Genesis 1:28 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သူတို့ကိုကောင်းချီးပေးလျက်``သားသမီး များစွာမွေးဖွားကြလော့။ ကမ္ဘာမြေကြီး အရပ်ရပ်တို့တွင် သင်တို့၏အမျိုးစဉ်အမျိုး ဆက်နေထိုင်ကြလော့။ ကမ္ဘာမြေကြီးကိုလည်း စိုးပိုင်ကြလော့။ ရေသတ္တဝါ၊ ငှက်သတ္တဝါနှင့် တိရစ္ဆာန်ရိုင်းအမျိုးမျိုးတို့ကိုအုပ်စိုးကြ လော့'' ဟုမိန့်တော်မူ၏။-
Burmese 1835 Version Judson
အချင်းတို့ များပြားစွာမွေးဘွားကြလော့။ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကို၎င်း၊ မိုဃ်းကောင်းကင်ငှက်တို့ကို၎င်း၊ အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း အုပ်စိုးကြလော့ဟုမိန့်တော်မူ၍၊ သူတို့ကိုကောင်းကြီးပေးတော်မူ၏။
Burmese 1928
ဘု ရား သ ခင် သည် ထို သူ တို့ အား ကောင်း ကြီး ပေး လျက် များ ပြား စွာ မွေး ဖွား ကြ လော့။ မြေ ကြီး ကို ပြည့် စေ၍ နိုင် နင်း ကြ လော့။ ရေ သ တ္တ ဝါ တို့ ကို လည်း ကောင်း၊ လေ သ တ္တ ဝါ တို့ ကို လည်း ကောင်း၊ မြေ ပေါ် မှာ တွား တတ် သော သက် ရှိ တိ ရ စ္ဆာန် အ ပေါင်း တို့ ကို လည်း ကောင်း အုပ် စိုး ကြ လော့ ဟု မိန့် တော် မူ ၏။
Burmese 2021
အချင်းတို့၊ များပြားစွာမွေးဖွားကြလော့။ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့ဟုမိန့်တော်မူ၍၊ သူတို့ကိုကောင်းချီးပေးတော်မူ၏။
Burmese JBZV
အခ်င္းတို႔၊ မ်ားျပားစြာေမြးဖြားၾကေလာ့။ ေျမႀကီးကို ျပည့္ေစ၍ နိုင္ၾကေလာ့။ ပင္လယ္ငါးတို႔ကိုလည္းေကာင္း၊ မိုးေကာင္းကင္ငွက္တို႔ကိုလည္းေကာင္း၊ အသက္ရွင္၍ ေျမေပၚမွာ လွုပ္ရွားတတ္ေသာ တိရစၧာန္အေပါင္းတို႔ကိုလည္းေကာင္း အုပ္စိုးၾကေလာ့ဟုမိန္႔ေတာ္မူ၍၊ သူတို႔ကိုေကာင္းခ်ီးေပးေတာ္မူ၏။
Burmese MCLZV
သူတို႔ကိုေကာင္းခ်ီးေပးလ်က္``သားသမီး မ်ားစြာေမြးဖြားၾကေလာ့။ ကမၻာေျမႀကီး အရပ္ရပ္တို႔တြင္ သင္တို႔၏အမ်ိဳးစဥ္အမ်ိဳး ဆက္ေနထိုင္ၾကေလာ့။ ကမၻာေျမႀကီးကိုလည္း စိုးပိုင္ၾကေလာ့။ ေရသတၱဝါ၊ ငွက္သတၱဝါႏွင့္ တိရစၧာန္ရိုင္းအမ်ိဳးမ်ိဳးတို႔ကိုအုပ္စိုးၾက ေလာ့'' ဟုမိန႔္ေတာ္မူ၏။-
Burmese MSBU
ထို့နောက် ဘုရားသခင်သည် သူတို့ကိုကောင်းချီးပေးတော်မူ၏။ ဘုရားသခင်က “များစွာမွေးဖွား၍ တိုးပွားကြလော့။ မြေကြီးကိုပြည့်စေ၍ ၎င်းကိုနိုင်နင်းကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ မြေကြီးပေါ်မှာ လှုပ်ရှားသွားလာတတ်သော သက်ရှိသတ္တဝါအပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့”ဟု သူတို့အား မိန့်တော်မူ၏။
Burmese MSBZ
ထို႔ေနာက္ ဘုရားသခင္သည္ သူတို႔ကိုေကာင္းခ်ီးေပးေတာ္မူ၏။ ဘုရားသခင္က “မ်ားစြာေမြးဖြား၍ တိုးပြားၾကေလာ့။ ေျမႀကီးကိုျပည့္ေစ၍ ၎ကိုႏိုင္နင္းၾကေလာ့။ ပင္လယ္ငါးတို႔ကိုလည္းေကာင္း၊ မိုးေကာင္းကင္ငွက္တို႔ကိုလည္းေကာင္း၊ ေျမႀကီးေပၚမွာ လႈပ္ရွားသြားလာတတ္ေသာ သက္ရွိသတၱဝါအေပါင္းတို႔ကိုလည္းေကာင္း အုပ္စိုးၾကေလာ့”ဟု သူတို႔အား မိန႔္ေတာ္မူ၏။