Habakkuk 1:3 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ကိုယ်တော်ရှင်သည်အဘယ်ကြောင့်ကျွန်တော်မျိုးအား ဤသို့သောဆင်းရဲဒုက္ခနှင့်ဆိုးညစ်မှုကိုကြုံတွေ့စေတော်မူပါသနည်း။ ကျွန်တော်မျိုးသည်အကြမ်းဖက်မှု၊ လုယက်ဖျက်ဆီးမှုတို့နှင့်ရင်ဆိုင်၍နေရပါ၏။ နေရာတကာတွင်ခိုက်ရန်ဖြစ်ပွားမှု၊ ငြင်းခုံမှုများကိုလည်းတွေ့မြင်ရပါ၏။-
Burmese 1835 Version Judson
မတရားသောအမှုကို အကျွန်ုပ်အား အဘယ် ကြောင့်ပြတော်မူသနည်း။ အဓမ္မအမှုကို အဘယ်ကြောင့် မြင်စေတော်မူသနည်း။ လုယူခြင်း၊ အနိုင်အထက်ပြုခြင်း အမှုသည် အကျွန်ုပ်ရှေ့မှာ အဘယ်ကြောင့် ရှိရပါသ နည်း။ ငြင်းခုံခြင်း၊ ရန်တွေ့ခြင်းကိုလည်း အဘယ်ကြောင့် လူချင်းပြုရပါသနည်း။
Burmese 1928
ဒု စ ရိုက် ကို ခင်း ပြ ၍၊ မ ကောင်း ကို ကြည့် နေ တော် မူ သည် မှာ အ သို့ နည်း။ အ ကျွန်ုပ် ရှေ့ တွင် ကြမ်း ကြုတ် မှု၊ အ ဓ မ္မ မှု တည် ရှိ သည့် အ လျောက်၊
Burmese 2021
မတရားသောအမှုကို အကျွန်ုပ်အား အဘယ်ကြောင့် ပြတော်မူသနည်း။ အဓမ္မအမှုကို အဘယ်ကြောင့် မြင်စေတော်မူသနည်း။ လုယူခြင်း၊ အနိုင်အထက်ပြုခြင်းအမှုသည် အကျွန်ုပ်ရှေ့မှာ အဘယ်ကြောင့် ရှိရပါသနည်း။ ငြင်းခုံခြင်း၊ ရန်တွေ့ခြင်းကိုလည်း အဘယ်ကြောင့် လူချင်းပြုရပါသနည်း။
Burmese JBZV
မတရားေသာအမွုကို အကၽြန္ုပ္အား အဘယ္ေၾကာင့္ ျပေတာ္မူသနည္း။ အဓမၼအမွုကို အဘယ္ေၾကာင့္ ျမင္ေစေတာ္မူသနည္း။ လုယူျခင္း၊ အနိုင္အထက္ျပဳျခင္းအမွုသည္ အကၽြန္ုပ္ေရွ႕မွာ အဘယ္ေၾကာင့္ ရွိရပါသနည္း။ ျငင္းခုံျခင္း၊ ရန္ေတြ႕ျခင္းကိုလည္း အဘယ္ေၾကာင့္ လူခ်င္းျပဳရပါသနည္း။
Burmese MCLZV
ကိုယ္ေတာ္ရွင္သည္အဘယ္ေၾကာင့္ကၽြန္ေတာ္ မ်ိဳးအား ဤသို႔ေသာဆင္းရဲဒုကၡႏွင့္ဆိုးညစ္မွု ကိုၾကဳံေတြ႕ေစေတာ္မူပါသနည္း။ ကၽြန္ေတာ္ မ်ိဳးသည္အၾကမ္းဖက္မွု၊ လုယက္ဖ်က္ဆီးမွု တို႔ႏွင့္ရင္ဆိုင္၍ေနရပါ၏။ ေနရာတကာ တြင္ခိုက္ရန္ျဖစ္ပြားမွု၊ ျငင္းခုံမွုမ်ားကို လည္းေတြ႕ျမင္ရပါ၏။-
Burmese MSBU
အကျွန်ုပ်ကို အဘယ်ကြောင့် အပြစ်ဒုစရိုက်နှင့် ကြုံတွေ့စေသနည်း။ အဘယ်ကြောင့် အခက်အခဲပြဿနာများနှင့် တွေ့စေသနည်း။ ဖျက်ဆီးခြင်း၊ အကြမ်းဖက်ခြင်းသည် အကျွန်ုပ်ရှေ့တွင် ရှိနေပါ၏။ ခိုက်ရန်ဖြစ်ပွားမှု၊ အငြင်းပွားမှုများလည်း ဖြစ်ပွားနေပါ၏။
Burmese MSBZ
အကြၽႏ္ုပ္ကို အဘယ္ေၾကာင့္ အျပစ္ဒုစ႐ိုက္ႏွင့္ ႀကဳံေတြ႕ေစသနည္း။ အဘယ္ေၾကာင့္ အခက္အခဲျပႆနာမ်ားႏွင့္ ေတြ႕ေစသနည္း။ ဖ်က္ဆီးျခင္း၊ အၾကမ္းဖက္ျခင္းသည္ အကြၽႏ္ုပ္ေရွ႕တြင္ ရွိေနပါ၏။ ခိုက္ရန္ျဖစ္ပြားမႈ၊ အျငင္းပြားမႈမ်ားလည္း ျဖစ္ပြားေနပါ၏။