Haggai 2:22 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
တိုင်း​နိုင်​ငံ​တို့​ကို​ဖြို​ခွင်း​ကာ​သူ​တို့​၏​တန် ခိုး​အာ​ဏာ​ကို​ပျက်​သုဉ်း​စေ​မည်။ စစ်​မြင်း ရ​ထား​များ​ကို​ရ​ထား​ထိန်း​များ​နှင့်​တ​ကွ မှောက်​လှန်​ပစ်​မည်။ မြင်း​တို့​သည်​သေ​ကြ လိမ့်​မည်။ မြင်း​စီး​သူ​ရဲ​တို့​သည်​လည်း အ​ချင်း​ချင်း​သတ်​ဖြတ်​ကြ​လိမ့်​မည်။-
Burmese 1835 Version Judson
တိုင်းနိုင်ငံတို့၏ ရာဇပလ္လင်များကို မှောက်လှန် ၍၊ အမျိုးမျိုးသော တိုင်းနိုင်ငံတန်ခိုးကို ဖျက်ဆီးမည်။ ရထားနှင့် ရထားစီးသူရဲတို့ ကိုလည်း မှောက်လှန်မည်။ မြင်းနှင့် မြင်းစီးသူရဲ တို့သည် တယောက်ကို တယောက်ခုတ်၍ လဲကြလိမ့်မည်။
Burmese 1928
တိုင်း နိုင် ငံ များ၌ နန်း ချ ခြင်း၊ လူ မျိုး ခြား တို့ နိုင် ငံ များ၌ အ ခိုင် အ လုံ ကို ဖျက် ဆီး ခြင်း၊ ရ ထား တပ် နှင့် ရ ထား စီး သူ ရဲ တို့ ကို ဖြို လှဲ ခြင်း၊ အ ချင်း ချင်း ဓား ခုတ် သ ဖြင့် မြင်း တပ် နှင့် မြင်း စီး သူ ရဲ တို့ ကျ စေ ခြင်း များ ကို ပြု လိမ့် မည်။
Burmese 2021
တိုင်း​နိုင်​ငံ​တို့၏ ရာ​ဇ​ပ​လ္လင်​များ​ကို​မှောက်​လှန်၍၊ အ​မျိုး​မျိုး​သော တိုင်း​နိုင်​ငံ​တန်​ခိုး​ကို ဖျက်​ဆီး​မည်။ ရ​ထား​နှင့် ရ​ထား​စီး​သူ​ရဲ​တို့​ကို​လည်း မှောက်​လှန်​မည်။ မြင်း​နှင့် မြင်း​စီး​သူ​ရဲ​တို့​သည် တစ်​ယောက်​ကို တစ်​ယောက်​ခုတ်၍ လဲ​ကြ​လိမ့်​မည်။
Burmese JBZV
တိုင္း​နိုင္​ငံ​တို႔၏ ရာ​ဇ​ပ​လႅင္​မ်ား​ကို​ေမွာက္​လွန္၍၊ အ​မ်ိဳး​မ်ိဳး​ေသာ တိုင္း​နိုင္​ငံ​တန္​ခိုး​ကို ဖ်က္​ဆီး​မည္။ ရ​ထား​ႏွင့္ ရ​ထား​စီး​သူ​ရဲ​တို႔​ကို​လည္း ေမွာက္​လွန္​မည္။ ျမင္း​ႏွင့္ ျမင္း​စီး​သူ​ရဲ​တို႔​သည္ တစ္​ေယာက္​ကို တစ္​ေယာက္​ခုတ္၍ လဲ​ၾက​လိမ့္​မည္။
Burmese MCLZV
တိုင္း​နိုင္​ငံ​တို႔​ကို​ၿဖိဳ​ခြင္း​ကာ​သူ​တို႔​၏​တန္ ခိုး​အာ​ဏာ​ကို​ပ်က္​သုဥ္း​ေစ​မည္။ စစ္​ျမင္း ရ​ထား​မ်ား​ကို​ရ​ထား​ထိန္း​မ်ား​ႏွင့္​တ​ကြ ေမွာက္​လွန္​ပစ္​မည္။ ျမင္း​တို႔​သည္​ေသ​ၾက လိမ့္​မည္။ ျမင္း​စီး​သူ​ရဲ​တို႔​သည္​လည္း အ​ခ်င္း​ခ်င္း​သတ္​ျဖတ္​ၾက​လိမ့္​မည္။-
Burmese MSBU
တိုင်းနိုင်ငံ​ရှိ ရာဇပလ္လင်​တို့​ကို ငါ​ဖြိုလှဲ​မည်​။ တိုင်းတစ်ပါးသား​တို့​၏​နိုင်ငံ့​အင်အား​ကို ငါ​ဖြိုဖျက်​မည်​။ စစ်ရထား​နှင့်တကွ စီးနင်း​သူ​တို့​ကို မှောက်လှန်​ပစ်​မည်​။ အချင်းချင်း​ဓား​ဖြင့်​ခုတ်​ကြ​သဖြင့် မြင်း​များ​နှင့် မြင်းစီးသူရဲ​တို့​သည် လဲကျ​သေဆုံး​ကြ​ရ​လိမ့်မည်’​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။
Burmese MSBZ
တိုင္းႏိုင္ငံ​ရွိ ရာဇပလႅင္​တို႔​ကို ငါ​ၿဖိဳလွဲ​မည္​။ တိုင္းတစ္ပါးသား​တို႔​၏​ႏိုင္ငံ့​အင္အား​ကို ငါ​ၿဖိဳဖ်က္​မည္​။ စစ္ရထား​ႏွင့္တကြ စီးနင္း​သူ​တို႔​ကို ေမွာက္လွန္​ပစ္​မည္​။ အခ်င္းခ်င္း​ဓား​ျဖင့္​ခုတ္​ၾက​သျဖင့္ ျမင္း​မ်ား​ႏွင့္ ျမင္းစီးသူရဲ​တို႔​သည္ လဲက်​ေသဆုံး​ၾက​ရ​လိမ့္မည္’​ဟု ေကာင္းကင္​ဗိုလ္ေျခ​အရွင္​ထာဝရဘုရား မိန႔္​ေတာ္မူ​၏​။