Genesis 30:40 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ယာကုပ်သည်သိုးအုပ်နှင့်ဆိတ်အုပ်တို့ကိုခွဲ ခြားထားပြီးလျှင် လာဗန်၏တိရစ္ဆာန်အုပ်ထဲမှ အပြောက်အကျားနှင့်မည်းနက်သောအကောင် တို့ကိုမျက်နှာမူစေသည်။ ထိုနည်းအားဖြင့် သူပိုင်သောသိုးဆိတ်များပွားများလာ၍ လာဗန်၏သိုးဆိတ်အုပ်နှင့်သီးခြားထား ရှိလေသည်။
Burmese 1835 Version Judson
ယာကုပ်သည် သိုး၊ ဆိတ်သငယ်တို့ကိုလည်း ခွဲထား၍၊ လာဗန်၏သိုးစု၊ ဆိတ်စုတွင် အဆင်းပြောက် ကျားသော အကောင်၊ အဆင်းညိုသော အကောင်ရှိသမျှ တို့ ရှေ့မှာ သိုးဆိတ်များကိုမျက်နှာပြုစေ၏။ မိမိတိရစ္ဆာန် များနှင့်လာဗန်၏ တိရစ္ဆာန်များကိုလည်း မရောမနှော စေဘဲ၊ တစုစီခွဲထားလေ၏။
Burmese 1928
ယာ ကုပ် သည် ၎င်း သား ငယ် များ ကို ခွဲ ထား၍ လာ ဗန့် သိုး ဆိတ် များ အ နက် အ ညို၊ အ ကျား ရှိ သ မျှ တို့ ရှေ့ မှာ သိုး ဆိတ် များ ကို မျက် နှာ ချင်း ဆိုင် စေ ၏။ ကိုယ့် သိုး ဆိတ် များ ကို လည်း သီး သန့် ခွဲ ထား၍ လာ ဗန့် သိုး ဆိတ် များ နှင့် မ ရော မ နှော စေ ရ။
Burmese 2021
ယာကုပ်သည်သိုး၊ ဆိတ်သငယ်တို့ကိုလည်းခွဲထား၍၊ လာဗန်၏သိုးစု၊ ဆိတ်စုတွင် အဆင်းပြောက်ကျားသောအကောင်၊ အဆင်းညိုသောအကောင်ရှိသမျှတို့ရှေ့မှာ သိုးဆိတ်များကိုမျက်နှာပြုစေ၏။ မိမိတိရစ္ဆာန်များနှင့် လာဗန်၏တိရစ္ဆာန်များကိုလည်း မရောမနှောစေဘဲ၊ တစ်စုစီခွဲထားလေ၏။
Burmese JBZV
ယာကုပ္သည္သိုး၊ ဆိတ္သငယ္တို႔ကိုလည္းခြဲထား၍၊ လာဗန္၏သိုးစု၊ ဆိတ္စုတြင္ အဆင္းေျပာက္က်ားေသာအေကာင္၊ အဆင္းညိဳေသာအေကာင္ရွိသမၽွတို႔ေရွ႕မွာ သိုးဆိတ္မ်ားကိုမ်က္ႏွာျပဳေစ၏။ မိမိတိရစၧာန္မ်ားႏွင့္ လာဗန္၏တိရစၧာန္မ်ားကိုလည္း မေရာမေႏွာေစဘဲ၊ တစ္စုစီခြဲထားေလ၏။
Burmese MCLZV
ယာကုပ္သည္သိုးအုပ္ႏွင့္ဆိတ္အုပ္တို႔ကိုခြဲ ျခားထားၿပီးလၽွင္ လာဗန္၏တိရစၧာန္အုပ္ထဲမွ အေျပာက္အက်ားႏွင့္မည္းနက္ေသာအေကာင္ တို႔ကိုမ်က္ႏွာမူေစသည္။ ထိုနည္းအားျဖင့္ သူပိုင္ေသာသိုးဆိတ္မ်ားပြားမ်ားလာ၍ လာဗန္၏သိုးဆိတ္အုပ္ႏွင့္သီးျခားထား ရွိေလသည္။
Burmese MSBU
ယာကုပ်သည် မွေးလာသည့်သိုးသငယ်၊ ဆိတ်သငယ်တို့ကိုသီးသန့်ခွဲထား၍ သိုးဆိတ်တို့ကို လာဗန်၏သိုးဆိတ်တို့ထဲမှ အစင်းကျားပါသောအကောင်နှင့် ညိုသောအကောင်အားလုံး၏ရှေ့၌ထားလေ၏။ ဤသို့ဖြင့် သူသည် မိမိကိုယ်ပိုင်တိရစ္ဆာန်အုပ်ဖြစ်လာအောင်ပြုပြီး လာဗန်၏သိုးဆိတ်တို့နှင့်မရောဘဲထားလေ၏။
Burmese MSBZ
ယာကုပ္သည္ ေမြးလာသည့္သိုးသငယ္၊ ဆိတ္သငယ္တို႔ကိုသီးသန႔္ခြဲထား၍ သိုးဆိတ္တို႔ကို လာဗန္၏သိုးဆိတ္တို႔ထဲမွ အစင္းက်ားပါေသာအေကာင္ႏွင့္ ညိဳေသာအေကာင္အားလုံး၏ေရွ႕၌ထားေလ၏။ ဤသို႔ျဖင့္ သူသည္ မိမိကိုယ္ပိုင္တိရစာၦန္အုပ္ျဖစ္လာေအာင္ျပဳၿပီး လာဗန္၏သိုးဆိတ္တို႔ႏွင့္မေရာဘဲထားေလ၏။