Genesis 14:13 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထိုမြို့သားတစ်ယောက်သည် ရန်သူလက်မှလွတ် မြောက်ထွက်ပြေးလာ၍ဟေဗြဲအမျိုးသား အာဗြံအား အထက်ပါအဖြစ်အပျက်အကြောင်း စုံကိုပြောပြလေ၏။ အာဗြံသည်အာမောရိ အမျိုးသား မံရေပိုင်သောသစ်ပင်များအနီး တွင်နေထိုင်လျက်ရှိသည်။ မံရေနှင့်သူ၏ညီ များဖြစ်ကြသောဧရှကောလနှင့် အာနေရ တို့သည်အာဗြံ၏မဟာမိတ်များဖြစ်ကြ၏။-
Burmese 1835 Version Judson
ထိုဘေးမှ လွတ်၍ ပြေးသော သူတယောက်သည်၊ ဟေဗြဲလူ အာဗြံနှင့်မိဿဟာယဖွဲ့သောသူ၊ ဧရှ ကောလနှင့် အာနေရ၏အစ်ကို အာမောရိလူမံရေ၏ သပိတ်တောနားမှာ နေသော အာဗြံထံသို့ ရောက်၍၊ သိတင်းကြားပြောလေ၏။
Burmese 1928
ဧ ရှ ကော လ နှင့် အာ နေ ရ တို့ အစ် ကို၊ အာ မော ရိ လူ မျိုး မံ ရေ၏ ညန် မြိုင် အ နီး နေ လျက် ထို သူ တို့ နှင့် မိတ် ဖွဲ့ ခဲ့ သူ ဟေ ဗြဲ လူ မျိုး အာ ဗြံ့ ထံ လွတ် ပြေး သူ တစ် ယောက် ရောက် လာ ကြား ပြော သည့် အ တိုင်း၊
Burmese 2021
ထိုဘေးမှ လွတ်၍ပြေးသောသူတစ်ယောက်သည်၊ ဟေဗြဲလူအာဗြံနှင့် မိတ်သဟာယဖွဲ့သောသူ၊ ဧရှကောလနှင့် အာနေရ၏အစ်ကို အာမောရိလူ မံရေ၏သပိတ်တောနားမှာနေသော အာဗြံထံသို့ရောက်၍၊ သတင်းကြားပြောလေ၏။
Burmese JBZV
ထိုေဘးမွ လြတ္၍ေျပးေသာသူတစ္ေယာက္သည္၊ ေဟျဗဲလူအာၿဗံႏွင့္ မိတ္သဟာယဖြဲ႕ေသာသူ၊ ဧရွေကာလႏွင့္ အာေနရ၏အစ္ကို အာေမာရိလူ မံေရ၏သပိတ္ေတာနားမွာေနေသာ အာၿဗံထံသို႔ေရာက္၍၊ သတင္းၾကားေျပာေလ၏။
Burmese MCLZV
ထိုၿမိဳ႕သားတစ္ေယာက္သည္ ရန္သူလက္မွလြတ္ ေျမာက္ထြက္ေျပးလာ၍ေဟျဗဲအမ်ိဳးသား အာၿဗံအား အထက္ပါအျဖစ္အပ်က္အေၾကာင္း စုံကိုေျပာျပေလ၏။ အာၿဗံသည္အာေမာရိ အမ်ိဳးသား မံေရပိုင္ေသာသစ္ပင္မ်ားအနီး တြင္ေနထိုင္လ်က္ရွိသည္။ မံေရႏွင့္သူ၏ညီ မ်ားျဖစ္ၾကေသာဧရွေကာလႏွင့္ အာေနရ တို႔သည္အာၿဗံ၏မဟာမိတ္မ်ားျဖစ္ၾက၏။-
Burmese MSBU
လွတ်မြောက်လာသူတစ်ယောက်သည် အာမောရိလူမျိုးမံရေပိုင်သည့်ဝက်သစ်ချတောအနီး၌နေထိုင်သော ဟေဗြဲလူမျိုး အာဗြံထံသို့လာ၍ သတင်းပို့လေ၏။ မံရေသည် ဧရှကောလနှင့် အာနေရတို့၏အစ်ကိုဖြစ်ပြီး သူတို့သည် အာဗြံနှင့်မဟာမိတ်ဖွဲ့ထားသောသူများဖြစ်ကြ၏။
Burmese MSBZ
လြတ္ေျမာက္လာသူတစ္ေယာက္သည္ အာေမာရိလူမ်ိဳးမံေရပိုင္သည့္ဝက္သစ္ခ်ေတာအနီး၌ေနထိုင္ေသာ ေဟၿဗဲလူမ်ိဳး အာၿဗံထံသို႔လာ၍ သတင္းပို႔ေလ၏။ မံေရသည္ ဧရွေကာလႏွင့္ အာေနရတို႔၏အစ္ကိုျဖစ္ၿပီး သူတို႔သည္ အာၿဗံႏွင့္မဟာမိတ္ဖြဲ႕ထားေသာသူမ်ားျဖစ္ၾက၏။