Isaiah 14:31 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
အို ဖိ​လိတ္တိ​မြို့​အ​ပေါင်း​တို့၊ ညည်း​တွား​မြည် တမ်း​လျက်​အ​ကူ​အ​ညီ​အော်​ဟစ်​တောင်း​ခံ ကြ​လော့။ သင်​တို့​အား​လုံး​ပင်​ထိတ်​လန့်​တုန် လှုပ်​လျက်​ရှိ​နေ​ကြ​လော့။ သူ​ရဲ​ဘော​ကြောင် သူ​တစ်​ဦး​တစ်​ယောက်​မျှ​မ​ပါ​သည့်​တပ် မ​တော်​ကြီး​တစ်​ခု​သည်​ဖုတ်​တ​ထောင်း ထောင်း​နှင့်​မြောက်​အ​ရပ်​မှ​ချီ​တက်​လာ​နေ​၏။
Burmese 1835 Version Judson
အိုတံခါး၊ညည်းတွားလော့။ အိုမြို့၊ ငိုကြွေးမြည် တမ်းလော့။ အိုဖိလိတ္တိပြည်လုံး၊ သင်သည်မှိုင် တွေလျက်ရှိ ၏။ မြောက်မျက်နှာမှ မီးခိုးထွက်လာ၏။ ထိုအလုံးအရင်း ၌ တယောက်တခြားစီနေသော သူမရှိ။
Burmese 1928
အို မြို့ တံ ခါး တို့၊ အော် ကြ လော့။ အို မြို့ ရွာ တို့ ဟစ် ကြ လော့။ အို ဖိ လိ တ္တိ ပြည်၊ သင် လုံး လုံး ပျက် ပြား ရ လိမ့် မည်။ အ သို့ ဆို သော်၊ အ လုံး အ ရင်း တွင် တစ် ယောက် မျှ မ ကွဲ ဘဲ၊ မီး ခိုး သ ဖွယ် မြောက် ပြည် က ချီ လာ ၏။
Burmese 2021
အို တံ​ခါး၊ ညည်း​တွား​လော့။ အို မြို့၊ ငို​ကြွေး​မြည်​တမ်း​လော့။ အို ဖိ​လိ​တ္တိ​ပြည်​လုံး၊ သင်​သည် မှိုင်​တွေ​လျက်​ရှိ၏။ မြောက်​မျက်​နှာ​မှ မီး​ခိုး​ထွက်​လာ၏။ ထို​အ​လုံး​အ​ရင်း၌ တစ်​ယောက်​တ​ခြား​စီ နေ​သော​သူ​မ​ရှိ။
Burmese JBZV
အို တံ​ခါး၊ ညည္း​တြား​ေလာ့။ အို ၿမိဳ႕၊ ငို​ေႂကြး​ျမည္​တမ္း​ေလာ့။ အို ဖိ​လိ​တၱိ​ျပည္​လုံး၊ သင္​သည္ မွိုင္​ေတြ​လ်က္​ရွိ၏။ ေျမာက္​မ်က္​ႏွာ​မွ မီး​ခိုး​ထြက္​လာ၏။ ထို​အ​လုံး​အ​ရင္း၌ တစ္​ေယာက္​တ​ျခား​စီ ေန​ေသာ​သူ​မ​ရွိ။
Burmese MCLZV
အို ဖိ​လိတၱိ​ၿမိဳ႕​အ​ေပါင္း​တို႔၊ ညည္း​တြား​ျမည္ တမ္း​လ်က္​အ​ကူ​အ​ညီ​ေအာ္​ဟစ္​ေတာင္း​ခံ ၾက​ေလာ့။ သင္​တို႔​အား​လုံး​ပင္​ထိတ္​လန႔္​တုန္ လွုပ္​လ်က္​ရွိ​ေန​ၾက​ေလာ့။ သူ​ရဲ​ေဘာ​ေၾကာင္ သူ​တစ္​ဦး​တစ္​ေယာက္​မၽွ​မ​ပါ​သည့္​တပ္ မ​ေတာ္​ႀကီး​တစ္​ခု​သည္​ဖုတ္​တ​ေထာင္း ေထာင္း​ႏွင့္​ေျမာက္​အ​ရပ္​မွ​ခ်ီ​တက္​လာ​ေန​၏။
Burmese MSBU
အို မြို့​တံခါး​၊ ညည်းတွားငိုကြွေး​လော့​။ အို မြို့​၊ အော်ဟစ်​လော့​။ မြောက်အရပ်​မှ​မီးခိုး​ထွက်လာ​၏​။ စစ်သည်​အလုံးအရင်း​တွင် တစ်ယောက်တည်း​ကွဲထွက်​သွား​သော​သူ​မ​ရှိ​။ ထို့ကြောင့် ဖိလိတ္တိ​ပြည်သား​အပေါင်း​တို့​သည် စိတ်အားလျော့​ကြ​၏​။
Burmese MSBZ
အို ၿမိဳ႕​တံခါး​၊ ညည္းတြားငိုေႂကြး​ေလာ့​။ အို ၿမိဳ႕​၊ ေအာ္ဟစ္​ေလာ့​။ ေျမာက္အရပ္​မွ​မီးခိုး​ထြက္လာ​၏​။ စစ္သည္​အလုံးအရင္း​တြင္ တစ္ေယာက္တည္း​ကြဲထြက္​သြား​ေသာ​သူ​မ​ရွိ​။ ထို႔ေၾကာင့္ ဖိလိတၱိ​ျပည္သား​အေပါင္း​တို႔​သည္ စိတ္အားေလ်ာ့​ၾက​၏​။