Hosea 4:13 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သူတို့သည်တောင်ထိပ်များပေါ်ရှိကိုးကွယ် ရာဌာနများ၌ယဇ်ပူဇော်ကြ၍ တောင် ကုန်းများပေါ်ရှိအရိပ်ကောင်းသောသစ် ပင်ကြီးများအောက်၌နံ့သာပေါင်းကို မီးရှို့ကြသည်။ ``ထို့ကြောင့်သင်တို့၏သမီးများသည် ပြည့်တန်ဆာဘဝသို့ရောက်၍သင်တို့ ၏ချွေးမများသည်မျောက်မထားကြ၏။-
Burmese 1835 Version Judson
တောင်ထိပ်ပေါ် ကုန်း ပေါ်မှာ၎င်း အရိပ်ကောင်းသောသပိတ်ပင်မျိုး၊ လိဗနော ပင် အောက်မှာ၎င်း၊ ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ တတ်ကြ၏။ ထိုကြောင့်၊ သင်တို့သမီးတို့သည် ယောက်ျား နှင့် မှားယွင်း၍၊ ချွေးမတို့သည် မျောက်မထားတတ်ကြ၏။
Burmese 1928
အ ရိပ် ကောင်း သော ညန်၊ ထင်း ရှူး၊ သ ပိတ် ပင် များ အောက်၊ တောင် ထိပ် ပေါ်၌ ယဇ် ပူ ဇော် ခြင်း၊ ကုန်း ထိပ် ပေါ်၌ မီး ဖြင့် ဆက် ကပ် ခြင်း ကို ပြု ကြ စဉ်၊ သင် တို့ သ မီး တို့ သည် မှား ယွင်း မှု၊ မ ယား များ လည်း မျောက် မ ထား မှု ကို ပြု ကြ သည် တ ကား။
Burmese 2021
တောင်ထိပ်ပေါ်၊ ကုန်းပေါ်မှာလည်းကောင်း အရိပ်ကောင်းသော သပိတ်ပင်မျိုး၊ လိဗနာပင် အောက်မှာလည်းကောင်း၊ ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့တတ်ကြ၏။ ထိုကြောင့်၊ သင်တို့သမီးတို့သည် ယောက်ျားနှင့် မှားယွင်း၍၊ ချွေးမတို့သည် မျောက်မထားတတ်ကြ၏။
Burmese JBZV
Burmese MCLZV
Burmese MSBU
သူတို့သည် တောင်ထိပ်များပေါ်တွင် ယဇ်ပူဇော်ပြီး တောင်ကုန်းများပေါ်တွင်လည်းကောင်း၊ အရိပ်ကောင်းသောဝက်သစ်ချပင်၊ ပေါ့ပလာပင်၊ သပိတ်ပင်တို့အောက်တွင်လည်းကောင်း နံ့သာပေါင်းကို မီးရှို့ပူဇော်ကြ၏။ ထို့ကြောင့် သင်တို့၏သမီးတို့သည် ပြည့်တန်ဆာလုပ်ပြီး ချွေးမတို့သည် အိမ်ထောင်ရေးဖောက်ပြန်ကြ၏။
Burmese MSBZ