Genesis 41:55 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
အီဂျစ်ပြည်သားတို့သည်အစာခေါင်းပါး ခြင်းဒဏ်ကိုခံရကြသောအခါ ဖာရောဘုရင် အားရိက္ခာပေးရန်တောင်းဆိုကြ၏။ ထိုအခါ ဖာရောဘုရင်က``ယောသပ်ထံသို့သွားကြ။ သူပြောသည့်အတိုင်းပြုကြလော့''ဟုမိန့် တော်မူလေ၏။-
Burmese 1835 Version Judson
နောက်တဖန် အဲဂုတ္တုပြည်သူ ပြည်သား အပေါင်းတို့သည် မွတ်သိပ်သောအခါ စားစရာကိုရပါ မည်အကြောင်း ဖါရောမင်းထံ၌ ကြွေးကြော်ကြ၏။ဖါရောမင်းကလည်း၊ ယောသပ်ထံသို့သွားကြ၊ သူစီရင် သည်အတိုင်းပြုကြဟု အဲဂုတ္တုပြည်သူပြည်သား အပေါင်းတို့ကို မိန့်တော်မူ၏။
Burmese 1928
အိ ဂျစ် ပြည် တစ် ဝှမ်း လုံး တွင် အ စာ ခေါင်း ပါး ၍ ပြည် သူ ပြည် သား တို့ သည် ဆန် စ ပါး ရ ခြင်း ငှါ ဖာ ရော မင်း ထံ ဟစ် ကြ သော် ဖာ ရော မင်း က၊ ယော သပ် ထံ သို့ သွား ကြ။ သူ ဆို သည့် အ တိုင်း ပြု ကြ ဟူ၍ အိ ဂျစ် တစ် ပြည် လုံး တွင် အ မိန့် ထုတ် ဆင့် လေ၏။
Burmese 2021
နောက်တစ်ဖန် အဲဂုတ္တုပြည်သူပြည်သားအပေါင်းတို့သည် မွတ်သိပ်သောအခါ စားစရာကိုရပါမည်အကြောင်း ဖာရောမင်းထံ၌ကြွေးကြော်ကြ၏။ ဖာရောမင်းကလည်း၊ ယောသပ်ထံသို့သွားကြ၊ သူစီရင်သည်အတိုင်းပြုကြဟု အဲဂုတ္တုပြည်သူပြည်သား အပေါင်းတို့ကို မိန့်တော်မူ၏။
Burmese JBZV
ေနာက္တစ္ဖန္ အဲဂုတၱဳျပည္သူျပည္သားအေပါင္းတို႔သည္ မြတ္သိပ္ေသာအခါ စားစရာကိုရပါမည္အေၾကာင္း ဖာေရာမင္းထံ၌ေႂကြးေၾကာ္ၾက၏။ ဖာေရာမင္းကလည္း၊ ေယာသပ္ထံသို႔သြားၾက၊ သူစီရင္သည္အတိုင္းျပဳၾကဟု အဲဂုတၱဳျပည္သူျပည္သား အေပါင္းတို႔ကို မိန္႔ေတာ္မူ၏။
Burmese MCLZV
အီဂ်စ္ျပည္သားတို႔သည္အစာေခါင္းပါး ျခင္းဒဏ္ကိုခံရၾကေသာအခါ ဖာေရာဘုရင္ အားရိကၡာေပးရန္ေတာင္းဆိုၾက၏။ ထိုအခါ ဖာေရာဘုရင္က``ေယာသပ္ထံသို႔သြားၾက။ သူေျပာသည့္အတိုင္းျပဳၾကေလာ့''ဟုမိန႔္ ေတာ္မူေလ၏။-
Burmese MSBU
အီဂျစ်ပြည်တစ်ပြည်လုံးဆာလောင်မွတ်သိပ်သောအခါ လူတို့သည် အစားအစာအတွက် ဖာရောမင်းကြီးထံ အော်ဟစ်ကြ၏။ ထိုအခါ ဖာရောမင်းကြီးသည် အီဂျစ်ပြည်သားအပေါင်းတို့အား “ယောသပ်ထံသို့ သွားကြလော့။ သင်တို့အား သူပြောသည့်အတိုင်းပြုကြလော့”ဟု မိန့်ဆို၏။
Burmese MSBZ
အီဂ်စ္ျပည္တစ္ျပည္လုံးဆာေလာင္မြတ္သိပ္ေသာအခါ လူတို႔သည္ အစားအစာအတြက္ ဖာေရာမင္းႀကီးထံ ေအာ္ဟစ္ၾက၏။ ထိုအခါ ဖာေရာမင္းႀကီးသည္ အီဂ်စ္ျပည္သားအေပါင္းတို႔အား “ေယာသပ္ထံသို႔ သြားၾကေလာ့။ သင္တို႔အား သူေျပာသည့္အတိုင္းျပဳၾကေလာ့”ဟု မိန႔္ဆို၏။