Genesis 47:9 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ယာကုပ်က``ကျွန်တော်မျိုးသည်လောကတွင် ဧည့်သည်အာဂန္တုအဖြစ်နှစ်ပေါင်းတစ်ရာ့သုံး ဆယ်နေထိုင်ခဲ့ပါပြီ။ သို့ရာတွင်ဘိုးဘေး တို့၏သက်တမ်းကိုမမီပါ။ ကျွန်တော်မျိုး အသက်ရှင်ခဲ့သောနှစ်များမှာတို၍ကြမ်း တမ်းလှပါ၏'' ဟုလျှောက်လေ၏။-
Burmese 1835 Version Judson
ကျွန်တော်သည် ဧည့်သည်အာဂန္တုဖြစ်၍ လွန် သော အသက်သည် အနှစ်တရာသုံးဆယ်ရှိပါပြီ။ ကျွန်တော်အသက်ရှင်သော နှစ်ပေါင်းနည်း၍ဆိုးပါ၏။ ဧည့်သည် အာဂန္တုဖြစ်သော ဘိုးဘေးတို့၏ အသက်တန်း ကို မမှီပါဟု လျှောက်ဆိုပြီးလျှင်၊
Burmese 1928
ယာ ကုပ် က၊ ဧည့် သည် အ ဖြစ် နေ ခဲ့ ရ သော အ သက် ကား အ နှစ် တစ် ရာ့ သုံး ဆယ် ရှိ ပါ ပြီ။ အ သက် နှစ် ပေါင်း နည်း ပါး ၍ ဆိုး သွမ်း ပါ ၏။ ဧည့် သည် အ ဖြစ် နေ ခဲ့ သော ဘိုး ဘေး တို့ အ သက် တန်း ကို မ မှီ ပါ ဟု လျှောက် ဆို ပြီး လျှင်၊
Burmese 2021
ကျွန်တော်သည်ဧည့်သည်အာဂန္တုဖြစ်၍ လွန်သောအသက်သည် အနှစ်တစ်ရာသုံးဆယ်ရှိပါပြီ။ ကျွန်တော်အသက်ရှင်သောနှစ်ပေါင်းနည်း၍ ဆိုးပါ၏။ ဧည့်သည်အာဂန္တုဖြစ်သော ဘိုးဘေးတို့၏အသက်တန်းကို မမီပါဟု လျှောက်ဆိုပြီးလျှင်၊
Burmese JBZV
ကၽြန္ေတာ္သည္ဧည့္သည္အာဂႏၲဳျဖစ္၍ လြန္ေသာအသက္သည္ အႏွစ္တစ္ရာသုံးဆယ္ရွိပါၿပီ။ ကၽြန္ေတာ္အသက္ရွင္ေသာႏွစ္ေပါင္းနည္း၍ ဆိုးပါ၏။ ဧည့္သည္အာဂႏၲဳျဖစ္ေသာ ဘိုးေဘးတို႔၏အသက္တန္းကို မမီပါဟု ေလၽွာက္ဆိုၿပီးလၽွင္၊
Burmese MCLZV
ယာကုပ္က``ကၽြန္ေတာ္မ်ိဳးသည္ေလာကတြင္ ဧည့္သည္အာဂႏၲဳအျဖစ္ႏွစ္ေပါင္းတစ္ရာ့သုံး ဆယ္ေနထိုင္ခဲ့ပါၿပီ။ သို႔ရာတြင္ဘိုးေဘး တို႔၏သက္တမ္းကိုမမီပါ။ ကၽြန္ေတာ္မ်ိဳး အသက္ရွင္ခဲ့ေသာႏွစ္မ်ားမွာတို၍ၾကမ္း တမ္းလွပါ၏'' ဟုေလၽွာက္ေလ၏။-
Burmese MSBU
ယာကုပ်က “အကျွန်ုပ်သွားလာနေထိုင်ခဲ့သော နေ့ရက်နှစ်ကာလမှာ တစ်ရာ့သုံးဆယ်ရှိပါပြီ။ အကျွန်ုပ်အသက်ရှင်သော နေ့ရက်နှစ်ကာလသည် တိုတောင်း၍ဆိုးရွားပါ၏။ အကျွန်ုပ်ဘိုးဘေးတို့ အသက်ရှင်သွားလာနေထိုင်ခဲ့သော နေ့ရက်နှစ်ကာလကို မမီပါ”ဟု လျှောက်လေ၏။
Burmese MSBZ
ယာကုပ္က “အကြၽႏ္ုပ္သြားလာေနထိုင္ခဲ့ေသာ ေန႔ရက္ႏွစ္ကာလမွာ တစ္ရာ့သုံးဆယ္ရွိပါၿပီ။ အကြၽႏ္ုပ္အသက္ရွင္ေသာ ေန႔ရက္ႏွစ္ကာလသည္ တိုေတာင္း၍ဆိုး႐ြားပါ၏။ အကြၽႏ္ုပ္ဘိုးေဘးတို႔ အသက္ရွင္သြားလာေနထိုင္ခဲ့ေသာ ေန႔ရက္ႏွစ္ကာလကို မမီပါ”ဟု ေလွ်ာက္ေလ၏။