Genesis 10:5 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထိုသူအပေါင်းတို့သည်ပင်လယ်ကမ်းခြေတစ် လျှောက်နှင့် ကျွန်းများပေါ်တွင်အနှံ့အပြားနေ ထိုင်သူတို့၏ဖခင်များဖြစ်ကြ၏။ ဤလူမျိုး အားလုံးတို့သည်ယာဖက်မှပေါက်ဖွားဆင်း သက်လာသောသားစဉ်မြေးဆက်တို့ဖြစ်၍ လူ အမျိုးမျိုးကွဲပြားလျက်အပြည်ပြည်တို့ ၌နေထိုင်ပြီးလျှင် လူမျိုးစုအလိုက်သီးခြား ဘာသာစကားများကိုပြောဆိုကြ၏။
Burmese 1835 Version Judson
ဤသူတို့သည် လူအမျိုးမျိုး တကျွန်းတနိုင်ငံ မြေနယ်တို့ကို ဘာသာအသီးအသီး၊ အမျိုးအနွယ် အသီးသီးရှိသည့်အတိုင်း၊ အချင်းချင်း ခွဲဝေကြ၏။
Burmese 1928
ထို သူ တို့ မှ ဆင်း သက်၍ သီး ခြား သော အ မျိုး အ နွယ်၊ သီး ခြား သော ဘာ သာ အ လိုက်၊ အ ပြည် ပြည် အ တိုင်း တိုင်း ၌ နေ သော ကျွန်း နိုင် ငံ သား အ မျိုး မျိုး တို့ သည် ကွဲ ပြား ရှိ နေ ကြ၏။
Burmese 2021
ဤသူတို့သည် လူအမျိုးမျိုး တစ်ကျွန်းတစ်နိုင်ငံမြေနယ်တို့ကို ဘာသာအသီးအသီး၊ အမျိုးအနွယ်အသီးအသီးရှိသည်အတိုင်း၊ အချင်းချင်းခွဲဝေကြ၏။
Burmese JBZV
ဤသူတို႔သည္ လူအမ်ိဳးမ်ိဳး တစ္ကၽြန္းတစ္နိုင္ငံေျမနယ္တို႔ကို ဘာသာအသီးအသီး၊ အမ်ိဳးအႏြယ္အသီးအသီးရွိသည္အတိုင္း၊ အခ်င္းခ်င္းခြဲေဝၾက၏။
Burmese MCLZV
ထိုသူအေပါင္းတို႔သည္ပင္လယ္ကမ္းေျခတစ္ ေလၽွာက္ႏွင့္ ကၽြန္းမ်ားေပၚတြင္အႏွံ့အျပားေန ထိုင္သူတို႔၏ဖခင္မ်ားျဖစ္ၾက၏။ ဤလူမ်ိဳး အားလုံးတို႔သည္ယာဖက္မွေပါက္ဖြားဆင္း သက္လာေသာသားစဥ္ေျမးဆက္တို႔ျဖစ္၍ လူ အမ်ိဳးမ်ိဳးကြဲျပားလ်က္အျပည္ျပည္တို႔ ၌ေနထိုင္ၿပီးလၽွင္ လူမ်ိဳးစုအလိုက္သီးျခား ဘာသာစကားမ်ားကိုေျပာဆိုၾက၏။
Burmese MSBU
ဤသူတို့မှတစ်ဆင့် ကမ်းရိုးတန်းဒေသ၌နေထိုင်သောလူမျိုးများ ပြန့်ပွားလာကြ၏။ သူတို့အသီးသီးသည် အတိုင်းတိုင်းအပြည်ပြည်၌ မိမိတို့ဘာသာစကားအလိုက်၊ မိမိတို့မျိုးနွယ်စုအလိုက်၊ မိမိတို့တိုင်းပြည်၌နေထိုင်ကြ၏။
Burmese MSBZ
ဤသူတို႔မွတစ္ဆင့္ ကမ္း႐ိုးတန္းေဒသ၌ေနထိုင္ေသာလူမ်ိဳးမ်ား ျပန႔္ပြားလာၾက၏။ သူတို႔အသီးသီးသည္ အတိုင္းတိုင္းအျပည္ျပည္၌ မိမိတို႔ဘာသာစကားအလိုက္၊ မိမိတို႔မ်ိဳးႏြယ္စုအလိုက္၊ မိမိတို႔တိုင္းျပည္၌ေနထိုင္ၾက၏။