Genesis 12:10 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ခါ​နာန်​ပြည်​တွင်​အ​စာ​ခေါင်း​ပါး​ခြင်း​ဘေး ဆိုက်​ရောက်​၍ အ​ခြေ​အ​နေ​ဆိုး​ရွား​လာ​သ ဖြင့်​အာ​ဗြံ​သည် အီ​ဂျစ်​ပြည်​၌​ခေတ္တ​နေ​ထိုင် ရန်​တောင်​ဘက်​သို့​ခ​ရီး​ထွက်​ခဲ့​လေ​သည်။-
Burmese 1835 Version Judson
ထို့နောက်၊ ခါနာန်ပြည်၌ အစားခေါင်းပါးခြင်းဖြစ်၏။ အလွန်အစားခေါင်းပါးသောကြောင့်၊ အာဗြံသည် အဲဂုတ္တပြည်၌ တည်းခိုးခြင်းငှါ သွားလေ၏။
Burmese 1928
ထို နောက် နေ ပြည်၌ အ စာ ခေါင်း ပါး ခြင်း ကပ် သင့် ရောက်၍ ကြီး လေး သော ကြောင့် အာ ဗြံ သည် အိ ဂျစ် ပြည်၌ တည်း ခို ရန် သွား လေ ၏။
Burmese 2021
ထို​နောက်၊ ခါ​နာန်​ပြည်၌ အ​စား​ခေါင်း​ပါး​ခြင်း​ဖြစ်၏။ အ​လွန်​အ​စား​ခေါင်း​ပါး​သော​ကြောင့်၊ အာ​ဗြံ​သည် အဲ​ဂု​တ္တု​ပြည်၌​တည်း​ခို​ခြင်း​ငှာ သွား​လေ၏။
Burmese JBZV
ထို​ေနာက္၊ ခါ​နာန္​ျပည္၌ အ​စား​ေခါင္း​ပါး​ျခင္း​ျဖစ္၏။ အ​လြန္​အ​စား​ေခါင္း​ပါး​ေသာ​ေၾကာင့္၊ အာ​ၿဗံ​သည္ အဲ​ဂု​တၱဳ​ျပည္၌​တည္း​ခို​ျခင္း​ငွာ သြား​ေလ၏။
Burmese MCLZV
ခါ​နာန္​ျပည္​တြင္​အ​စာ​ေခါင္း​ပါး​ျခင္း​ေဘး ဆိုက္​ေရာက္​၍ အ​ေျခ​အ​ေန​ဆိုး​ရြား​လာ​သ ျဖင့္​အာ​ၿဗံ​သည္ အီ​ဂ်စ္​ျပည္​၌​ေခတၱ​ေန​ထိုင္ ရန္​ေတာင္​ဘက္​သို႔​ခ​ရီး​ထြက္​ခဲ့​ေလ​သည္။-
Burmese MSBU
ထို့နောက် ထို​ပြည်​၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ကျရောက်​၏​။ ထို​ပြည်​တွင် ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​အလွန်​ဆိုးရွား​သောကြောင့် အာဗြံ​သည် အီဂျစ်​ပြည်​၌​တည်းခိုနေထိုင်​ရန် ဆင်းသွား​လေ​၏​။
Burmese MSBZ
ထို႔ေနာက္ ထို​ျပည္​၌ ငတ္မြတ္ေခါင္းပါး​ျခင္း​ေဘး​က်ေရာက္​၏​။ ထို​ျပည္​တြင္ ငတ္မြတ္ေခါင္းပါး​ျခင္း​ေဘး​အလြန္​ဆိုး႐ြား​ေသာေၾကာင့္ အာၿဗံ​သည္ အီဂ်စ္​ျပည္​၌​တည္းခိုေနထိုင္​ရန္ ဆင္းသြား​ေလ​၏​။