Genesis 47:24 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
စပါးရိတ်သိမ်းသည့်အခါငါးပုံတစ်ပုံကို ဘုရင့်ထံဆက်ရမည်။ ကျန်သောစပါးကိုမျိုး စပါးအတွက်နှင့်သင်တို့နှင့်မိသားစုစားသုံး ရန်အတွက်အသုံးပြုကြလော့'' ဟုဆိုလေ၏။
Burmese 1835 Version Judson
အသီးအနှံကိုရသောအခါ၊ ငါးဘို့တွင်တဘို့ကို ဖါရောမင်းအား ဆက်ရကြမည်။ လေးဘို့ကိုကား သင်တို့ ယူ၍ နောက်တဖန်မျိုးစေ့ကို ကြဲကြလော့။ သင်တို့စား၍ အိမ်သားများ၊ သူငယ်များတို့ကို ကျွေးကြလော့ဟု ပြည်သားတို့အား ဆို၏။
Burmese 1928
ရိတ် သိမ်း ချိန် တွင် ငါး ဖို့ တစ် ဖို့ ကို ဖာ ရော မင်း အား ဆက် သွင်း၍ လေး ဖို့ မူ ကား မျိုး စိုက် ပျိုး စေ ရန် လည်း ကောင်း၊ သင် တို့ မှ စ၍ သူ ငယ် တို့ နှင့် အိမ် သူ အိမ် သား တို့ သုံး ဆောင် စေ ရန် လည်း ကောင်း၊ သင် တို့ အ ဖို့ ဖြစ် လိမ့် မည် ဟု ဆို လျှင်၊
Burmese 2021
အသီးအနှံကိုရသောအခါ၊ ငါးဖို့တွင်တစ်ဖို့ကို ဖာရောမင်းအားဆက်ရကြမည်။ လေးဖို့ကိုကား သင်တို့ယူ၍ နောက်တစ်ဖန်မျိုးစေ့ကို ကြဲကြလော့။ သင်တို့စား၍ အိမ်သားများ၊ သူငယ်များတို့ကိုကျွေးကြလော့ဟု ပြည်သားတို့အားဆို၏။
Burmese JBZV
အသီးအႏွံကိုရေသာအခါ၊ ငါးဖို႔တြင္တစ္ဖို႔ကို ဖာေရာမင္းအားဆက္ရၾကမည္။ ေလးဖို႔ကိုကား သင္တို႔ယူ၍ ေနာက္တစ္ဖန္မ်ိဳးေစ့ကို ၾကဲၾကေလာ့။ သင္တို႔စား၍ အိမ္သားမ်ား၊ သူငယ္မ်ားတို႔ကိုေကၽြးၾကေလာ့ဟု ျပည္သားတို႔အားဆို၏။
Burmese MCLZV
စပါးရိတ္သိမ္းသည့္အခါငါးပုံတစ္ပုံကို ဘုရင့္ထံဆက္ရမည္။ က်န္ေသာစပါးကိုမ်ိဳး စပါးအတြက္ႏွင့္သင္တို႔ႏွင့္မိသားစုစားသုံး ရန္အတြက္အသုံးျပဳၾကေလာ့'' ဟုဆိုေလ၏။
Burmese MSBU
အသီးအနှံ၏ငါးပုံတစ်ပုံကို ဖာရောမင်းကြီးအားဆက်သရမည်။ လေးပုံသည် လယ်ယာအတွက်မျိုးစေ့၊ သင်တို့နှင့်သင်တို့၏အိမ်သူအိမ်သားများမှစ၍ သင်တို့၏ကလေးများစားသုံးရန်အတွက်အစားအစာ ဖြစ်ရမည်”ဟု ဆို၏။
Burmese MSBZ
အသီးအႏွံ၏ငါးပုံတစ္ပုံကို ဖာေရာမင္းႀကီးအားဆက္သရမည္။ ေလးပုံသည္ လယ္ယာအတြက္မ်ိဳးေစ့၊ သင္တို႔ႏွင့္သင္တို႔၏အိမ္သူအိမ္သားမ်ားမွစ၍ သင္တို႔၏ကေလးမ်ားစားသုံးရန္အတြက္အစားအစာ ျဖစ္ရမည္”ဟု ဆို၏။