Hebrews 8:11 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
အဘယ်သူမျှမိမိ၏အမျိုးသားချင်း ကိုသော်လည်းကောင်း၊ မိမိ၏ညီအစ်ကိုအချင်းချင်းကိုသော်လည်း ကောင်း ထာဝရဘုရားအားသိလော့ဟုသွန်သင်ပေးရန် လိုမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်လူအပေါင်းတို့သည် အငယ်ဆုံးမှအကြီးဆုံးတိုင်အောင်ငါ့ကို သိကြလိမ့်မည်ဖြစ်သောကြောင့်တည်း။
Burmese 1835 Version Judson
ထိုသူတို့က၊ ထာဝရဘုရားကို သိလော့ဟု၊ အမျိုးသားချင်း၊ ညီအစ်ကိုအချင်းချင်း တယောက်ကိုတယောက် ဆုံးမဩဝါဒ မပေးရကြ၊ အကြောင်းမူကား၊ အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူတိုင် အောင် ထိုသူအပေါင်းတို့သည် ငါ့ကိုသိကြလိမ့်မည်။
Burmese 1928
အ ပေါင်း အ ဖော် ချင်း၊ ဆွေ မျိုး သား ချင်း တို့ အား ထာ ဝ ရ ဘု ရား ကို သိ ကျွမ်း လော့ ဟူ၍ သွန် သင် ကြ ရ မည် မ ဟုတ်။ လူ ကြီး လူ ငယ် အ ပေါင်း တို့ သည် ငါ့ ကို သိ ကျွမ်း ကြ လ တ္တံ့။
Burmese 2021
ထိုသူတို့က၊ ထာဝရဘုရားကို သိလော့ဟု၊ အမျိုးသားချင်း၊ ညီအစ်ကိုအချင်းချင်း တစ်ယောက်ကိုတစ်ယောက် ဆုံးမဩဝါဒ မပေးရကြ။ အကြောင်းမူကား၊ အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူတိုင်အောင် ထိုသူအပေါင်းတို့သည် ငါ့ကိုသိကြလိမ့်မည်။-
Burmese JBZV
ထိုသူတို႔က၊ ထာဝရဘုရားကို သိေလာ့ဟု၊ အမ်ိဳးသားခ်င္း၊ ညီအစ္ကိုအခ်င္းခ်င္း တစ္ေယာက္ကိုတစ္ေယာက္ ဆုံးမဩဝါဒ မေပးရၾက။ အေၾကာင္းမူကား၊ အငယ္ဆုံးေသာသူမွစ၍ အႀကီးဆုံးေသာသူတိုင္ေအာင္ ထိုသူအေပါင္းတို႔သည္ ငါ့ကိုသိၾကလိမ့္မည္။-
Burmese MCLZV
အဘယ္သူမၽွမိမိ၏အမ်ိဳးသားခ်င္း ကိုေသာ္လည္းေကာင္း၊ မိမိ၏ညီအစ္ကိုအခ်င္းခ်င္းကိုေသာ္လည္း ေကာင္း ထာဝရဘုရားအားသိေလာ့ဟုသြန္သင္ေပးရန္ လိုမည္မဟုတ္။ အဘယ္ေၾကာင့္ဆိုေသာ္လူအေပါင္းတို႔သည္ အငယ္ဆုံးမွအႀကီးဆုံးတိုင္ေအာင္ငါ့ကို သိၾကလိမ့္မည္ျဖစ္ေသာေၾကာင့္တည္း။
Burmese MSBU
သူတို့အသီးသီးသည် မိမိအမျိုးသားချင်းနှင့် မိမိညီအစ်ကိုချင်းအား ‘ထာဝရဘုရားကိုသိလော့’ဟု သင်ပေးရလိမ့်မည်မဟုတ်။ အကြောင်းမူကား အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူတိုင်အောင် လူအပေါင်းတို့သည် ငါ့ကိုသိကျွမ်းကြလိမ့်မည်။
Burmese MSBZ
သူတို႔အသီးသီးသည္ မိမိအမ်ိဳးသားခ်င္းႏွင့္ မိမိညီအစ္ကိုခ်င္းအား ‘ထာဝရဘုရားကိုသိေလာ့’ဟု သင္ေပးရလိမ့္မည္မဟုတ္။ အေၾကာင္းမူကား အငယ္ဆုံးေသာသူမွစ၍ အႀကီးဆုံးေသာသူတိုင္ေအာင္ လူအေပါင္းတို႔သည္ ငါ့ကိုသိကြၽမ္းၾကလိမ့္မည္။