Genesis 18:5 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
အရှင်တို့အတွက်စားစရာအနည်းငယ်ယူခဲ့ ပါမည်။ သို့မှသာလျှင်အားပြည့်လာ၍ခရီး ဆက်နိုင်ပါမည်။ အရှင်တို့သည်အကျွန်ုပ်အိမ် သို့ကြွရောက်လာကြခြင်းဖြင့် အကျွန်ုပ်အား ချီးမြှင့်ပါပြီ။ သို့ဖြစ်၍အရှင်တို့အားဧည့် ဝတ်ပြုပါရစေ'' ဟုဆိုလေ၏။ ထိုသူတို့က``သင်ပြောသည်အတိုင်းပြုပါလေ'' ဟုပြန်ပြောလေ၏။
Burmese 1835 Version Judson
မုန့်အနည်းငယ်ကိုလည်း ယူခဲ့ပါမည်။ အမော အပန်းပြေသောအခါ သွားကြပါလော့။ ထိုသို့သော ကျေးဇူးတော်ကို ခံစေခြင်းငှါ၊ ကိုယ်တော် ကျွန်ရှိရာသို့ ရောက်ပါပြီဟုဆို၏။ ထိုသူတို့ကလည်း၊ ပြောသည်အတိုင်း ပြုပါလော့ဟုဆိုကြ၏။
Burmese 1928
ခဲ ဖွယ် စား ဖွယ် အ နည်း ငယ် ကို လည်း ယူ ခဲ့ ပါ မည်။ အား ဖြည့် တင်း ပြီး မှ ကြွ တော် မူ ကြ ပါ ဟု လျှောက် သော် ထို သူ တို့ က သင့် စ ကား အ တိုင်း ပြု လေ လော့ ဟု ဆို ကြ ၏။
Burmese 2021
မုန့်အနည်းငယ်ကိုလည်းယူခဲ့ပါမည်။ အမောအပန်းပြေသောအခါ သွားကြပါလော့။ ထိုသို့သော ကျေးဇူးတော်ကိုခံစေခြင်းငှာ၊ ကိုယ်တော်ကျွန်ရှိရာသို့ ရောက်ပါပြီဟုဆို၏။ ထိုသူတို့ကလည်း၊ ပြောသည်အတိုင်းပြုပါလော့ဟု ဆိုကြ၏။
Burmese JBZV
မုန္႔အနည္းငယ္ကိုလည္းယူခဲ့ပါမည္။ အေမာအပန္းေျပေသာအခါ သြားၾကပါေလာ့။ ထိုသို႔ေသာ ေက်းဇူးေတာ္ကိုခံေစျခင္းငွာ၊ ကိုယ္ေတာ္ကၽြန္ရွိရာသို႔ ေရာက္ပါၿပီဟုဆို၏။ ထိုသူတို႔ကလည္း၊ ေျပာသည္အတိုင္းျပဳပါေလာ့ဟု ဆိုၾက၏။
Burmese MCLZV
အရွင္တို႔အတြက္စားစရာအနည္းငယ္ယူခဲ့ ပါမည္။ သို႔မွသာလၽွင္အားျပည့္လာ၍ခရီး ဆက္နိုင္ပါမည္။ အရွင္တို႔သည္အကၽြန္ုပ္အိမ္ သို႔ႂကြေရာက္လာၾကျခင္းျဖင့္ အကၽြန္ုပ္အား ခ်ီးျမႇင့္ပါၿပီ။ သို႔ျဖစ္၍အရွင္တို႔အားဧည့္ ဝတ္ျပဳပါရေစ'' ဟုဆိုေလ၏။ ထိုသူတို႔က``သင္ေျပာသည္အတိုင္းျပဳပါေလ'' ဟုျပန္ေျပာေလ၏။
Burmese MSBU
စားစရာအနည်းငယ်ကိုလည်း ယူလာပါမည်။ အရှင်တို့၏အစေအပါးထံသို့ရောက်လာပြီဖြစ်၍ အားဖြည့်ပြီးမှ ခရီးဆက်ကြပါ”ဟု ဆိုလေ၏။ သူတို့ကလည်း “သင်ပြောသည့်အတိုင်းပြုပါလော့”ဟု ဆိုကြ၏။
Burmese MSBZ
စားစရာအနည္းငယ္ကိုလည္း ယူလာပါမည္။ အရွင္တို႔၏အေစအပါးထံသို႔ေရာက္လာၿပီျဖစ္၍ အားျဖည့္ၿပီးမွ ခရီးဆက္ၾကပါ”ဟု ဆိုေလ၏။ သူတို႔ကလည္း “သင္ေျပာသည့္အတိုင္းျပဳပါေလာ့”ဟု ဆိုၾက၏။
Recommended Reading