Genesis 8:9 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
မြေပြင်တစ်ခုလုံးရေလွှမ်းလျက်ရှိသေးသဖြင့် ချိုးငှက်သည်နားစရာနေရာမတွေ့ရချေ။ ထို့ ကြောင့်သင်္ဘောသို့ပြန်လာခဲ့ရာနောဧသည် လက် ဆန့်၍ချိုးကိုဖမ်းယူပြီးလျှင်သင်္ဘောထဲသို့ ပြန်သွင်းထားလေ၏။-
Burmese 1835 Version Judson
မြေတပြင်လုံး၌ ရေရှိသေးသောကြောင့်၊ ချိုးသည် ခြေဖြင့်နင်း၍ အမောဖြေစရာကို မတွေ့သဖြင့်၊ နောဧရှိရာ သင်္ဘောသို့ပြန်လာလေ၏။ နောဧသည်လည်း လက်ကိုဆန့်၍၊ ချိုးကိုကိုင်ယူပြီးလျှင်၊ မိမိနေရာ သင်္ဘော ထဲသို့သွင်းလေ၏။
Burmese 1928
မြေ တစ် ပြင် လုံး၌ ရေ ရှိ သေး သော ကြောင့် ခို သည် ခြေ ချ နား နေ ရာ ကို မ တွေ့ သ ဖြင့် နော ဧ ရှိ ရာ သင်္ဘော သို့ ပြန် လာ သော် နော ဧ လက် ဆန့် ၍ ခို ကို ဖမ်း ယူ ပြီး လျှင် ကိုယ့် နေ ရာ သင်္ဘော တွင်း သို့ သွင်း လေ ၏။
Burmese 2021
မြေတစ်ပြင်လုံး၌ ရေရှိသေးသောကြောင့်၊ ချိုးသည် ခြေဖြင့်နင်း၍ အမောဖြေစရာကိုမတွေ့သဖြင့်၊ နောဧရှိရာ သင်္ဘောသို့ပြန်လာလေ၏။ နောဧသည်လည်း လက်ကိုဆန့်၍၊ ချိုးကိုကိုင်ယူပြီးလျှင်၊ မိမိနေရာ သင်္ဘောထဲသို့သွင်းလေ၏။
Burmese JBZV
ေျမတစ္ျပင္လုံး၌ ေရရွိေသးေသာေၾကာင့္၊ ခ်ိဳးသည္ ေျချဖင့္နင္း၍ အေမာေျဖစရာကိုမေတြ႕သျဖင့္၊ ေနာဧရွိရာ သေဘၤာသို႔ျပန္လာေလ၏။ ေနာဧသည္လည္း လက္ကိုဆန္႔၍၊ ခ်ိဳးကိုကိုင္ယူၿပီးလၽွင္၊ မိမိေနရာ သေဘၤာထဲသို႔သြင္းေလ၏။
Burmese MCLZV
ေျမျပင္တစ္ခုလုံးေရလႊမ္းလ်က္ရွိေသးသျဖင့္ ခ်ိဳးငွက္သည္နားစရာေနရာမေတြ႕ရေခ်။ ထို႔ ေၾကာင့္သေဘၤာသို႔ျပန္လာခဲ့ရာေနာဧသည္ လက္ ဆန႔္၍ခ်ိဳးကိုဖမ္းယူၿပီးလၽွင္သေဘၤာထဲသို႔ ျပန္သြင္းထားေလ၏။-
Burmese MSBU
သို့သော် မြေတစ်ပြင်လုံး၌ ရေရှိသေးသောကြောင့် ချိုးငှက်သည် ခြေချနားနေစရာမတွေ့သဖြင့် နောဧရှိရာသင်္ဘောသို့ ပြန်လာလေ၏။ နောဧသည်လည်း လက်ကိုဆန့်၍ ချိုးငှက်ကိုဖမ်းယူပြီးလျှင် မိမိရှိရာသင်္ဘောထဲသို့သွင်းလေ၏။
Burmese MSBZ
သို႔ေသာ္ ေျမတစ္ျပင္လုံး၌ ေရရွိေသးေသာေၾကာင့္ ခ်ိဳးငွက္သည္ ေျခခ်နားေနစရာမေတြ႕သျဖင့္ ေနာဧရွိရာသေဘၤာသို႔ ျပန္လာေလ၏။ ေနာဧသည္လည္း လက္ကိုဆန႔္၍ ခ်ိဳးငွက္ကိုဖမ္းယူၿပီးလွ်င္ မိမိရွိရာသေဘၤာထဲသို႔သြင္းေလ၏။