Hebrews 12:1 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထို့ကြောင့်ဤမျှများစွာသောသက်သေအပေါင်း တို့သည်ငါတို့အားဝိုင်းရံလျက်ရှိသည်ဖြစ်၍ ငါတို့သည်အနှောင့်အယှက်ဖြစ်သောဝန်ရှိသမျှ ကိုလည်းကောင်း၊ မိမိတို့အားတွယ်ကပ်လျက်နေ သည့်အပြစ်ဟူသမျှကိုလည်းကောင်းဖယ်ရှား ပြီးလျှင် ငါတို့မျက်မှောက်၌ထားသောပန်းတိုင် သို့ရောက်ခြင်းငှာဇွဲလုံ့လဖြင့်ပြေးကြကုန် အံ့။-
Burmese 1835 Version Judson
ထိုကြောင့်၊ ဤမျှလောက် များစွာသော သက်သေအပေါင်းတို့သည် ငါတို့ကို ဝိုင်းရံလျက်ရှိ ကြသည်ဖြစ်၍၊ ငါတို့သည် ခပ်သိမ်းသော ဝန်တို့ကို၎င်း၊ နှောင့်ရှက်တတ်သောဒုစရိုက်ကို၎င်း ပယ်ရှား၍၊ ငါတို့ မျက်မှောက်၌ ထားသောပန်းတုံးတိုင်သို့ရောက်ခြင်းငှါ၊ အားမလျော့ဘဲ ပြေးကြကုန်အံ့။
Burmese 1928
သို့ ဖြစ်၍ ထို မျှ လောက် ထူ ထပ် သော သက် သေ ခံ တို့ ဝန်း ဝိုင်း ကြ သ ဖြင့် ဝန် ရှိ သ မျှ နှင့် ပတ် ရစ် သော ပြစ် မှု ကို ပယ် ရှား ပြီး လျှင် ယုံ ကြည် ခြင်း တ ရား ကို အ စ အ ဆုံး စီ ရင် တော် မူ သော အ ရှင် ယေ ရှု ကို မျက် မှောက် ပြု လျက် ငါ တို့ တာ ကို တည် ကြည် စွာ ပြေး ကြ ကုန် အံ့။
Burmese 2021
ထိုကြောင့်၊ ဤမျှလောက် များစွာသော သက်သေအပေါင်းတို့သည် ငါတို့ကို ဝိုင်းရံလျက်ရှိကြသည်ဖြစ်၍၊ ငါတို့သည် ခပ်သိမ်းသော ဝန်တို့ကိုလည်းကောင်း၊ နှောင့်ယှက်တတ်သော ဒုစရိုက်ကိုလည်းကောင်း ပယ်ရှား၍၊ ငါတို့မျက်မှောက်၌ ထားသော ပန်းတုံးတိုင်သို့ရောက်ခြင်းငှာ၊ အားမလျော့ဘဲ ပြေးကြကုန်အံ့။-
Burmese JBZV
ထိုေၾကာင့္၊ ဤမၽွေလာက္ မ်ားစြာေသာ သက္ေသအေပါင္းတို႔သည္ ငါတို႔ကို ဝိုင္းရံလ်က္ရွိၾကသည္ျဖစ္၍၊ ငါတို႔သည္ ခပ္သိမ္းေသာ ဝန္တို႔ကိုလည္းေကာင္း၊ ေႏွာင့္ယွက္တတ္ေသာ ဒုစရိုက္ကိုလည္းေကာင္း ပယ္ရွား၍၊ ငါတို႔မ်က္ေမွာက္၌ ထားေသာ ပန္းတုံးတိုင္သို႔ေရာက္ျခင္းငွာ၊ အားမေလ်ာ့ဘဲ ေျပးၾကကုန္အံ့။-
Burmese MCLZV
ထို႔ေၾကာင့္ဤမၽွမ်ားစြာေသာသက္ေသအေပါင္း တို႔သည္ငါတို႔အားဝိုင္းရံလ်က္ရွိသည္ျဖစ္၍ ငါတို႔သည္အေႏွာင့္အယွက္ျဖစ္ေသာဝန္ရွိသမၽွ ကိုလည္းေကာင္း၊ မိမိတို႔အားတြယ္ကပ္လ်က္ေန သည့္အျပစ္ဟူသမၽွကိုလည္းေကာင္းဖယ္ရွား ၿပီးလၽွင္ ငါတို႔မ်က္ေမွာက္၌ထားေသာပန္းတိုင္ သို႔ေရာက္ျခင္းငွာဇြဲလုံ႔လျဖင့္ေျပးၾကကုန္ အံ့။-
Burmese MSBU
ထို့ကြောင့် ဤမျှလောက်များပြားသောသက်သေတို့သည် ငါတို့ကိုဝိုင်းရံလျက်ရှိသည်ဖြစ်၍ ငါတို့သည် လေးသောဝန်နှင့် အလွယ်တကူငြိတွယ်တတ်သည့်သဘောရှိသော အပြစ်ရှိသမျှတို့ကို ဖယ်ရှားလျက် ငါတို့ရှေ့၌ပြင်ဆင်ထားသောပြေးပွဲကို ဇွဲလုံ့လဖြင့်ပြေးကြကုန်စို့။
Burmese MSBZ
ထို႔ေၾကာင့္ ဤမွ်ေလာက္မ်ားျပားေသာသက္ေသတို႔သည္ ငါတို႔ကိုဝိုင္းရံလ်က္ရွိသည္ျဖစ္၍ ငါတို႔သည္ ေလးေသာဝန္ႏွင့္ အလြယ္တကူၿငိတြယ္တတ္သည့္သေဘာရွိေသာ အျပစ္ရွိသမွ်တို႔ကို ဖယ္ရွားလ်က္ ငါတို႔ေရွ႕၌ျပင္ဆင္ထားေသာေျပးပြဲကို ဇြဲလုံ႔လျဖင့္ေျပးၾကကုန္စို႔။