Hosea 6:3 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ငါတို့သည်ထာဝရဘုရားကိုသိကျွမ်း ရန်ကြိုးစားအားထုတ်ကြကုန်အံ့။ နံနက် အရုဏ်တက်မြဲတက်သကဲ့သို့လည်းကောင်း၊ မိုးရာသီတွင်မြေကြီးပေါ်သို့မိုးရွာမြဲ ရွာသကဲ့သို့လည်းကောင်း ကိုယ်တော်သည် ငါတို့ထံသို့မုချကြွလာတော်မူမည်'' ဟုဆိုကြ၏။
Burmese 1835 Version Judson
ပညာကိုလည်း ရကြလိမ့်မည်။ ထာဝရဘုရားကို သိခြင်းငှါ လိုက်ရှာကြလိမ့်မည်။ ထာဝရဘုရားကို သိခြင်း ငှါ လိုက်ရှာကြလိမ့်မည်။ ထွက်တော်မူချိန်သည် နံနက် ကဲ့သို့ ဖြစ်လိမ့်မည်။ ရွာသောမိုဃ်းနှင့် မြေအပေါ်သို့ ရွာသော နောက်မိုဃ်းကဲ့သို့ သက်ရောက်တော်မူလိမ့်မည်။
Burmese 1928
ထာ ဝ ရ ဘု ရား ကို သိ လျက်၊ အ ကျွမ်း ဝင် ရန် လိုက် ရှာ ကြ ကုန် အံ့။ အ ရုဏ် တက် မြဲ တက် သည့် နည်း တူ၊ ကြွ မြဲ ကြွ လာ သော ထို အ ရှင် သည်၊ မြေ ပေါ် သို့ ရွာ သော မိုး ဦး မိုး နှောင်း သ ဖွယ်၊ သက် ရောက် တော် မူ မည် ဟု ဆို ကြ ရာ၌၊
Burmese 2021
ပညာကိုလည်း ရကြလိမ့်မည်။ ထာဝရဘုရားကိုသိခြင်းငှာ လိုက်ရှာကြလိမ့်မည်။ ထွက်တော်မူချိန်သည် နံနက်ကဲ့သို့ ဖြစ်လိမ့်မည်။ ရွာသောမိုးနှင့် မြေအပေါ်သို့ရွာသော နောက်မိုးကဲ့သို့ သက်ရောက်တော်မူလိမ့်မည်။
Burmese JBZV
ပညာကိုလည္း ရၾကလိမ့္မည္။ ထာဝရဘုရားကိုသိျခင္းငွာ လိုက္ရွာၾကလိမ့္မည္။ ထြက္ေတာ္မူခ်ိန္သည္ နံနက္ကဲ့သို႔ ျဖစ္လိမ့္မည္။ ရြာေသာမိုးႏွင့္ ေျမအေပၚသို႔ရြာေသာ ေနာက္မိုးကဲ့သို႔ သက္ေရာက္ေတာ္မူလိမ့္မည္။
Burmese MCLZV
ငါတို႔သည္ထာဝရဘုရားကိုသိကၽြမ္း ရန္ႀကိဳးစားအားထုတ္ၾကကုန္အံ့။ နံနက္ အ႐ုဏ္တက္ျမဲတက္သကဲ့သို႔လည္းေကာင္း၊ မိုးရာသီတြင္ေျမႀကီးေပၚသို႔မိုးရြာျမဲ ရြာသကဲ့သို႔လည္းေကာင္း ကိုယ္ေတာ္သည္ ငါတို႔ထံသို႔မုခ်ႂကြလာေတာ္မူမည္'' ဟုဆိုၾက၏။
Burmese MSBU
ထာဝရဘုရားအား သိကျွမ်းဖို့ ကြိုးစားအားထုတ်ကြကုန်စို့။ ကိုယ်တော်သည် အရုဏ်ဦးအလင်းကဲ့သို့ ထွက်ပေါ်လာမည်။ မြေပေါ်သို့ရွာချသော မိုးဦး၊ မိုးနှောင်းကဲ့သို့ ရောက်လာမည်။
Burmese MSBZ
ထာဝရဘုရားအား သိကြၽမ္းဖို႔ ႀကိဳးစားအားထုတ္ၾကကုန္စို႔။ ကိုယ္ေတာ္သည္ အ႐ုဏ္ဦးအလင္းကဲ့သို႔ ထြက္ေပၚလာမည္။ ေျမေပၚသို႔႐ြာခ်ေသာ မိုးဦး၊ မိုးေႏွာင္းကဲ့သို႔ ေရာက္လာမည္။