Genesis 20:1 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
အာဗြဟံသည်မံရေအရပ်မှခါနာန်ပြည်တောင် ပိုင်းသို့ပြောင်းရွှေ့ခဲ့ပြီးလျှင် ကာဒေရှမြို့နှင့်ရှုရ မြို့စပ်ကြားရှိအရပ်တွင်နေထိုင်လေ၏။ သူသည် ဂေရာမြို့၌နေထိုင်စဉ်၊-
Burmese 1835 Version Judson
တဖန်အာဗြဟံသည် တောင်ပြည်သို့ ခရီးသွား သဖြင့်၊ ကာဒေရှမြို့နှင့် ရှုရမြို့စပ်ကြားမှာနေ၍၊ ဂေရာမြို့ သို့ တည်းခို၏။
Burmese 1928
အာ ဗြ ဟံ သည် သူ့ နေ ရာ မှ နေ ဂပ် ခ ရိုင် သို့ ခ ရီး သွား သ ဖြင့် ကာ ဒေ ရှ မြို့ နှင့် ရှု ရ မြို့ စပ် ကြား မှာ နေ ပြီး လျှင် ဂေ ရာ မြို့ တွင် တည်း ခို ၏။
Burmese 2021
တစ်ဖန်အာဗြဟံသည် တောင်ပြည်သို့ ခရီးသွားသဖြင့်၊ ကာဒေရှမြို့နှင့် ရှုရမြို့စပ်ကြားမှာနေ၍၊ ဂေရာမြို့၌တည်းခို၏။
Burmese JBZV
တစ္ဖန္အာျဗဟံသည္ ေတာင္ျပည္သို႔ ခရီးသြားသျဖင့္၊ ကာေဒရွၿမိဳ႕ႏွင့္ ရွုရၿမိဳ႕စပ္ၾကားမွာေန၍၊ ေဂရာၿမိဳ႕၌တည္းခို၏။
Burmese MCLZV
အာျဗဟံသည္မံေရအရပ္မွခါနာန္ျပည္ေတာင္ ပိုင္းသို႔ေျပာင္းေရႊ႕ခဲ့ၿပီးလၽွင္ ကာေဒရွၿမိဳ႕ႏွင့္ရွုရ ၿမိဳ႕စပ္ၾကားရွိအရပ္တြင္ေနထိုင္ေလ၏။ သူသည္ ေဂရာၿမိဳ႕၌ေနထိုင္စဥ္၊-
Burmese MSBU
အာဗြဟံသည် ထိုအရပ်မှ နေဂေ့အရပ်သို့ရွှေ့ပြောင်း၍ ကာဒေရှအရပ်နှင့်ရှုရအရပ်ကြား၌ နေထိုင်လေ၏။ ဂေရာမြို့၌တည်းခိုနေထိုင်စဉ်
Burmese MSBZ
အာျဗဟံသည္ ထိုအရပ္မွ ေနေဂ့အရပ္သို႔ေ႐ႊ႕ေျပာင္း၍ ကာေဒရွအရပ္ႏွင့္ရႈရအရပ္ၾကား၌ ေနထိုင္ေလ၏။ ေဂရာၿမိဳ႕၌တည္းခိုေနထိုင္စဥ္