Genesis 47:19 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ကျွန်တော်တို့အစာငတ်၍မသေပါရစေနှင့်။ ကျွန်တော်တို့လယ်များလည်းပျက်ပြုန်းခြင်း မဖြစ်ပါစေနှင့်။ ကျွန်တော်တို့အားရိက္ခာပေး သည့်အတွက် ကျွန်တော်တို့နှင့်ကျွန်တော်တို့၏ လယ်မြေများကိုဝယ်တော်မူပါ။ ကျွန်တော်တို့ သည်ဖာရောဘုရင်ထံ၌ကျွန်ခံပါမည်။ လယ်မြေ များကိုလည်းဘုရင်လက်သို့အပ်ပါမည်။ ကျွန် တော်တို့အသက်မသေစေရန်လည်းကောင်း၊ လယ် များတွင်စိုက်ပျိုးနိုင်ရန်လည်းကောင်းစပါး ကိုပေးတော်မူပါ'' ဟုလျှောက်ကြလေ၏။
Burmese 1835 Version Judson
ရှေ့တော်၌ အဘယ်ကြောင့်သေ၍ ပြည်တော် ပျက်ရပါအံ့နည်း။ အစာကို ပေး၍ကျွန်တော်တို့နှင့် ကျွန်တော်တို့မြေကို ဝယ်ပါ။ ကျွန်တော်တို့သည် မြေနှင့် တကွ ဖါရောဘုရင်၏ ကျွန်ခံပါမည်။ ကျွန်တော်တို့သည် မသေ၊ အသက်ရှင်စေခြင်းငှါ၎င်း၊ ပြည်တော်သည် လူမဆိတ်ညံစေခြင်းငှါ၎င်း၊ မျိုးစေ့ကို ပေးပါဟု လျှောက်ကြ သော်၊
Burmese 1928
ကျွန် တော် မျိုး တို့ နှင့် ကိုယ် ပိုင် မြေ သည် ရှေ့ တော် တွင် အ ဘယ် ကြောင့် ပျက် စီး ဆုံး ပါး ရ အံ့ နည်း။ ကျွန် တော် မျိုး တို့ နှင့် မြေ ကို အ စာ ဖြင့် ဝယ် တော် မူ ပါ။ မြေ နှင့် တ ကွ ဖာ ရော မင်း ထံ ကျွန် ခံ ပါ မည်။ ကျွန် တော် မျိုး တို့ မ သေ၊ အ သက် ရှင် စေ ရန် လည်း ကောင်း၊ မြေ လည်း ဖုန်း ဆိုး မ ဖြစ် စေ ရန် လည်း ကောင်း မျိုး စေ့ ပေး တော် မူ ပါ ဟု လျှောက် ကြ ၏။
Burmese 2021
ရှေ့တော်၌အဘယ်ကြောင့်သေ၍ ပြည်တော်ပျက်ရပါအံ့နည်း။ အစာကိုပေး၍ ကျွန်တော်တို့နှင့် ကျွန်တော်တို့မြေကိုဝယ်ပါ။ ကျွန်တော်တို့သည် မြေနှင့်တကွ ဖာရောဘုရင်၏ကျွန်ခံပါမည်။ ကျွန်တော်တို့သည် မသေ၊ အသက်ရှင်စေခြင်းငှာလည်းကောင်း၊ ပြည်တော်သည်လူမဆိတ်ညံစေခြင်းငှာလည်းကောင်း၊ မျိုးစေ့ကိုပေးပါဟု လျှောက်ကြသော်၊
Burmese JBZV
ေရွ႕ေတာ္၌အဘယ္ေၾကာင့္ေသ၍ ျပည္ေတာ္ပ်က္ရပါအံ့နည္း။ အစာကိုေပး၍ ကၽြန္ေတာ္တို႔ႏွင့္ ကၽြန္ေတာ္တို႔ေျမကိုဝယ္ပါ။ ကၽြန္ေတာ္တို႔သည္ ေျမႏွင့္တကြ ဖာေရာဘုရင္၏ကၽြန္ခံပါမည္။ ကၽြန္ေတာ္တို႔သည္ မေသ၊ အသက္ရွင္ေစျခင္းငွာလည္းေကာင္း၊ ျပည္ေတာ္သည္လူမဆိတ္ညံေစျခင္းငွာလည္းေကာင္း၊ မ်ိဳးေစ့ကိုေပးပါဟု ေလၽွာက္ၾကေသာ္၊
Burmese MCLZV
ကၽြန္ေတာ္တို႔အစာငတ္၍မေသပါရေစႏွင့္။ ကၽြန္ေတာ္တို႔လယ္မ်ားလည္းပ်က္ျပဳန္းျခင္း မျဖစ္ပါေစႏွင့္။ ကၽြန္ေတာ္တို႔အားရိကၡာေပး သည့္အတြက္ ကၽြန္ေတာ္တို႔ႏွင့္ကၽြန္ေတာ္တို႔၏ လယ္ေျမမ်ားကိုဝယ္ေတာ္မူပါ။ ကၽြန္ေတာ္တို႔ သည္ဖာေရာဘုရင္ထံ၌ကၽြန္ခံပါမည္။ လယ္ေျမ မ်ားကိုလည္းဘုရင္လက္သို႔အပ္ပါမည္။ ကၽြန္ ေတာ္တို႔အသက္မေသေစရန္လည္းေကာင္း၊ လယ္ မ်ားတြင္စိုက္ပ်ိဳးနိုင္ရန္လည္းေကာင္းစပါး ကိုေပးေတာ္မူပါ'' ဟုေလၽွာက္ၾကေလ၏။
Burmese MSBU
အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့၏မြေသည် သခင့်ရှေ့၌ အဘယ်ကြောင့်ပျက်စီးရပါမည်နည်း။ အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့၏မြေကိုဝယ်၍ ထိုအစား စားစရာပေးပါလော့။ အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏မြေနှင့်တကွ ဖာရောမင်းကြီးထံ၌ ကျွန်ခံပါမည်။ အကျွန်ုပ်တို့ မသေဘဲ အသက်ရှင်ကြရမည့်အကြောင်း၊ မြေသည်လည်း မပျက်စီးမည့်အကြောင်း မျိုးစေ့ကိုပေးပါလော့”ဟု ဆိုကြ၏။
Burmese MSBZ
အကြၽႏ္ုပ္တို႔ႏွင့္အကြၽႏ္ုပ္တို႔၏ေျမသည္ သခင့္ေရွ႕၌ အဘယ္ေၾကာင့္ပ်က္စီးရပါမည္နည္း။ အကြၽႏ္ုပ္တို႔ႏွင့္အကြၽႏ္ုပ္တို႔၏ေျမကိုဝယ္၍ ထိုအစား စားစရာေပးပါေလာ့။ အကြၽႏ္ုပ္တို႔သည္ အကြၽႏ္ုပ္တို႔၏ေျမႏွင့္တကြ ဖာေရာမင္းႀကီးထံ၌ ကြၽန္ခံပါမည္။ အကြၽႏ္ုပ္တို႔ မေသဘဲ အသက္ရွင္ၾကရမည့္အေၾကာင္း၊ ေျမသည္လည္း မပ်က္စီးမည့္အေၾကာင္း မ်ိဳးေစ့ကိုေပးပါေလာ့”ဟု ဆိုၾက၏။