Hebrews 2:11 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သခင်ယေရှုသည်လူတို့အားအပြစ်များမှ သန့်စင်စေတော်မူ၏။ ကိုယ်တော်နှင့်ကိုယ်တော် သန့်စင်စေတော်မူသောသူတို့တွင် အဖတစ်ဦး တည်းရှိသဖြင့် ကိုယ်တော်သည်ထိုသူတို့အား မိမိ၏ညီများဟုခေါ်ဆိုရန်ရှက်တော်မမူ။-
Burmese 1835 Version Judson
သန့်ရှင်းစေတတ်သောသူနှင့် သန့်ရှင်းစေအပ်သောသူများတို့သည် တပါးတည်းသော ပကတိရှိကြ၏။ ထိုကြောင့်၊ သန့်ရှင်းစေတတ်သောသူသည် သန့်ရှင်းစေအပ်သောသူတို့ကို ညီအစ်ကိုဟူ၍ ခေါ်ခြင်းငှါ ရှက်ကြောက်တော်မမူ။ ထိုသို့ ခေါ်သောအချက် ဟူမူကား၊
Burmese 1928
သီး သန့် ထား တော် မူ သော အ ရှင် နှင့် ထား သူ တို့ ပါ တစ် မျိုး တည်း ဖြစ် သည့် အ ကြောင်း ကြောင့် ထို အ ရှင် သည် ထို သူ တို့ ကို ညီ ဟူ၍ ခေါ် ခြင်း ငှာ ရှက် တော် မ မူ ဘဲ၊
Burmese 2021
သန့်ရှင်းစေတတ်သောသူနှင့် သန့်ရှင်းစေအပ်သောသူများတို့သည် တစ်ပါးတည်းသော ပကတိရှိကြ၏။ ထိုကြောင့်၊ သန့်ရှင်းစေတတ်သောသူသည် သန့်ရှင်းစေအပ်သောသူတို့ကို ညီအစ်ကိုဟူ၍ ခေါ်ခြင်းငှာ ရှက်ကြောက်တော်မမူ။ ထိုသို့ခေါ်သောအချက် ဟူမူကား၊-
Burmese JBZV
သန္႔ရွင္းေစတတ္ေသာသူႏွင့္ သန္႔ရွင္းေစအပ္ေသာသူမ်ားတို႔သည္ တစ္ပါးတည္းေသာ ပကတိရွိၾက၏။ ထိုေၾကာင့္၊ သန္႔ရွင္းေစတတ္ေသာသူသည္ သန္႔ရွင္းေစအပ္ေသာသူတို႔ကို ညီအစ္ကိုဟူ၍ ေခၚျခင္းငွာ ရွက္ေၾကာက္ေတာ္မမူ။ ထိုသို႔ေခၚေသာအခ်က္ ဟူမူကား၊-
Burmese MCLZV
သခင္ေယရွုသည္လူတို႔အားအျပစ္မ်ားမွ သန႔္စင္ေစေတာ္မူ၏။ ကိုယ္ေတာ္ႏွင့္ကိုယ္ေတာ္ သန႔္စင္ေစေတာ္မူေသာသူတို႔တြင္ အဖတစ္ဦး တည္းရွိသျဖင့္ ကိုယ္ေတာ္သည္ထိုသူတို႔အား မိမိ၏ညီမ်ားဟုေခၚဆိုရန္ရွက္ေတာ္မမူ။-
Burmese MSBU
အမှန်စင်စစ် သန့်ရှင်းစေတော်မူသောအရှင်ဖြစ်စေ၊ သန့်ရှင်းစေခြင်းခံရသောသူတို့ဖြစ်စေ အားလုံးသည် တစ်ပါးတည်းထံမှဖြစ်ကြ၏။ ထို့ကြောင့် ကိုယ်တော်သည် ထိုသူတို့ကို ညီအစ်ကိုများဟုခေါ်ရန် ရှက်တော်မမူဘဲ
Burmese MSBZ
အမွန္စင္စစ္ သန႔္ရွင္းေစေတာ္မူေသာအရွင္ျဖစ္ေစ၊ သန႔္ရွင္းေစျခင္းခံရေသာသူတို႔ျဖစ္ေစ အားလုံးသည္ တစ္ပါးတည္းထံမွျဖစ္ၾက၏။ ထို႔ေၾကာင့္ ကိုယ္ေတာ္သည္ ထိုသူတို႔ကို ညီအစ္ကိုမ်ားဟုေခၚရန္ ရွက္ေတာ္မမူဘဲ