Hebrews 2:10 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းပြုပြင် ထိန်းသိမ်းစောင့်ရှောက်တော်မူသောဘုရား သခင်သည် မိမိ၏သားအမြောက်အမြား တို့အားဘုန်းအသရေတော်ဝင်စားခွင့်ပေး တော်မူနိုင်ရန် ဆင်းရဲဒုက္ခကိုခံစေခြင်းအား ဖြင့် သခင်ယေရှုအားပြည့်ဝစုံလင်စေတော် မူ၏။ ဤသို့ဘုရားသခင်ပြုတော်မူသည်မှာ လျော်ကန်သင့်မြတ်လှပေသည်။ အဘယ် ကြောင့်ဆိုသော်ကယ်တင်ခြင်းရရှိကြစေ ရန် ထိုသူတို့အားပို့ဆောင်သူမှာသခင် ယေရှုပင်ဖြစ်သောကြောင့်တည်း။
Burmese 1835 Version Judson
အကြောင်းမူကား၊ များစွာသော သားတို့ကို ကယ်တင်၍၊ ဘုန်းစည်းစိမ်စံစားရာသို့ ပို့ဆောင်သော အရှင်သည်၊ ဒုက္ခဝေဒနာအားဖြင့် စုံလင်ခြင်းသို့ ရောက်ရမည်အကြောင်း၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်း၍ အုပ်စိုးတော်မူသောဘုရားသည် စီရင်တော်မူအပ်၏။
Burmese 1928
အ ရာ ခပ် သိမ်း၏ အ ကြောင်း ရင်း နှင့် ပန်း တုံး တိုင် ဖြစ် သော ဘု ရား သ ခင် သည် အ များ သော သား တို့ ကို ဘုန်း ဝင် စား စေ တော် မူ သည် တွင် သူ တို့ ကယ် တင် ပိုင် ရှင် ကို ဒု က္ခ များ ဖြင့် စုံ လင် စေ တော် မူ သည် မှာ သင့် လျော် ပေ၏။
Burmese 2021
အကြောင်းမူကား၊ များစွာသော သားတို့ကိုကယ်တင်၍၊ ဘုန်းစည်းစိမ်စံစားရာသို့ ပို့ဆောင်သောအရှင်သည်၊ ဒုက္ခဝေဒနာအားဖြင့် စုံလင်ခြင်းသို့ ရောက်ရမည်အကြောင်း၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်း၍ အုပ်စိုးတော်မူသောဘုရားသည် စီရင်တော်မူအပ်၏။
Burmese JBZV
အေၾကာင္းမူကား၊ မ်ားစြာေသာ သားတို႔ကိုကယ္တင္၍၊ ဘုန္းစည္းစိမ္စံစားရာသို႔ ပို႔ေဆာင္ေသာအရွင္သည္၊ ဒုကၡေဝဒနာအားျဖင့္ စုံလင္ျခင္းသို႔ ေရာက္ရမည္အေၾကာင္း၊ ခပ္သိမ္းေသာအရာတို႔ကို ဖန္ဆင္း၍ အုပ္စိုးေတာ္မူေသာဘုရားသည္ စီရင္ေတာ္မူအပ္၏။
Burmese MCLZV
ခပ္သိမ္းေသာအရာတို႔ကိုဖန္ဆင္းျပဳျပင္ ထိန္းသိမ္းေစာင့္ေရွာက္ေတာ္မူေသာဘုရား သခင္သည္ မိမိ၏သားအေျမာက္အျမား တို႔အားဘုန္းအသေရေတာ္ဝင္စားခြင့္ေပး ေတာ္မူနိုင္ရန္ ဆင္းရဲဒုကၡကိုခံေစျခင္းအား ျဖင့္ သခင္ေယရွုအားျပည့္ဝစုံလင္ေစေတာ္ မူ၏။ ဤသို႔ဘုရားသခင္ျပဳေတာ္မူသည္မွာ ေလ်ာ္ကန္သင့္ျမတ္လွေပသည္။ အဘယ္ ေၾကာင့္ဆိုေသာ္ကယ္တင္ျခင္းရရွိၾကေစ ရန္ ထိုသူတို႔အားပို႔ေဆာင္သူမွာသခင္ ေယရွုပင္ျဖစ္ေသာေၾကာင့္တည္း။
Burmese MSBU
အကြောင်းမူကား ခပ်သိမ်းသောအရာတို့၏အကြောင်းခံနှင့် ခပ်သိမ်းသောအရာတို့၏အရင်းအမြစ်ဖြစ်တော်မူသောဘုရားသခင်သည် များစွာသောသားတို့ကို ဘုန်းအသရေတော်ထဲသို့ခေါ်ဆောင်လာရာ၌ သူတို့၏ကယ်တင်ခြင်းကိုအစပြုဖြစ်တည်စေသောအရှင်အား ဒုက္ခဝေဒနာအားဖြင့် စုံလင်စေတော်မူသည်မှာ သင့်လျော်ပေ၏။
Burmese MSBZ
အေၾကာင္းမူကား ခပ္သိမ္းေသာအရာတို႔၏အေၾကာင္းခံႏွင့္ ခပ္သိမ္းေသာအရာတို႔၏အရင္းအျမစ္ျဖစ္ေတာ္မူေသာဘုရားသခင္သည္ မ်ားစြာေသာသားတို႔ကို ဘုန္းအသေရေတာ္ထဲသို႔ေခၚေဆာင္လာရာ၌ သူတို႔၏ကယ္တင္ျခင္းကိုအစျပဳျဖစ္တည္ေစေသာအရွင္အား ဒုကၡေဝဒနာအားျဖင့္ စုံလင္ေစေတာ္မူသည္မွာ သင့္ေလ်ာ္ေပ၏။