Genesis 34:14 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သူတို့က``ကျွန်ုပ်တို့၏နှမကိုအရေဖျားလှီး ခြင်းမင်္ဂလာမခံရသူနှင့်ထိမ်းမြားပေးခွင့် မရှိပါ။ ထိုသို့ပြုလျှင်ကျွန်ုပ်တို့အတွက် ရှက်ဖွယ်ဖြစ်ပါသည်။-
Burmese 1835 Version Judson
ကျွန်ုပ်တို့နှမကို အရေဖျားလှီးမင်္ဂလာကို မခံ သောသူအား မပေးစားနိုင်ပါ။ ပေးစားလျှင်၊ ကဲ့ရဲ့ဘွယ် သောအကြောင်း ဖြစ်ပါ၏။
Burmese 1928
အ ကျွန်ုပ် တို့ နှ မ ကို လှီး ဖြတ် ခြင်း မင်္ဂ လာ မ ခံ သော သူ နှင့် မ ထိမ်း မြား နိုင် ပါ။ ထိမ်း မြား လျှင် ကဲ့ ရဲ့ ဖွယ် အ ကြောင်း ဖြစ် ပါ ၏။
Burmese 2021
ကျွန်ုပ်တို့နှမကို အရေဖျားလှီးမင်္ဂလာကိုမခံသောသူအား မပေးစားနိုင်ပါ။ ပေးစားလျှင်၊ ကဲ့ရဲ့ဖွယ်သောအကြောင်းဖြစ်ပါ၏။
Burmese JBZV
ကၽြန္ုပ္တို႔ႏွမကို အေရဖ်ားလွီးမဂၤလာကိုမခံေသာသူအား မေပးစားနိုင္ပါ။ ေပးစားလၽွင္၊ ကဲ့ရဲ့ဖြယ္ေသာအေၾကာင္းျဖစ္ပါ၏။
Burmese MCLZV
သူတို႔က``ကၽြန္ုပ္တို႔၏ႏွမကိုအေရဖ်ားလွီး ျခင္းမဂၤလာမခံရသူႏွင့္ထိမ္းျမားေပးခြင့္ မရွိပါ။ ထိုသို႔ျပဳလၽွင္ကၽြန္ုပ္တို႔အတြက္ ရွက္ဖြယ္ျဖစ္ပါသည္။-
Burmese MSBU
သူတို့က “ငါတို့၏နှမကို အရေဖျားမလှီးသောသူနှင့်ပေးစားခြင်းအမှုကို ငါတို့မပြုနိုင်ပါ။ အကြောင်းမူကား ထိုသို့ပြုလျှင် ငါတို့သည် ကဲ့ရဲ့ပြစ်တင်ခြင်းခံရလိမ့်မည်။
Burmese MSBZ
သူတို႔က “ငါတို႔၏ႏွမကို အေရဖ်ားမလွီးေသာသူႏွင့္ေပးစားျခင္းအမႈကို ငါတို႔မျပဳႏိုင္ပါ။ အေၾကာင္းမူကား ထိုသို႔ျပဳလွ်င္ ငါတို႔သည္ ကဲ့ရဲ႕ျပစ္တင္ျခင္းခံရလိမ့္မည္။