Genesis 42:33 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထိုပြည်ကိုအုပ်စိုးသူက`သင်တို့သည်ရိုးသား သူများဖြစ်ကြောင်းကို ငါသိနိုင်ရန်ဤသို့ပြု လုပ်ရမည်။ သင်တို့အနက်တစ်ယောက်ကိုငါထံ ၌ထားခဲ့ရမည်။ ကျန်သောသူတို့ကရိက္ခာပြတ် နေသောသင်တို့၏မိသားစုထံသို့စပါးယူ ၍ပြန်ကြလော့။-
Burmese 1835 Version Judson
ထိုပြည်ကို အုပ်စိုးသောသခင်က၊ သင်တို့သည် ဖြောင့်မတ်သောသူမှန်သည်ကို အဘယ်သို့ ငါသိနိုင်မည် နည်းဆိုသော်၊ သင်တို့ညီအစ်ကိုတို့ တွင် တစုံတယောက်ကို ငါ့ထံ၌ထားရစ်ကြလော့။ သင်တို့အိမ်သူအိမ်သားတို့၌ အစာခေါင်းပါးသောကြောင့် အစာကိုယူ၍သွားကြလော့၊
Burmese 1928
ထို နိုင် ငံ ချုပ် မင်း က၊ သင် တို့ သည် လူ ရိုး လူ ကောင်း မှန် မ မှန် ငါ သိ ရန် နည်း မှာ၊ ညီ အစ် ကို ဖြစ် သော သင် တို့ အ နက် တစ် ယောက် ကို ငါ့ ထံ၌ ထား ခဲ့၍ အိမ် သူ အိမ် သား တို့ မွတ် သိပ် ခြင်း ကင်း စေ ရန် စ ပါး ကို ယူ သွား ပြီး လျှင် ညီ ထွေး ကို ငါ့ ထံ သို့ ဆောင် ခဲ့ ကြ လော့။
Burmese 2021
ထိုပြည်ကို အုပ်စိုးသောသခင်က၊ သင်တို့သည် ဖြောင့်မတ်သောသူမှန်သည်ကို အဘယ်သို့ ငါသိနိုင်မည်နည်းဆိုသော်၊ သင်တို့ညီအစ်ကိုတို့တွင် တစ်စုံတစ်ယောက်ကို ငါ့ထံ၌ထားရစ်ကြလော့။ သင်တို့အိမ်သူအိမ်သားတို့၌ အစာခေါင်းပါးသောကြောင့် အစာကိုယူ၍ သွားကြလော့၊
Burmese JBZV
ထိုျပည္ကို အုပ္စိုးေသာသခင္က၊ သင္တို႔သည္ ေျဖာင့္မတ္ေသာသူမွန္သည္ကို အဘယ္သို႔ ငါသိနိုင္မည္နည္းဆိုေသာ္၊ သင္တို႔ညီအစ္ကိုတို႔တြင္ တစ္စုံတစ္ေယာက္ကို ငါ့ထံ၌ထားရစ္ၾကေလာ့။ သင္တို႔အိမ္သူအိမ္သားတို႔၌ အစာေခါင္းပါးေသာေၾကာင့္ အစာကိုယူ၍ သြားၾကေလာ့၊
Burmese MCLZV
ထိုျပည္ကိုအုပ္စိုးသူက`သင္တို႔သည္ရိုးသား သူမ်ားျဖစ္ေၾကာင္းကို ငါသိနိုင္ရန္ဤသို႔ျပဳ လုပ္ရမည္။ သင္တို႔အနက္တစ္ေယာက္ကိုငါထံ ၌ထားခဲ့ရမည္။ က်န္ေသာသူတို႔ကရိကၡာျပတ္ ေနေသာသင္တို႔၏မိသားစုထံသို႔စပါးယူ ၍ျပန္ၾကေလာ့။-
Burmese MSBU
ထိုပြည်၏အရှင်သခင်ကလည်း အကျွန်ုပ်တို့အား ‘သင်တို့သည် ရိုးသားသောသူများဖြစ်ကြောင်းကို ဤသို့ဖြင့် ငါသိရလိမ့်မည်။ သင်တို့ထဲမှညီအစ်ကိုတစ်ယောက်ကို ငါ့ထံ၌ထားခဲ့လော့။ အစာခေါင်းပါးသောကြောင့် သင်တို့၏အိမ်သူအိမ်သားတို့အတွက် စားနပ်ရိက္ခာကိုယူ၍ ပြန်သွားကြလော့။
Burmese MSBZ
ထိုျပည္၏အရွင္သခင္ကလည္း အကြၽႏ္ုပ္တို႔အား ‘သင္တို႔သည္ ႐ိုးသားေသာသူမ်ားျဖစ္ေၾကာင္းကို ဤသို႔ျဖင့္ ငါသိရလိမ့္မည္။ သင္တို႔ထဲမွညီအစ္ကိုတစ္ေယာက္ကို ငါ့ထံ၌ထားခဲ့ေလာ့။ အစာေခါင္းပါးေသာေၾကာင့္ သင္တို႔၏အိမ္သူအိမ္သားတို႔အတြက္ စားနပ္ရိကၡာကိုယူ၍ ျပန္သြားၾကေလာ့။