Genesis 27:19 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ယာကုပ်က``ကျွန်တော်သည်သားကြီးဧသော ဖြစ်ပါသည်။ ဖခင်မှာကြားသည့်အတိုင်းဆောင် ရွက်ပြီးပါပြီ။ ယခုထ၍ကျွန်တော်ယူခဲ့သော အမဲဟင်းကိုသုံးဆောင်ပြီးလျှင်ကျွန်တော် အားကောင်းချီးပေးပါ'' ဟုပြောလေသည်။
Burmese 1835 Version Judson
ယာကုပ်ကလည်း၊ အကျွန်ုပ်ကား သားအကြီး ဧသောဖြစ်ပါ၏။ အဘမှာထားသည်အတိုင်းပြုပါပြီ။ ထ၍ထိုင်ပါ။ အဘ၏ဝိညာဉ်သည် အကျွန်ုပ်ကို ကောင်း ကြီးပေးမည်အကြောင်း၊ အကျွန်ုပ်၏အမဲသားကို စား ပါလော့ဟု ဆိုလေ၏။
Burmese 1928
ယာ ကုပ် က ကျွန် တော် ကား၊ သား ဦး ဧ သော ဖြစ် ပါ၏။ အ ဘ အ မိန့် ရှိ သည့် အ တိုင်း ပြု ခဲ့ ပါ ပြီ။ ထ၍ ထိုင် ပါ။ အ ဘ စိတ်၀ိ ညာဉ် သည် ကျွန် တော် ကို ကောင်း ကြီး ပေး ရန် ကျွန် တော့် အ မဲ သား ကို သုံး ဆောင် ပါ ဟု လျှောက် လေ ၏။
Burmese 2021
ယာကုပ်ကလည်း၊ အကျွန်ုပ်ကား သားအကြီးဧသောဖြစ်ပါ၏။ အဘမှာထားသည်အတိုင်း ပြုပါပြီ။ ထ၍ထိုင်ပါ။ အဘ၏ဝိညာဉ်သည် အကျွန်ုပ်ကို ကောင်းချီးပေးမည်အကြောင်း၊ အကျွန်ုပ်၏အမဲသားကိုစားပါလော့ဟု ဆိုလေ၏။
Burmese JBZV
ယာကုပ္ကလည္း၊ အကၽြန္ုပ္ကား သားအႀကီးဧေသာျဖစ္ပါ၏။ အဘမွာထားသည္အတိုင္း ျပဳပါၿပီ။ ထ၍ထိုင္ပါ။ အဘ၏ဝိညာဥ္သည္ အကၽြန္ုပ္ကို ေကာင္းခ်ီးေပးမည္အေၾကာင္း၊ အကၽြန္ုပ္၏အမဲသားကိုစားပါေလာ့ဟု ဆိုေလ၏။
Burmese MCLZV
ယာကုပ္က``ကၽြန္ေတာ္သည္သားႀကီးဧေသာ ျဖစ္ပါသည္။ ဖခင္မွာၾကားသည့္အတိုင္းေဆာင္ ရြက္ၿပီးပါၿပီ။ ယခုထ၍ကၽြန္ေတာ္ယူခဲ့ေသာ အမဲဟင္းကိုသုံးေဆာင္ၿပီးလၽွင္ကၽြန္ေတာ္ အားေကာင္းခ်ီးေပးပါ'' ဟုေျပာေလသည္။
Burmese MSBU
ယာကုပ်ကလည်း “အကျွန်ုပ်သည် အဖေ့သားဦးဧသောဖြစ်ပါသည်။ အဖေပြောသည့်အတိုင်း အကျွန်ုပ်ပြုပါပြီ။ အဖေသည် အကျွန်ုပ်ကို ကောင်းချီးပေးမည့်အကြောင်း ယခု ထ၍ထိုင်ပါ။ အကျွန်ုပ်၏တောကောင်သားကို စားပါ”ဟု မိမိဖခင်အား ဆိုလေ၏။
Burmese MSBZ
ယာကုပ္ကလည္း “အကြၽႏ္ုပ္သည္ အေဖ့သားဦးဧေသာျဖစ္ပါသည္။ အေဖေျပာသည့္အတိုင္း အကြၽႏ္ုပ္ျပဳပါၿပီ။ အေဖသည္ အကြၽႏ္ုပ္ကို ေကာင္းခ်ီးေပးမည့္အေၾကာင္း ယခု ထ၍ထိုင္ပါ။ အကြၽႏ္ုပ္၏ေတာေကာင္သားကို စားပါ”ဟု မိမိဖခင္အား ဆိုေလ၏။