Genesis 40:5 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
တစ်ည၌ထောင်ထဲတွင်ဖလားတော်ဆက်ဝန် နှင့်စားတော်ဆက်ဝန်တို့သည် သီးခြားအနက် ပါရှိသောအိပ်မက်များကိုမြင်မက်ကြလေ သည်။-
Burmese 1835 Version Judson
ထိုသို့ထောင်ထဲမှာ အချုပ်ခံလျက်နေရသော အဲဂုတ္တုရှင်ဘုရင်၏ ဖလားတော်ဝန်နှင့် စားတော်ဝန် နှစ်ယောက်တို့သည်၊ အသီးအသီး မိမိတို့ ကိုယ်စီဆိုင်သော အနက်နှင့်ပြည့်စုံသော အိပ်မက်ကို တညဉ့်ခြင်းတွင် တယောက်တနည်းစီ မြင်မက်ကြ၏။
Burmese 1928
ထို သို့ နှောင် အိမ် တွင် အ ကျဉ်း ခံ ရ သော အိ ဂျစ် ဘု ရင်၏ ရေ ကြည် ဝန် နှင့် စား တော် ဝန် နှစ် ယောက် တို့ သည် ကိုယ် စီ ဆိုင် ရာ အ နက် ပါ အိပ် မက် ကို တစ် ညဉ့် ချင်း တွင် မြင် မက် ကြ ၏။
Burmese 2021
ထိုသို့ထောင်ထဲမှာ အချုပ်ခံလျက်နေရသော အဲဂုတ္တုရှင်ဘုရင်၏ ဖလားတော်ဝန်နှင့် စားတော်ဝန်နှစ်ယောက်တို့သည်၊ အသီးအသီး မိမိတို့ ကိုယ်စီဆိုင်သောအနက်နှင့်ပြည့်စုံသော အိပ်မက်ကိုတစ်ညချင်းတွင် တစ်ယောက်တစ်နည်းစီမြင်မက်ကြ၏။
Burmese JBZV
ထိုသို႔ေထာင္ထဲမွာ အခ်ဳပ္ခံလ်က္ေနရေသာ အဲဂုတၱဳရွင္ဘုရင္၏ ဖလားေတာ္ဝန္ႏွင့္ စားေတာ္ဝန္ႏွစ္ေယာက္တို႔သည္၊ အသီးအသီး မိမိတို႔ ကိုယ္စီဆိုင္ေသာအနက္ႏွင့္ျပည့္စုံေသာ အိပ္မက္ကိုတစ္ညခ်င္းတြင္ တစ္ေယာက္တစ္နည္းစီျမင္မက္ၾက၏။
Burmese MCLZV
တစ္ည၌ေထာင္ထဲတြင္ဖလားေတာ္ဆက္ဝန္ ႏွင့္စားေတာ္ဆက္ဝန္တို႔သည္ သီးျခားအနက္ ပါရွိေသာအိပ္မက္မ်ားကိုျမင္မက္ၾကေလ သည္။-
Burmese MSBU
အကျဉ်းထောင်ထဲ၌ အကျဉ်းချထားခြင်းခံရသော အီဂျစ်ဘုရင်၏ဖလားတော်ဝန်နှင့်စားတော်ဝန်နှစ်ယောက်တို့သည် အနက်ကိုယ်စီရှိသောအိပ်မက်ကို တစ်ညတည်း၌ အိပ်မက်မက်ကြ၏။
Burmese MSBZ
အက်ဥ္းေထာင္ထဲ၌ အက်ဥ္းခ်ထားျခင္းခံရေသာ အီဂ်စ္ဘုရင္၏ဖလားေတာ္ဝန္ႏွင့္စားေတာ္ဝန္ႏွစ္ေယာက္တို႔သည္ အနက္ကိုယ္စီရွိေသာအိပ္မက္ကို တစ္ညတည္း၌ အိပ္မက္မက္ၾက၏။
Recommended Reading