Isaiah 17:10 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
အို ဣသရေလပြည်၊ သင်သည်မိမိအားကယ် ဆယ်တော်မူ၍ကျောက်တုံးကြီးသဖွယ်ကွယ် ကာတော်မူသောဘုရားသခင်ကိုမေ့လျော့ ခဲ့လေပြီ။ သင်သည်လူမျိုးခြားများ၏ဘုရား ကိုဝတ်ပြုကိုးကွယ်ရန်အတွက် မွန်မြတ်သော အပင်များကိုစိုက်ပျိုးခဲ့ပေသည်။
Burmese 1835 Version Judson
သင့်ကို ကယ်တင်တော်မူသော ဘုရားသခင်ကို သင်သည် မေ့လျော့၍၊ မိမိခိုလှုံရာ ကျောက်ကို မိမိမ အောက်မေ့သောကြောင့်၊ သာယာသော ပျိုးပင် တို့နှင့်၊ တကျွန်းတနိုင်ငံအညွန့်တို့ကို စိုက်ပျိုး၍၊
Burmese 1928
အ သို့ ဆို သော် သင် သည် ခို လှုံ ရာ ကျောက် တောင် တော် ကို သ တိ မ ပြု ဘဲ၊ ကယ် တင် တော် မူ သော ဘု ရား သ ခင် ကို၊ မေ့ လျော့ လျက်၊ ပျော် ပါး ရာ နတ် အ ဖို့ ဥ ယျာဉ် ပြု လုပ် ၍ ထူး ခြား သော ဘု ရား ဆိုင် ရာ ပျိုး ပင် များ ကို စိုက် သ ဖြင့်၊
Burmese 2021
သင့်ကို ကယ်တင်တော်မူသော ဘုရားသခင်ကို သင်သည်မေ့လျော့၍၊ မိမိခိုလှုံရာကျောက်ကို မိမိမအောက်မေ့သောကြောင့်၊ သာယာသော ပျိုးပင်တို့နှင့်၊ တစ်ကျွန်းတစ်နိုင်ငံ အညွန့်တို့ကိုစိုက်ပျိုး၍၊
Burmese JBZV
သင့္ကို ကယ္တင္ေတာ္မူေသာ ဘုရားသခင္ကို သင္သည္ေမ့ေလ်ာ့၍၊ မိမိခိုလွုံရာေက်ာက္ကို မိမိမေအာက္ေမ့ေသာေၾကာင့္၊ သာယာေသာ ပ်ိဳးပင္တို႔ႏွင့္၊ တစ္ကၽြန္းတစ္နိုင္ငံ အညြန္႔တို႔ကိုစိုက္ပ်ိဳး၍၊
Burmese MCLZV
အို ဣသေရလျပည္၊ သင္သည္မိမိအားကယ္ ဆယ္ေတာ္မူ၍ေက်ာက္တုံးႀကီးသဖြယ္ကြယ္ ကာေတာ္မူေသာဘုရားသခင္ကိုေမ့ေလ်ာ့ ခဲ့ေလၿပီ။ သင္သည္လူမ်ိဳးျခားမ်ား၏ဘုရား ကိုဝတ္ျပဳကိုးကြယ္ရန္အတြက္ မြန္ျမတ္ေသာ အပင္မ်ားကိုစိုက္ပ်ိဳးခဲ့ေပသည္။
Burmese MSBU
သင်သည် သင့်ကိုကယ်တင်တော်မူသောဘုရားသခင်ကို မေ့လျော့၍ သင်၏မှီခိုရာကျောက်ဆောင်ကို မအောက်မေ့။ ထို့ကြောင့် နှစ်သက်ဖွယ်သောအပင်တို့ကိုစိုက်ပျိုးလိမ့်မည်။ တစ်ပါးအမျိုးသား၏စပျစ်ကိုင်းကို စိုက်လိမ့်မည်။
Burmese MSBZ
သင္သည္ သင့္ကိုကယ္တင္ေတာ္မူေသာဘုရားသခင္ကို ေမ့ေလ်ာ့၍ သင္၏မွီခိုရာေက်ာက္ေဆာင္ကို မေအာက္ေမ့။ ထို႔ေၾကာင့္ ႏွစ္သက္ဖြယ္ေသာအပင္တို႔ကိုစိုက္ပ်ိဳးလိမ့္မည္။ တစ္ပါးအမ်ိဳးသား၏စပ်စ္ကိုင္းကို စိုက္လိမ့္မည္။