Hebrews 9:28 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထိုနည်းတူစွာခရစ်တော်သည်လည်းလူအများ ၏အပြစ်ကိုဖြေလွှတ်ရန်အတွက် မိမိ၏ကိုယ် ကိုတစ်ကြိမ်တည်းတင်လှူပူဇော်တော်မူသည်။ အပြစ်ဒုစရိုက်ကိုသုတ်သင်ပယ်ရှင်းရန် မဟုတ်ဘဲ မိမိကိုစောင့်မျှော်နေသူတို့အား ကယ်တင်တော်မူရန် ကိုယ်တော်သည်ဒုတိယ အကြိမ်ကြွလာတော်မူပေအံ့။
Burmese 1835 Version Judson
ထိုနည်းတူ၊ ခရစ်တော်သည် လူများအပြစ်တို့ကို ခံခြင်းငှါ တခါတည်းကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တဖန် ထိုသခင်ကို မြော်လင့်လျက် နေသောသူတို့ကို ကယ်တင်ခြင်းအလိုငှါ၊ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတံ့။
Burmese 1928
ခ ရစ် တော် လည်း အ များ တို့၏ အ ပြစ် ကို ခံ ခြင်း ငှာ တစ် ကြိမ် တည်း ဆက် ကပ် ခံ တော် မူ ပြီး နောက် ကိုယ် တော် ကို စောင့် မျှော် သူ တို့ အား ကယ် တင် ခြင်း ငှာ ပြစ် ဒဏ် မ ခံ ဘဲ ဒု တိ ယ အ ကြိမ် ပေါ် ထွန်း တော် မူ ဦး မည်။
Burmese 2021
ထိုနည်းတူ၊ ခရစ်တော်သည် လူများအပြစ်တို့ကို ခံခြင်းငှာ တစ်ခါတည်း ကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တစ်ဖန် ထိုသခင်ကို မျှော်လင့်လျက်နေသောသူတို့ကို ကယ်တင်ခြင်းအလိုငှာ၊ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတ္တံ့။
Burmese JBZV
ထိုနည္းတူ၊ ခရစ္ေတာ္သည္ လူမ်ားအျပစ္တို႔ကို ခံျခင္းငွာ တစ္ခါတည္း ကိုယ္ကိုပူေဇာ္ၿပီးမွ၊ ေနာက္တစ္ဖန္ ထိုသခင္ကို ေမၽွာ္လင့္လ်က္ေနေသာသူတို႔ကို ကယ္တင္ျခင္းအလိုငွာ၊ အျပစ္ႏွင့္မဆိုင္ဘဲ ေပၚထြန္းေတာ္မူလတၱံ့။
Burmese MCLZV
ထိုနည္းတူစြာခရစ္ေတာ္သည္လည္းလူအမ်ား ၏အျပစ္ကိုေျဖလႊတ္ရန္အတြက္ မိမိ၏ကိုယ္ ကိုတစ္ႀကိမ္တည္းတင္လွူပူေဇာ္ေတာ္မူသည္။ အျပစ္ဒုစရိုက္ကိုသုတ္သင္ပယ္ရွင္းရန္ မဟုတ္ဘဲ မိမိကိုေစာင့္ေမၽွာ္ေနသူတို႔အား ကယ္တင္ေတာ္မူရန္ ကိုယ္ေတာ္သည္ဒုတိယ အႀကိမ္ႂကြလာေတာ္မူေပအံ့။
Burmese MSBU
ခရစ်တော်သည်လည်း များစွာသောလူတို့၏အပြစ်များကိုဆောင်ယူသွားရန် မိမိကိုယ်ကိုတစ်ကြိမ်တည်းပူဇော်ပြီးမှ ဒုတိယအကြိမ်၌ကား အပြစ်အတွက်မဟုတ်ဘဲ မိမိကိုစောင့်မျှော်နေသောသူတို့အား ကယ်တင်ရန်အတွက် ပေါ်ထွန်းတော်မူလိမ့်မည်။
Burmese MSBZ
ခရစ္ေတာ္သည္လည္း မ်ားစြာေသာလူတို႔၏အျပစ္မ်ားကိုေဆာင္ယူသြားရန္ မိမိကိုယ္ကိုတစ္ႀကိမ္တည္းပူေဇာ္ၿပီးမွ ဒုတိယအႀကိမ္၌ကား အျပစ္အတြက္မဟုတ္ဘဲ မိမိကိုေစာင့္ေမွ်ာ္ေနေသာသူတို႔အား ကယ္တင္ရန္အတြက္ ေပၚထြန္းေတာ္မူလိမ့္မည္။