Hebrews 3:1 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ဘုရားသခင်ရွေးချယ်ခေါ်ယူတော်မူခြင်း ကို ခံရသောသန့်ရှင်းသူညီအစ်ကိုတို့၊ သခင် ယေရှုအကြောင်းကိုစဉ်းစားဆင်ခြင်ကြ လော့။ ငါတို့၏ဘာသာတရားတော်ဆိုင်ရာ ယဇ်ပုရောဟိတ်မင်းဖြစ်တော်မူစေရန် ကိုယ် တော်အားဘုရားသခင်စေလွှတ်တော်မူ၏။-
Burmese 1835 Version Judson
ထိုသို့ဖြစ်လျှင်၊ ကောင်းကင်ဘုံနှင့်စပ်ဆိုင်သော ခေါ်ဘိတ်တော်မူခြင်းကျေးဇူးကို ခံရသောသူ၊ သန့်ရှင်းသော ညီအစ်ကိုတို့၊ ငါတို့ဝန်ခံသောတမန်တော်နှင့် ယဇ်ပုရောဟိတ်မင်းတည်းဟူသော ယေရှု၏ အကြောင်းကို စေ့စေ့ဆင်ခြင်ကြလော့။
Burmese 1928
သို့ ဖြစ်၍ ကောင်း ကင် အ ဖြစ် အ နေ နှင့် ဆက် ဆံ သူ၊ သီး သန့် ထား တော် မူ သော ညီ အစ် ကို တို့၊ ငါ တို့ ဝန် ခံ ခြင်း တ ရား ၏ တ မန် တော် နှင့် ပ ရော ဟိတ် မင်း ဖြစ် သော ယေ ရှု ကို ဆင် ခြင် ကြ လော့။
Burmese 2021
ထိုသို့ဖြစ်လျှင်၊ ကောင်းကင်ဘုံနှင့်စပ်ဆိုင်သော ခေါ်ဖိတ်တော်မူခြင်းကျေးဇူးကို ခံရသောသူ၊ သန့်ရှင်းသော ညီအစ်ကိုတို့၊ ငါတို့ဝန်ခံသော တမန်တော်နှင့် ယဇ်ပုရောဟိတ်မင်းတည်းဟူသော ယေရှု၏အကြောင်းကို စေ့စေ့ဆင်ခြင်ကြလော့။-
Burmese JBZV
ထိုသို႔ျဖစ္လၽွင္၊ ေကာင္းကင္ဘုံႏွင့္စပ္ဆိုင္ေသာ ေခၚဖိတ္ေတာ္မူျခင္းေက်းဇူးကို ခံရေသာသူ၊ သန္႔ရွင္းေသာ ညီအစ္ကိုတို႔၊ ငါတို႔ဝန္ခံေသာ တမန္ေတာ္ႏွင့္ ယဇ္ပုေရာဟိတ္မင္းတည္းဟူေသာ ေယရွု၏အေၾကာင္းကို ေစ့ေစ့ဆင္ျခင္ၾကေလာ့။-
Burmese MCLZV
ဘုရားသခင္ေရြးခ်ယ္ေခၚယူေတာ္မူျခင္း ကို ခံရေသာသန႔္ရွင္းသူညီအစ္ကိုတို႔၊ သခင္ ေယရွုအေၾကာင္းကိုစဥ္းစားဆင္ျခင္ၾက ေလာ့။ ငါတို႔၏ဘာသာတရားေတာ္ဆိုင္ရာ ယဇ္ပုေရာဟိတ္မင္းျဖစ္ေတာ္မူေစရန္ ကိုယ္ ေတာ္အားဘုရားသခင္ေစလႊတ္ေတာ္မူ၏။-
Burmese MSBU
သို့ဖြစ်၍ ကောင်းကင်နှင့်ဆိုင်သော ခေါ်ယူတော်မူခြင်း၌ပါဝင်သည့် သန့်ရှင်းသောညီအစ်ကိုတို့၊ ငါတို့ယုံကြည်ဝန်ခံသည့် တမန်တော်နှင့်ယဇ်ပုရောဟိတ်မင်းတည်းဟူသော ယေရှုအကြောင်းကို ဆင်ခြင်အောက်မေ့ကြလော့။
Burmese MSBZ
သို႔ျဖစ္၍ ေကာင္းကင္ႏွင့္ဆိုင္ေသာ ေခၚယူေတာ္မူျခင္း၌ပါဝင္သည့္ သန႔္ရွင္းေသာညီအစ္ကိုတို႔၊ ငါတို႔ယုံၾကည္ဝန္ခံသည့္ တမန္ေတာ္ႏွင့္ယဇ္ပုေရာဟိတ္မင္းတည္းဟူေသာ ေယရႈ အေၾကာင္းကို ဆင္ျခင္ေအာက္ေမ့ၾကေလာ့။