Genesis 36:2 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ဧ​သော​သည်​ခါ​နာန်​ပြည်​အ​မျိုး​သ​မီး​များ နှင့်​အိမ်​ထောင်​ကျ​သည်။ သူ​၏​မယား​များ​မှာ ဟိတ္တိ​အ​မျိုး​သား​ဧ​လုန်​၏​သ​မီး​အာ​ဒ၊ ဟိ​ဝိ အ​မျိုး​သား​ဇိ​ဘောင်​၏​သား​ဖြစ်​သူ​အာ​န​၏ သ​မီး​အ​ဟော​လိ​ဗာ​မ၊ ဣ​ရှ​မေ​လ​၏​သ​မီး တည်း​ဟူ​သော၊-
Burmese 1835 Version Judson
ဧသောသည် ဟိတ္တိအမျိုးဇိဘောင်သား အာန၏ သမီး အဟောလိဗာမတယောက်၊ ခါနာန်အမျိုးသမီး နှစ်ယောက်နှင့်၎င်း၊
Burmese 1928
ဧ သော သည်၊ ဟိ တ္တိ လူ မျိုး၊ ဧ လုန့် သ မီး အာ ဒ တစ် ယောက်၊ ဟိ ဝိ လူ မျိုး၊ ဇိ ဘောင့် မြေး၊ အာ န သ မီး အ ဟော လိ ဗာ မ တစ် ယောက်၊ ခါ နာန် ပြည် သူ နှစ် ယောက် နှင့် လည်း ကောင်း၊
Burmese 2021
ဧ​သော​သည် ဟိ​တ္တိ​အ​မျိုး ဧ​လုန်၏​သ​မီး အာ​ဒ​တစ်​ယောက်၊ ဟိ​ဝိ​အ​မျိုး​ဇိ​ဘောင်​သား အာ​န၏​သ​မီး​အ​ဟော​လိ​ဗာ​မ​တစ်​ယောက်၊ ခါ​နာန်​အ​မျိုး​သ​မီး​နှစ်​ယောက်​နှင့်​လည်း​ကောင်း၊
Burmese JBZV
ဧ​ေသာ​သည္ ဟိ​တၱိ​အ​မ်ိဳး ဧ​လုန္၏​သ​မီး အာ​ဒ​တစ္​ေယာက္၊ ဟိ​ဝိ​အ​မ်ိဳး​ဇိ​ေဘာင္​သား အာ​န၏​သ​မီး​အ​ေဟာ​လိ​ဗာ​မ​တစ္​ေယာက္၊ ခါ​နာန္​အ​မ်ိဳး​သ​မီး​ႏွစ္​ေယာက္​ႏွင့္​လည္း​ေကာင္း၊
Burmese MCLZV
ဧ​ေသာ​သည္​ခါ​နာန္​ျပည္​အ​မ်ိဳး​သ​မီး​မ်ား ႏွင့္​အိမ္​ေထာင္​က်​သည္။ သူ​၏​မယား​မ်ား​မွာ ဟိတၱိ​အ​မ်ိဳး​သား​ဧ​လုန္​၏​သ​မီး​အာ​ဒ၊ ဟိ​ဝိ အ​မ်ိဳး​သား​ဇိ​ေဘာင္​၏​သား​ျဖစ္​သူ​အာ​န​၏ သ​မီး​အ​ေဟာ​လိ​ဗာ​မ၊ ဣ​ရွ​ေမ​လ​၏​သ​မီး တည္း​ဟူ​ေသာ၊-
Burmese MSBU
ဧသော​သည် ခါနာန်​အမျိုးသမီး​တို့​နှင့်​အိမ်ထောင်ပြု​၏​။ ထို​သူ​တို့​မှာ ဟိတ္တိ​လူမျိုး​ဧလုန်​၏​သမီး​အာဒ​နှင့် ဟိဝိ​လူမျိုး​ဇိဘောင်​၏​မြေး​၊ အာန​၏​သမီး​အဟောလိဗာမ တို့​ဖြစ်​ကြ​၏​။
Burmese MSBZ
ဧေသာ​သည္ ခါနာန္​အမ်ိဳးသမီး​တို႔​ႏွင့္​အိမ္ေထာင္ျပဳ​၏​။ ထို​သူ​တို႔​မွာ ဟိတၱိ​လူမ်ိဳး​ဧလုန္​၏​သမီး​အာဒ​ႏွင့္ ဟိဝိ​လူမ်ိဳး​ဇိေဘာင္​၏​ေျမး​၊ အာန​၏​သမီး​အေဟာလိဗာမ တို႔​ျဖစ္​ၾက​၏​။