Genesis 10:19 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ဇိဒုန်မြို့မှတောင်ဘက်ရှိဂါဇမြို့အနီးဂေရာ မြို့သို့လည်းကောင်း၊ အရှေ့ဘက်ရှိသောဒုံမြို့၊ ဂေါ မောရမြို့၊ အာဒမာမြို့နှင့်လာရှမြို့အနီး ဇေဘိုင်မြို့သို့လည်းကောင်းအနှံ့အပြား ရောက်ရှိနေထိုင်ကြ၏။-
Burmese 1835 Version Judson
ခါနာန်အမျိုးသား နေရာပြည်နယ်သည် ဇိဒုန်မြို့မှဂေရာမြို့၊ ဂါဇမြို့တိုင်အောင်၎င်း တဖန်သောဒုမြို့၊ ဂေါမာရမြို့၊ အာဒမာမြို့ ဇောဘိုင်မြို့ကိုလွန်၍ လာရှမြို့ တိုင်အောင်၎င်း ရှိသတည်း။
Burmese 1928
ခါ နာန် နယ် အ၀ှမ်း သည် ဇိ ဒုန် မြို့ မှ ဂေ ရာ မြို့ လမ်း၊ ဂါ ဇ မြို့ တိုင် အောင် လည်း ကောင်း၊ တစ် ဖန် သော ဒုံ မြို့၊ ဂေါ မာ ရ မြို့၊ အာ ဒ မာ မြို့၊ ဇေ ဘိုင် မြို့ လမ်း၊ လာ ရှ မြို့ တိုင် အောင် လည်း ကောင်း ကျယ် သ တည်း။
Burmese 2021
ခါနာန်အမျိုးသားနေရာပြည်နယ်သည် ဇိဒုန်မြို့မှ ဂေရာမြို့၊ ဂါဇမြို့တိုင်အောင်လည်းကောင်း၊ တစ်ဖန်သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့ကိုလွန်၍ လာရှမြို့တိုင်အောင်လည်းကောင်း ရှိသတည်း။
Burmese JBZV
ခါနာန္အမ်ိဳးသားေနရာျပည္နယ္သည္ ဇိဒုန္ၿမိဳ႕မွ ေဂရာၿမိဳ႕၊ ဂါဇၿမိဳ႕တိုင္ေအာင္လည္းေကာင္း၊ တစ္ဖန္ေသာဒုံၿမိဳ႕၊ ေဂါေမာရၿမိဳ႕၊ အာဒမာၿမိဳ႕၊ ေဇဘိုင္ၿမိဳ႕ကိုလြန္၍ လာရွၿမိဳ႕တိုင္ေအာင္လည္းေကာင္း ရွိသတည္း။
Burmese MCLZV
ဇိဒုန္ၿမိဳ႕မွေတာင္ဘက္ရွိဂါဇၿမိဳ႕အနီးေဂရာ ၿမိဳ႕သို႔လည္းေကာင္း၊ အေရွ႕ဘက္ရွိေသာဒုံၿမိဳ႕၊ ေဂါ ေမာရၿမိဳ႕၊ အာဒမာၿမိဳ႕ႏွင့္လာရွၿမိဳ႕အနီး ေဇဘိုင္ၿမိဳ႕သို႔လည္းေကာင္းအႏွံ့အျပား ေရာက္ရွိေနထိုင္ၾက၏။-
Burmese MSBU
ခါနာန်လူမျိုးတို့၏နယ်မြေအပိုင်းအခြားမှာ ဆီဒုန်မြို့မှသည် ဂေရာမြို့ကိုဖြတ်သွား၍ ဂါဇမြို့တိုင်အောင်ရောက်၏။ တစ်ဖန် သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့တို့ကိုဖြတ်သွား၍ လာရှမြို့တိုင်အောင်ရောက်လေ၏။
Burmese MSBZ
ခါနာန္လူမ်ိဳးတို႔၏နယ္ေျမအပိုင္းအျခားမွာ ဆီဒုန္ၿမိဳ႕မွသည္ ေဂရာၿမိဳ႕ကိုျဖတ္သြား၍ ဂါဇၿမိဳ႕တိုင္ေအာင္ေရာက္၏။ တစ္ဖန္ ေသာဒုံၿမိဳ႕၊ ေဂါေမာရၿမိဳ႕၊ အာဒမာၿမိဳ႕၊ ေဇဘိုင္ၿမိဳ႕တို႔ကိုျဖတ္သြား၍ လာရွၿမိဳ႕တိုင္ေအာင္ေရာက္ေလ၏။