 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
``သစ်တိုင်ပေါ်မှာဆွဲ၍အသတ်ခံရသူသည် ဘုရားသခင်၏ကျိန်စာသင့်သူဖြစ်၏'' ဟု ကျမ်းစာလာသည်နှင့်အညီ ခရစ်တော်သည် ငါတို့အတွက်ကျိန်စာသင့်သူအဖြစ်ကိုခံ ယူတော်မူပြီးနောက် ငါတို့အားပညတ်တရား ကြောင့်ကျိန်စာသင့်သည့်ဘေးမှရွေးနုတ် ကယ်တင်တော်မူ၏။-
Burmese 1835 Version Judson
ထိုကြောင့် ဘုရားသခင်ရှေ့တော်၌ ပညတ်တရားအားဖြင့် အဘယ်သူမျှဖြောင့်မတ်ရာသို့ မရောက် နိုင်ဟုထင်ရှားလျက်ရှိ၏။ သစ်တိုင်၌ ဆွဲထားခြင်း ခံရသောသူတိုင်း ကျိန်ခြင်းကို ခံရသောသူဖြစ်သည်ဟု ကျမ်းစာလာသည်နှင့်အညီ၊ ခရစ်တော်သည် ငါတို့ အတွက်ကြောင့် ကျိန်ခြင်းကို ခံရသောသူဖြစ်၍၊ ငါတို့ကို ပညတ်တရား၏ကျိန်ခြင်းမှရွေးနှုတ်တော်မူပြီ။
Burmese 1928
ယေ ရှု ခ ရစ် အား ဖြင့် လူ မျိုး ခြား တို့ အ ပေါ် သို့ အာ ဗြ ဟံ့ ဆိုင် ရာ ကောင်း ကြီး မင်္ဂ လာ သက် ရောက် စေ ခြင်း ငှာ လည်း ကောင်း၊ ယုံ ကြည် ခြင်း အား ဖြင့် က တိ ထား တော် မူ သော ဝိ ညာဉ် တော် ကို ငါ တို့ ခံ ရ စေ ခြင်း ငှာ လည်း ကောင်း၊ ကား တင် ခံ ရ သူ တိုင်း အ မင်္ဂ လာ ရှိ သူ ဖြစ် သည် ဟူ သော ကျမ်း ချက် အ ရ ခ ရစ် တော် သည် ပ ညတ် တ ရား တော့် ဆိုင် ရာ အ မင်္ဂ လာ မှ ငါ တို့ ကို ရွေး နှုတ် ရန် ငါ တို့ အ တွက် အ မင်္ဂ လာ ဖြစ် တော် မူ ရ လေ စွ။
Burmese 2021
ထိုကြောင့် ဘုရားသခင့်ရှေ့တော်၌ ပညတ်တရားအားဖြင့် အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်နိုင်ဟု ထင်ရှားလျက်ရှိ၏။ သစ်တိုင်၌ ဆွဲထားခြင်း ခံရသောသူတိုင်း ကျိန်ခြင်းကို ခံရသောသူဖြစ်သည်ဟု ကျမ်းစာလာသည်နှင့် အညီ၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် ကျိန်ခြင်းကို ခံရသောသူဖြစ်၍၊ ငါတို့ကို ပညတ်တရား၏ကျိန်ခြင်းမှ ရွေးနုတ်တော်မူပြီ။-
Burmese JBZV
ထိုေၾကာင့္ ဘုရားသခင့္ေရွ႕ေတာ္၌ ပညတ္တရားအားျဖင့္ အဘယ္သူမၽွ ေျဖာင့္မတ္ရာသို႔ မေရာက္နိုင္ဟု ထင္ရွားလ်က္ရွိ၏။ သစ္တိုင္၌ ဆြဲထားျခင္း ခံရေသာသူတိုင္း က်ိန္ျခင္းကို ခံရေသာသူျဖစ္သည္ဟု က်မ္းစာလာသည္ႏွင့္ အညီ၊ ခရစ္ေတာ္သည္ ငါတို႔အတြက္ေၾကာင့္ က်ိန္ျခင္းကို ခံရေသာသူျဖစ္၍၊ ငါတို႔ကို ပညတ္တရား၏က်ိန္ျခင္းမွ ေရြးႏုတ္ေတာ္မူၿပီ။-
Burmese MCLZV
``သစ္တိုင္ေပၚမွာဆြဲ၍အသတ္ခံရသူသည္ ဘုရားသခင္၏က်ိန္စာသင့္သူျဖစ္၏'' ဟု က်မ္းစာလာသည္ႏွင့္အညီ ခရစ္ေတာ္သည္ ငါတို႔အတြက္က်ိန္စာသင့္သူအျဖစ္ကိုခံ ယူေတာ္မူၿပီးေနာက္ ငါတို႔အားပညတ္တရား ေၾကာင့္က်ိန္စာသင့္သည့္ေဘးမွေရြးႏုတ္ ကယ္တင္ေတာ္မူ၏။-
Burmese MSBU
ခရစ်တော်သည် ငါတို့အတွက် ကျိန်ခြင်းခံရသူဖြစ်ပြီး ငါတို့ကို ပညတ်တရား၏ကျိန်ခြင်းမှ ရွေးနုတ်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် “သစ်တိုင်ပေါ်၌ဆွဲထားခြင်းခံရသူတိုင်း ကျိန်ခြင်းကိုခံရသူဖြစ်၏” ဟု ရေးထား၏။
Burmese MSBZ
ခရစ္ေတာ္သည္ ငါတို႔အတြက္ က်ိန္ျခင္းခံရသူျဖစ္ၿပီး ငါတို႔ကို ပညတ္တရား၏က်ိန္ျခင္းမွ ေ႐ြးႏုတ္ေတာ္မူ၏။ အဘယ္ေၾကာင့္ဆိုေသာ္ “သစ္တိုင္ေပၚ၌ဆြဲထားျခင္းခံရသူတိုင္း က်ိန္ျခင္းကိုခံရသူျဖစ္၏” ဟု ေရးထား၏။