Genesis 19:13 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
သော​ဒုံ​မြို့​သား​တို့​အား​ကြီး​လေး​သော​အ​ပြစ်​တင်​စွပ်​စွဲ​သံ​များ​ကို​ထာ​ဝ​ရ​ဘု​ရား​ကြား​ရ​သ​ဖြင့် သော​ဒုံ​မြို့​ကို​ဖျက်​ဆီး​ပစ်​ရန် ငါ​တို့​ကို​စေ​လွှတ်​လိုက်​သည်'' ဟု​လော​တ​အား​ဆို​လေ​သည်။
Burmese 1835 Version Judson
ဤအရပ်ကို ငါတို့သည် ဖျက်ဆီးရမည်။ အကြောင်းမူကား၊ အရပ်သားတို့သည် ထာဝရဘုရား ရှေ့တော်မှာ အလွန်ကြွေးကြော်ခြင်းရှိသည်ဖြစ်၍၊ ဖျက်ဆီးစေခြင်းငှါ ထာဝရဘုရားသည် ငါတို့ကို စေလွှတ် တော်မူပြီဟု လောတအား ပြောဆိုကြ၏။
Burmese 1928
ဤ မြို့ တစ် ဘက် အော် ဟစ် သံ သည် ထာ၀ ရ ဘု ရား မျက် မှောက် တော် တွင် ပြင်း ထန် သည် ဖြစ်၍ ဖျက် ဆီး စေ ခြင်း ငှာ ထာ၀ ရ ဘု ရား သည် ငါ တို့ ကို စေ လွှတ် တော် မူ သည့် အ လျောက် ဤ မြို့ ကို ငါ တို့ ဖျက် ဆီး ရ မည် ဟု လော တ အား ပြော ဆို ကြ ၏။
Burmese 2021
ဤ​အ​ရပ်​ကို ငါ​တို့​သည်​ဖျက်​ဆီး​ရ​မည်။ အ​ကြောင်း​မူ​ကား၊ အ​ရပ်​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ အ​လွန်​ကြွေး​ကြော်​ခြင်း​ရှိ​သည်​ဖြစ်၍၊ ဖျက်​ဆီး​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို​စေ​လွှတ်​တော်​မူ​ပြီ​ဟု လော​တ​အား​ပြော​ဆို​ကြ​၏။
Burmese JBZV
ဤ​အ​ရပ္​ကို ငါ​တို႔​သည္​ဖ်က္​ဆီး​ရ​မည္။ အ​ေၾကာင္း​မူ​ကား၊ အ​ရပ္​သား​တို႔​သည္ ထာ​ဝ​ရ​ဘု​ရား​ေရွ႕​ေတာ္​မွာ အ​လြန္​ေႂကြး​ေၾကာ္​ျခင္း​ရွိ​သည္​ျဖစ္၍၊ ဖ်က္​ဆီး​ေစ​ျခင္း​ငွာ ထာ​ဝ​ရ​ဘု​ရား​သည္ ငါ​တို႔​ကို​ေစ​လႊတ္​ေတာ္​မူ​ၿပီ​ဟု ေလာ​တ​အား​ေျပာ​ဆို​ၾက​၏။
Burmese MCLZV
ေသာ​ဒုံ​ၿမိဳ႕​သား​တို႔​အား​ႀကီး​ေလး​ေသာ​အ​ျပစ္ တင္​စြပ္​စြဲ​သံ​မ်ား​ကို​ထာ​ဝ​ရ​ဘု​ရား​ၾကား​ရ သ​ျဖင့္ ေသာ​ဒုံ​ၿမိဳ႕​ကို​ဖ်က္​ဆီး​ပစ္​ရန္ ငါ​တို႔​ကို ေစ​လႊတ္​လိုက္​သည္'' ဟု​ေလာ​တ​အား​ဆို​ေလ​သည္။
Burmese MSBU
အဘယ်ကြောင့်​ဆိုသော် ငါ​တို့​သည် ဤ​အရပ်​ကို ဖျက်ဆီး​တော့​မည်​။ အကြောင်းမူကား သူ​တို့​၏​အော်ဟစ်ငိုကြွေးသံ​သည် ထာဝရဘုရား​ရှေ့​တော်​တွင် ကျယ်လောင်​လှ​သဖြင့် ထာဝရဘုရား​သည် ဤ​မြို့​ကို​ဖျက်ဆီး​ရန် ငါ​တို့​ကို​စေလွှတ်​တော်မူ​ပြီ​”​ဟု ဆို​ကြ​၏​။
Burmese MSBZ
အဘယ္ေၾကာင့္​ဆိုေသာ္ ငါ​တို႔​သည္ ဤ​အရပ္​ကို ဖ်က္ဆီး​ေတာ့​မည္​။ အေၾကာင္းမူကား သူ​တို႔​၏​ေအာ္ဟစ္ငိုေႂကြးသံ​သည္ ထာဝရဘုရား​ေရွ႕​ေတာ္​တြင္ က်ယ္ေလာင္​လွ​သျဖင့္ ထာဝရဘုရား​သည္ ဤ​ၿမိဳ႕​ကို​ဖ်က္ဆီး​ရန္ ငါ​တို႔​ကို​ေစလႊတ္​ေတာ္မူ​ၿပီ​”​ဟု ဆို​ၾက​၏​။