Haggai 1:9 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
``သင်တို့သည်အသီးအနှံအမြောက်အမြား ကို ရိတ်သိမ်းရလိမ့်မည်ဟုမျှော်လင့်ခဲ့သော် လည်း အနည်းငယ်မျှသာရကြ၏။ အိမ်သို့ ယူဆောင်လာကြသောအခါ၌လည်း ငါ သည်ယင်းတို့ကိုလေတွင်လွင့်စင်သွား စေခဲ့၏။ အဘယ်ကြောင့်ဤသို့ငါပြုရ သနည်းဆိုသော်သင်တို့အားလုံးပင် မိမိ တို့နေအိမ်များကိုတည်ဆောက်မှုဖြင့်အလုပ် ရှုပ်ကာ၊ ငါ၏ဗိမာန်တော်ကိုမူယိုယွင်းပျက် စီးလျက်သာရှိနေစေကြသောကြောင့်ဖြစ် ၏ဟုအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်တော်မူ၏။-''
Burmese 1835 Version Judson
သင်တို့သည် များစွာရမည်ဟု မြော်လင့်သော် လည်း ရသောဥစ္စာခေါင်းပါးရ၏။ အိမ်သို့ ရောက်သော အခါ ငါမှုတ်လိုက်၏။ အဘယ်ကြောင့်နည်းဟု၊ ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မေးတော်မူ၏။ ငါ့အိမ် သည် ပျက်လျက်ရှိသောကြောင့်၎င်း၊ သင်တို့သည် အသီး အသီး မိမိတို့အိမ်သို့ ပြေးသောကြောင့်၎င်း ဖြစ်သတည်း။
Burmese 1928
သင် တို့ သည် များ ပြား စွာ မျှော် လင့် သော် လည်း တလင်း သွင်း ရ သော အ နည်း ငယ် ကို ပင် ငါ လွင့် ပါး စေ ၏။ အသို့ ကြောင့် နည်း ဟူ မူ ကား လူ အ သီး သီး တို့ သည် ကိုယ့် အိမ် ကို သာ ဂ ရု စိုက် ကြ စဉ် ငါ့ ဗိ မာန် သည် ဖုန်း ဆိုး ကုန်း တည် ရှိ သော ကြောင့် တည်း။
Burmese 2021
သင်တို့သည် များစွာရမည်ဟု မျှော်လင့်သော်လည်း ရသောဥစ္စာခေါင်းပါးရ၏။ အိမ်သို့ ရောက်သောအခါ ငါမှုတ်လိုက်၏။ အဘယ်ကြောင့်နည်းဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မေးတော်မူ၏။ ငါ့အိမ်သည် ပျက်လျက်ရှိသောကြောင့်လည်းကောင်း၊ သင်တို့သည် အသီးအသီး မိမိတို့အိမ်သို့ပြေးသောကြောင့်လည်းကောင်း ဖြစ်သတည်း။
Burmese JBZV
သင္တို႔သည္ မ်ားစြာရမည္ဟု ေမၽွာ္လင့္ေသာ္လည္း ရေသာဥစၥာေခါင္းပါးရ၏။ အိမ္သို႔ ေရာက္ေသာအခါ ငါမွုတ္လိုက္၏။ အဘယ္ေၾကာင့္နည္းဟု၊ ေကာင္းကင္ဗိုလ္ေျခအရွင္ ထာဝရဘုရား ေမးေတာ္မူ၏။ ငါ့အိမ္သည္ ပ်က္လ်က္ရွိေသာေၾကာင့္လည္းေကာင္း၊ သင္တို႔သည္ အသီးအသီး မိမိတို႔အိမ္သို႔ေျပးေသာေၾကာင့္လည္းေကာင္း ျဖစ္သတည္း။
Burmese MCLZV
``သင္တို႔သည္အသီးအႏွံအေျမာက္အျမား ကို ရိတ္သိမ္းရလိမ့္မည္ဟုေမၽွာ္လင့္ခဲ့ေသာ္ လည္း အနည္းငယ္မၽွသာရၾက၏။ အိမ္သို႔ ယူေဆာင္လာၾကေသာအခါ၌လည္း ငါ သည္ယင္းတို႔ကိုေလတြင္လြင့္စင္သြား ေစခဲ့၏။ အဘယ္ေၾကာင့္ဤသို႔ငါျပဳရ သနည္းဆိုေသာ္သင္တို႔အားလုံးပင္ မိမိ တို႔ေနအိမ္မ်ားကိုတည္ေဆာက္မွုျဖင့္အလုပ္ ရွုပ္ကာ၊ ငါ၏ဗိမာန္ေတာ္ကိုမူယိုယြင္းပ်က္ စီးလ်က္သာရွိေနေစၾကေသာေၾကာင့္ျဖစ္ ၏ဟုအနႏၲတန္ခိုးရွင္ထာဝရဘုရား မိန႔္ေတာ္မူ၏။-''
Burmese MSBU
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့သည် များများရမည်ဟုမျှော်လင့်သော်လည်း နည်းနည်းသာ ရ၏။ သင်တို့အိမ်သို့ယူဆောင်လာသောအရာကို ငါမှုတ်ထုတ်ပစ်လိုက်၏။ အဘယ်ကြောင့်နည်းဟူမူကား ငါ့အိမ်တော်မှာပျက်စီးယိုယွင်းလျက်နှင့် သင်တို့အသီးသီးသည် ကိုယ့်အိမ်ဖို့သာ အလုပ်များနေကြသောကြောင့်ဖြစ်၏’ဟု မိန့်တော်မူ၏။
Burmese MSBZ
ေကာင္းကင္ဗိုလ္ေျခအရွင္ထာဝရဘုရားက ‘သင္တို႔သည္ မ်ားမ်ားရမည္ဟုေမွ်ာ္လင့္ေသာ္လည္း နည္းနည္းသာ ရ၏။ သင္တို႔အိမ္သို႔ယူေဆာင္လာေသာအရာကို ငါမႈတ္ထုတ္ပစ္လိုက္၏။ အဘယ္ေၾကာင့္နည္းဟူမူကား ငါ့အိမ္ေတာ္မွာပ်က္စီးယိုယြင္းလ်က္ႏွင့္ သင္တို႔အသီးသီးသည္ ကိုယ့္အိမ္ဖို႔သာ အလုပ္မ်ားေနၾကေသာေၾကာင့္ျဖစ္၏’ဟု မိန႔္ေတာ္မူ၏။